ဆာလံ 145:12 - Common Language Bible12 ဤနည်းအားဖြင့်လူအပေါင်းတို့သည်ကိုယ်တော် ရှင်၏ မဟာအမှုတော်တို့ကိုလည်းကောင်း၊ နိုင်ငံတော်၏ဘုန်းအသရေတော်ကိုလည်း ကောင်း သိရှိကြပါလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible12 တန် ခိုး ကြီး သော အ မှု တော် များ ကို လည်း ကောင်း၊ နိုင် ငံ တော်၏ ဘုန်း အ သ ရေ ကို လည်း ကောင်း၊ လူ့ သား တို့ သိ သာ ကြ ပါ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible12 တန်ခိုးပါသောအမှုတော်များနှင့် နိုင်ငံတော်၏ဘုန်းအသရေများကို လူသားတို့အား ဖော်ပြကြပါ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 ဤသို့ဖြင့် ကိုယ်တော်၏အစွမ်းတန်ခိုးတော်များနှင့် ကိုယ်တော့်နိုင်ငံ၏ဘုန်းအသရေခန့်ညားထည်ဝါမှုကို လူသားတို့အား သိမြင်စေကြပါလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်၏အစေခံအာဗြဟံ၏အမျိုး အနွယ်တို့၊ ကိုယ်တော်ရွေးကောက်တော်မူသောယာကုပ်၏ သားမြေးတို့၊ သင်တို့သည်ကိုယ်တော်ပြတော်မူသည့် အံ့သြဖွယ်ကောင်းသောနိမိတ်လက္ခဏာတို့ ကိုလည်းကောင်း၊ ကိုယ်တော်ချမှတ်တော်မူသောတရားစီရင်ချက် တို့ကိုလည်းကောင်းအောက်မေ့သတိရကြလော့။
ထိုနောက်ကောင်းကင်မှကျယ်စွာသောအသံ က``ယခုအခါဘုရားသခင်၏ကယ်တင် ခြင်းသက်ရောက်လာလေပြီ။ ယခုအခါ ဘုရားသခင်သည်ဘုရင်ဖြစ်ကြောင်းပြသ တော်မူပြီ။ ခရစ်တော်သည်လည်းသူ၏အာ ဏာတော်စက်ကိုပြတော်မူပြီ။ အဘယ် ကြောင့်ဆိုသော်ငါတို့၏ညီအစ်ကိုများ အားနေ့ရောညဥ့်ပါ ငါတို့၏ဘုရားသခင် ရှေ့တော်တွင် ပြစ်တင်စွပ်စွဲလျက်နေသူကို ကောင်းကင်ဘုံမှနှင်ထုတ်လိုက်ပြီဖြစ်သော ကြောင့်တည်း။-