ဆာလံ 106:2 - မြန်မာ့စံမီသမ္မာကျမ်း2 ထာဝရဘုရား၏အစွမ်းတန်ခိုးတော်များအကြောင်းကို မည်သူထုတ်ဖော်ပြောဆိုနိုင်မည်နည်း။ ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်အပေါင်းကို မည်သူဖော်ပြနိုင်မည်နည်း။ အခန်းကိုကြည့်ပါ။Common Language Bible2 အဘယ်သူသည်ကိုယ်တော်၏အံ့သြဖွယ်ကောင်း သော အမှုတော်အပေါင်းတို့ကိုဖော်ပြနိုင်ပါသနည်း။ အဘယ်သူသည်ကိုယ်တော်၏ဂုဏ်တော်ရှိ သမျှကို ဖော်ကူးနိုင်ပါသနည်း။ အခန်းကိုကြည့်ပါ။Garrad Bible2 ထာ ဝ ရ ဘု ရား ၏ တန် ခိုး တော် မြွက် ဆို ခွင့်၊ ဂုဏ် တော် အ စဉ် ကြား ပြော ခွင့် ကို မည် သူ ရ သ နည်း။ အခန်းကိုကြည့်ပါ။Judson Bible2 ထာဝရဘုရား၏ တန်ခိုးကြီးခြင်းအရာတော်တို့ကို အဘယ်သူပြောနိုင်သနည်း။ ဂုဏ်ကျေးဇူးတော်ကို အဘယ်သူသည် အကုန်အစင်ဖော်ပြနိုင်သနည်း။ အခန်းကိုကြည့်ပါ။ |
အို အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်ပြုတော်မူသောအမှုတည်းဟူသော ကိုယ်တော်၏အံ့ဖွယ်သောအမှုများနှင့် အကျွန်ုပ်တို့အတွက် ကိုယ်တော်၏အကြံအစည်များသည် များပြားလှပါ၏။ ကိုယ်တော်နှင့်နှိုင်းယှဉ်ရမည့်သူမရှိပါ။ ထိုအမှုတို့ကို အကျွန်ုပ်ထုတ်ဖော်၍ပြောဆိုသောအခါ ရေတွက်မကုန်နိုင်အောင် များပြားလှပါ၏။
လေဝိအမျိုး ယေရွှာ၊ ကပ်မျေလ၊ ဗာနိ၊ ဟာရှဗနိ၊ ရှေရဘိ၊ ဟောဒိယ၊ ရှေဗနိ၊ ပေသဟိတို့က “မတ်တတ်ရပ်၍ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို အစဉ်အမြဲကောင်းချီးထောမနာပြုကြလော့။ ဘုန်းကြီးသောနာမတော်ကို ကောင်းချီးထောမနာပြုကြလော့။ ဂုဏ်ပြုခြင်း၊ ချီးမွမ်းခြင်းရှိသမျှတို့ထက် ချီးမြှောက်ကြလော့။