ထာဝရအရှင်ဘုရားသခင်ကလည်း မိန်းမအား “သင်ပြုသောဤအမှုကား မည်သို့နည်း”ဟု မိန့်တော်မူလျှင် မိန်းမက “မြွေသည် အကျွန်ုပ်ကိုလှည့်စား၍ အကျွန်ုပ်စားမိပါသည်”ဟု လျှောက်လေ၏။
ဆာလံ 140:3 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် မိမိတို့လျှာကို မြွေ၏လျှာကဲ့သို့ ချွန်ထက်စေတတ်ကြပါ၏။ သူတို့၏နှုတ်ခမ်းအောက်တွင် မြွေဆိုး၏အဆိပ်ရှိပါ၏။(စေလာ) Common Language Bible သူတို့၏လျှာသည်အဆိပ်ပြင်းသောမြွေနှင့်တူ၍ သူတို့၏စကားသည်မြွေဟောက်၏ အဆိပ်နှင့်တူပါ၏။ Garrad Bible သူ တို့ လျှာ ကို မြွေ သ ဖွယ် ထက် စေ လျက်၊ နှုတ် ခမ်း အ တွင်း မြွေ ပွေး အ ဆိပ် ရှိ ပါ၏။ Judson Bible သူတို့သည်မြွေကဲ့သို့ မိမိတို့လျှာကိုသွေးတတ်ကြပါ၏။ သူတို့နှုတ်ခမ်းအထဲမှာ မြွေဆိုးအဆိပ်အတောက်ရှိပါ၏။ |
ထာဝရအရှင်ဘုရားသခင်ကလည်း မိန်းမအား “သင်ပြုသောဤအမှုကား မည်သို့နည်း”ဟု မိန့်တော်မူလျှင် မိန်းမက “မြွေသည် အကျွန်ုပ်ကိုလှည့်စား၍ အကျွန်ုပ်စားမိပါသည်”ဟု လျှောက်လေ၏။
ငါ၏စိတ်ဝိညာဉ်သည် ခြင်္သေ့တို့အလယ်၌ရှိ၏။ အငမ်းမရဝါးမျိုတတ်သည့် လူသားတို့အလယ်၌ ငါလဲလျောင်းနေ၏။ သူတို့၏သွားသည် လှံနှင့်မြားကဲ့သို့ဖြစ်၏။ သူတို့၏လျှာသည်လည်း ထက်သောဓားကဲ့သို့ဖြစ်၏။
သူတို့၏အဆိပ်သည် မြွေ၏အဆိပ်နှင့်တူ၏။ သူတို့သည် ဂါထာမန္တန်ကို ကျွမ်းကျင်စွာမန်းမှုတ်တတ်သော အလမ္ပာယ်ဆရာ၏အသံကိုမကြားအောင် မိမိနားကိုပိတ်ထားသည့် နားမကြားသော မြွေဟောက်နှင့်တူကြ၏။
သူတို့သည် မိမိတို့ပါးစပ်ဖြင့် မြွက်ဟကြပါ၏။ သူတို့၏နှုတ်ခမ်း၌ ဓားများရှိပါ၏။ သူတို့က “မည်သူကြားသနည်း”ဟု ဆိုကြပါ၏။
ဓားနှင့်ထိုးသကဲ့သို့ မဆင်မခြင်ပြောဆိုတတ်သောသူရှိ၏။ ပညာရှိသောသူတို့၏စကားမူကား ဒဏ်ရာဒဏ်ချက်ကို ပျောက်ကင်းစေတတ်၏။
ဖောက်ပြန်လွဲမှားသောစိတ်နှလုံးဖြင့် မကောင်းမှုကိုတွေးတောကြံစည်လျက် ငြင်းခုံရန်တွေ့ခြင်းကို အစဉ်အမြဲဖြစ်ပွားစေတတ်၏။
ထာဝရဘုရားကိုပြစ်မှားကြ၏။ ငြင်းပယ်ကြ၏။ ဘုရားသခင်နောက်တော်သို့လိုက်ခြင်းမှ ပြန်ဆုတ်သွားကြ၏။ ဖိနှိပ်ချုပ်ချယ်ခြင်း၊ ဆန့်ကျင်ပုန်ကန်ခြင်းအကြောင်းကို ပြောဆိုကြ၏။ စိတ်နှလုံးထဲ၌သန္ဓေတည်နေသော မုသားစကားကို မြွက်ဆိုကြ၏။
“သူတို့သည် မုသားလေးကို မိမိတို့လျှာပေါ် တင်ကြ၏။ တိုင်းပြည်တွင် သစ္စာတရားမလွှမ်းမိုးနိုင်။ သူတို့သည် မကောင်းမှုကိုတစ်ခုပြီးတစ်ခုပြုကြ၏။ ငါ့ကိုကား အသိအမှတ်မပြုကြ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
လူတိုင်း မိမိအိမ်နီးချင်းကိုလှည့်စားကြ၏။ မှန်မှန်ကန်ကန်မပြောဆိုကြ။ သူတို့၏လျှာကို မုသားပြောဆိုရန် လေ့ကျင့်ထားကြပြီ။ ဒုစရိုက်ကိုပြုခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ်ပင်ပန်းစေကြ၏။
အကျွန်ုပ်ကို ရန်ပြုသောသူတို့သည် တစ်နေ့လုံး တီးတိုးပြောဆို၍ အကျွန်ုပ်ကို မကောင်းကြံစည်ကြပါ၏။
မြွေဆိုးအမျိုးတို့၊ သင်တို့သည် မကောင်းသောသူများဖြစ်ကြလျက် ကောင်းသောအရာကို မည်သို့ပြောဆိုနိုင်မည်နည်း။ အကြောင်းမူကား စိတ်နှလုံး၌ပြည့်လျှံနေသည့်အရာကို နှုတ်ကပြောဆိုတတ်၏။
သို့သော် မြွေသည် မိမိ၏ပရိယာယ်အားဖြင့် ဧဝကိုလှည့်ဖြားသကဲ့သို့ အကြောင်းတစ်စုံတစ်ခုကြောင့် သင်တို့၏စိတ်နှလုံးသည် ခရစ်တော်အပေါ်၌ထားရှိသော ရိုးသားဖြူစင်ခြင်းမှသွေဖည်သွားမည်ကို ငါစိုးရိမ်၏။