ငါ့နာမတည်ရန် ငါ့အဖို့ ငါရွေးချယ်ရာနေရာ ဂျေရုဆလင်မြို့တွင် ငါ့အစေအပါး ဒါဝိဒ်မင်းကြီး၏မီးခွက်သည် ငါ့ရှေ့မှောက်တွင် အစဉ်အမြဲလင်းနေစေရန် ရှောလမုန်မင်းကြီး၏သားတော်ကို မျိုးနွယ်တစ်နွယ် ငါပေးမည်။
ဆာလံ 132:17 - မြန်မာ့စံမီသမ္မာကျမ်း ထိုအရပ်၌ ဒါဝိဒ်အတွက် ဦးချိုကို ငါပေါက်စေမည်။ ငါဘိသိက်ပေးထားသောသူအတွက် မီးခွက်ကို ငါပြင်ဆင်ပြီ။ Common Language Bible ငါသည်ဤမြို့တွင်ဒါဝိဒ်၏သားမြေးတစ်ဦးကို ကြီးမြတ်သည့်ဘုရင်အဖြစ်ဖြင့်ခန့်ထားမည်။ ဤမြို့တွင်ငါရွေးချယ်သည့်ဘုရင်၏အာဏာ စက်ကို တည်စေမည်။ Garrad Bible ထို ဌာ န ၌ ဒါ ဝိဒ်၏ ဦး ချို ကို ငါ တိုး တက် စေ လျက်၊ ဘိ သိက် တော် ခံ မင်း အ ဖို့ မီး ခွက် ကို ပြင် ဆင် မည်။ Judson Bible ထိုမြို့၌ ဒါဝိဒ်၏ဦးချိုကို ငါပေါက်စေမည်။ ငါ့ထံ၌ ဘိသိက်ခံသောသူဖို့ မီးခွက်ကို ငါပြင်ဆင်ပြီ။ |
ငါ့နာမတည်ရန် ငါ့အဖို့ ငါရွေးချယ်ရာနေရာ ဂျေရုဆလင်မြို့တွင် ငါ့အစေအပါး ဒါဝိဒ်မင်းကြီး၏မီးခွက်သည် ငါ့ရှေ့မှောက်တွင် အစဉ်အမြဲလင်းနေစေရန် ရှောလမုန်မင်းကြီး၏သားတော်ကို မျိုးနွယ်တစ်နွယ် ငါပေးမည်။
သို့သော် သူ၏ဘုရားသခင်ထာဝရဘုရားသည် ဒါဝိဒ်မင်းကြီးကိုထောက်ထား၍ ဂျေရုဆလင်မြို့တွင် ဒါဝိဒ်မင်းကြီး၏မီးခွက်ဆက်လက်လင်းနေစေရန် သူ၏သားတော်အား သူ၏အရိုက်အရာကိုဆက်ခံစေသည့်အပြင် ဂျေရုဆလင်မြို့ကိုလည်း တည်မြဲစေခဲ့၏။
သို့သော် ထာဝရဘုရားသည် မိမိ၏အစေအပါးဒါဝိဒ်မင်းကြီးကိုထောက်၍ သူနှင့် သူ့သားမြေးတို့၏မီးခွက်ကို အစဉ်ထွန်းလင်းစေမည်ဟု ကတိထားသည်နှင့်အညီ ယုဒပြည်ကို ဖျက်ဆီးရန် အလိုတော်မရှိပေ။
သို့သော် ထာဝရဘုရားသည် ဒါဝိဒ်မင်းကြီးနှင့်ပြုထားသောပဋိညာဉ်ကိုထောက်၍ သူနှင့်သူ့သားမြေးတို့၏မီးခွက်ကို အစဉ်ထွန်းလင်းစေမည်ဟု ကတိထားသည်နှင့်အညီ ဒါဝိဒ်မင်းမျိုးမင်းနွယ်ကိုဖျက်ဆီးရန် အလိုတော်မရှိပေ။
ကိုယ်တော်သည် မိမိ၏လူမျိုးတော်အတွက် ဦးချိုကိုချီးမြှောက်တော်မူ၏။ ၎င်းသည် မိမိ၏သန့်ရှင်းသူအားလုံးအတွက်၊ မိမိအနီးတွင်ရှိသည့်လူမျိုးတည်းဟူသော အစ္စရေးအမျိုးသားတို့အတွက် ချီးမွမ်းရာဖြစ်၏။ ဟာလေလုယ။
ငါသည် သူ၏လက်ကို ပင်လယ်ပေါ်တွင်လည်းကောင်း၊ သူ၏လက်ယာလက်ကို မြစ်တို့အပေါ်တွင်လည်းကောင်း တည်စေမည်။
ကိုယ်တော်သည် အကျွန်ုပ်၏ဦးချိုကို နွားရိုင်းဦးချိုကဲ့သို့ချီးမြှောက်၍ သန့်စင်ကောင်းမွန်သောဆီဖြင့် အကျွန်ုပ်ကို ဘိသိက်ပေးတော်မူ၏။
ဘုရားရှင်ထာဝရဘုရားက ‘ထိုနေ့ရက်တွင် အစ္စရေးအမျိုးအနွယ်၏ဦးချိုကို ငါပေါက်စေမည်။ သူတို့အလယ်တွင် သင့်ကို ငါဟောပြောခွင့်ပေးမည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
မိမိ၏ရှေးသန့်ရှင်းသောပရောဖက်များ၏နှုတ်အားဖြင့် မိန့်တော်မူခဲ့သည့်အတိုင်း ငါတို့အတွက် ကယ်တင်ခြင်းဦးချိုကို ကိုယ်တော်၏အစေခံဒါဝိဒ်အမျိုးအနွယ်တွင် ပေါ်ထွန်းစေတော်မူပြီ။
ထာဝရဘုရားကို ဆန့်ကျင်ဖက်ပြိုင်သောသူတို့သည် ကျိုးပဲ့ကြေမွရလိမ့်မည်။ ကိုယ်တော်သည် သူတို့အပေါ် ကောင်းကင်မှမိုးကြိုး ကျစေတော်မူမည်။ ထာဝရဘုရားသည် မြေကြီးစွန်းတိုင်အောင် စစ်ကြောစီရင်တော်မူမည်။ မိမိရှင်ဘုရင်အား အစွမ်းသတ္တိကိုပေးတော်မူမည်။ မိမိဘိသိက်ပေးထားသောသူ၏ဦးချိုကို ချီးမြှောက်တော်မူလိမ့်မည်”ဟု ချီးမွမ်းဆုတောင်းလေ၏။