ထာဝရဘုရား၏နာမတော်၌ ကြွလာတော်မူသောအရှင်သည် မင်္ဂလာရှိစေသတည်း။ အကျွန်ုပ်တို့သည် ကိုယ်တော်ကို ထာဝရဘုရား၏အိမ်တော်ထဲမှ ကောင်းချီးထောမနာပြုကြပါ၏။
ဆာလံ 128:5 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် သင့်ကို ဇိအုန်မှ ကောင်းချီးပေးတော်မူပါစေသော။ သင်သည် အသက်ရှင်သမျှကာလပတ်လုံး ဂျေရုဆလင်မြို့၏ကောင်းကျိုးချမ်းသာကို တွေ့မြင်ရပါစေသော။ Common Language Bible ဇိအုန်တောင်တော်ပေါ်မှထာဝရဘုရားသည် သင့်ကိုကောင်းချီးမင်္ဂလာပေးတော်မူပါစေသော။ သင်သည်အသက်ရှင်သမျှကာလပတ်လုံး ယေရုရှလင်မြို့၏ဝပြောစည်ပင်နေသည်ကို တွေ့မြင်ရပါစေသော။ Garrad Bible တစ် သက် ပတ် လုံး ယေ ရု ရှ လင် မြို့ ချမ်း သာ ခြင်း ကို ရှု ခွင့်၊ သား မြေး တို့ အား မြင် ခွင့် ကောင်း ကြီး မင်္ဂ လာ ကို၊ ဇိ အုန် မြို့ မှ ထာဝ ရ ဘု ရား ပေး တော် မူ ပါ စေ သော။ ဣ သ ရေ လ လူ မျိုး ၌ ရန် ငြိမ်း ခြင်း တည် ရှိ ပါ စေ သော။ Judson Bible ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်က ကောင်းချီးပေးတော်မူ၍၊ ယေရုရှလင်မြို့ခံရသော ကောင်းကျိုးကို တစ်သက်လုံးမြင်ရလိမ့်မည်။ |
ထာဝရဘုရား၏နာမတော်၌ ကြွလာတော်မူသောအရှင်သည် မင်္ဂလာရှိစေသတည်း။ အကျွန်ုပ်တို့သည် ကိုယ်တော်ကို ထာဝရဘုရား၏အိမ်တော်ထဲမှ ကောင်းချီးထောမနာပြုကြပါ၏။
“သင့်ကိုမြတ်နိုးသောသူတို့သည် ကောင်းစားကြပါစေသော။ သင်၏တံတိုင်းအတွင်း၌ ငြိမ်းချမ်းသာယာခြင်းရှိပါစေသော။ သင်၏ခံတပ်များအတွင်း၌ လုံခြုံစိတ်ချမှုရှိပါစေသော”ဟု ဂျေရုဆလင်မြို့၏ငြိမ်းချမ်းသာယာခြင်းအတွက် ဆုတောင်းကြလော့။
ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူသော ထာဝရဘုရားသည် ဇိအုန်မှ သင့်ကိုကောင်းချီးပေးတော်မူပါစေသော။
ဂျေရုဆလင်မြို့တွင် ကိန်းဝပ်တော်မူသောထာဝရဘုရားသည် ဇိအုန်၌ မင်္ဂလာရှိတော်မူ၏။ ဟာလေလုယ။
ကိုယ်တော်သည် သင့်အတွက်ကူညီမစမှုကို သန့်ရှင်းရာဌာနတော်ထဲမှစေလွှတ်၍ သင့်ကို ဇိအုန်မှ ဖေးမတော်မူပါစေသော။
သင်၏ပူဇော်သက္ကာအားလုံးကိုအောက်မေ့၍ သင်၏မီးရှို့ရာယဇ်ကို လက်ခံတော်မူပါစေသော။(စေလာ)
လူများစွာတို့သည်လာကြ၍ “လာကြလော့။ ထာဝရဘုရား၏တောင်တော်၊ ယာကုပ်၏ဘုရားသခင့်အိမ်တော်သို့ တက်ကြကုန်စို့။ ကိုယ်တော်သည် မိမိ၏နည်းလမ်းတော်တို့ကို ငါတို့အားသွန်သင်တော်မူ၍ ငါတို့သည် ကိုယ်တော်၏လမ်းတော်၌ လျှောက်လှမ်းကြမည်”ဟု ဆိုကြလိမ့်မည်။ ပညတ်တရားသည် ဇိအုန်တောင်မှ ထွက်ပေါ်လာလိမ့်မည်။ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဂျေရုဆလင်မြို့မှ ထွက်ပေါ်လာလိမ့်မည်။
ငါတို့ပွဲတော်မြို့ဖြစ်သည့် ဇိအုန်မြို့ကိုကြည့်ရှုလော့။ အပြောင်းအရွှေ့မရှိသောတဲဖြစ်သည့် ငြိမ်းအေးရာဂျေရုဆလင်မြို့ကို သင်သည် ကိုယ့်မျက်စိနှင့် မြင်ရလိမ့်မည်။ ထိုတဲ၏တိုင်များသည် မည်သည့်အခါမျှ ဆွဲနုတ်ခြင်းခံရမည်မဟုတ်။ ကြိုးများသည်လည်း တစ်ချောင်းမျှဖြတ်တောက်ခြင်းခံရမည်မဟုတ်။
အထက်ကောင်းကင်အရပ်တွင်ရှိသော ဝိညာဉ်ရေးဆိုင်ရာကောင်းချီးမင်္ဂလာအပေါင်းတို့ဖြင့် ငါတို့ကို ခရစ်တော်၌ ကောင်းချီးပေးတော်မူသည့် ငါတို့သခင်ယေရှုခရစ်တော်၏ခမည်းတော်ဖြစ်တော်မူသော ဘုရားသခင်သည် မင်္ဂလာရှိပါစေသော။