ကိုယ်တော်သည် မိမိခန့်ထားသောရှင်ဘုရင်အား ကြီးမားသောအောင်ပွဲများကိုခံစေပြီး မိမိဘိသိက်ပေးထားသောဒါဝိဒ်နှင့် သူ၏အမျိုးအနွယ်အား မေတ္တာကရုဏာတော်ကို ကာလအစဉ်အဆက်ပြတော်မူ၏။
ဆာလံ 126:3 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် ငါတို့အတွက် ကြီးမြတ်သောအမှုကိုပြုတော်မူပြီ။ ငါတို့သည် ဝမ်းမြောက်ကြ၏။ Common Language Bible ကိုယ်တော်သည်အမှန်ပင်ငါတို့အတွက် ကြီးမြတ်သောအမှုကိုပြုတော်မူပြီ။ ငါတို့သည်အလွန်ရွှင်လန်းဝမ်းမြောက်ခဲ့ ကြ ပါသည်တကား။ Garrad Bible ငါ တို့ အ ဖို့ တန် ခိုး ကြီး သော အ မှု များ ကို ထာ ဝ ရ ဘု ရား ပြု တော် မူ ခဲ့ သည့် အ လျောက်၊ ငါ တို့ ဝမ်း မြောက် ရ ကြ ၏။ Judson Bible ထာဝရဘုရားသည် ငါတို့အဖို့ ကြီးသောအမှုကိုပြုတော်မူပြီ။ ငါတို့သည်လည်း ဝမ်းမြောက်လျက်နေကြ၏။ |
ကိုယ်တော်သည် မိမိခန့်ထားသောရှင်ဘုရင်အား ကြီးမားသောအောင်ပွဲများကိုခံစေပြီး မိမိဘိသိက်ပေးထားသောဒါဝိဒ်နှင့် သူ၏အမျိုးအနွယ်အား မေတ္တာကရုဏာတော်ကို ကာလအစဉ်အဆက်ပြတော်မူ၏။
ကိုယ်တော်ကိုကြောက်ရွံ့သောသူတို့အတွက် သိုမှီးထား၍ ကိုယ်တော်ကိုခိုလှုံသောသူတို့အတွက် လူသားတို့ရှေ့တွင်ပြုတော်မူသော ကိုယ်တော်၏ကောင်းမြတ်ခြင်းသည် ကြွယ်ဝလှပါ၏။
ဘုရားရှင်က “ငါသည် သူတို့ကို ဗာရှန်ပြည်မှ ပြန်ခေါ်လာမည်။ ပင်လယ်၏ရေနက်ရာအရပ်မှ ပြန်ခေါ်လာမည်။
ထိုနေ့ရက်၌ လူတို့က “ကြည့်ရှုလော့။ ဤအရှင်ကား ငါတို့၏ဘုရားသခင်ပေတည်း။ ငါတို့သည် ကိုယ်တော်ကိုစောင့်မျှော်၍ ကိုယ်တော်သည် ငါတို့ကိုကယ်တင်တော်မူ၏။ ဤအရှင်ကား ငါတို့စောင့်မျှော်သော ထာဝရဘုရားပေတည်း။ ငါတို့သည် ကိုယ်တော်၏ကယ်တင်ခြင်းကြောင့် ရွှင်လန်းဝမ်းမြောက်ကြကုန်စို့”ဟု ဆိုကြလိမ့်မည်။
ထိုသို့ သင်တို့တွေ့မြင်သောအခါ သင်တို့၏စိတ်နှလုံးသည် ဝမ်းမြောက်လိမ့်မည်။ သင်တို့၏အရိုးများသည်လည်း မြက်ကဲ့သို့ သန်လိမ့်မည်။ ထာဝရဘုရား၏လက်တော်သည် မိမိအစေအပါးတို့ထံ ထင်ရှားမည်။ မိမိ၏ရန်သူတို့ကိုမူ အမျက်ထွက်တော်မူမည်။
မြောက်ပိုင်းရန်သူကို သင်တို့နှင့်ဝေးစေမည်။ သူ့ကို လူသူကင်းမဲ့၍ တိတ်ဆိတ်သောပြည်သို့ နှင်ထုတ်မည်။ သူ၏တပ်ဦးစစ်သည်ကို အရှေ့ပင်လယ်ထဲသို့လည်းကောင်း၊ သူ၏နောက်ရံစစ်သည်ကို အနောက်ပင်လယ်ထဲသို့လည်းကောင်း နှင်ထုတ်မည်။ သူ့ထံမှအပုပ်နံ့၊ အသိုးနံ့တို့ ထွက်လိမ့်မည်။ အကြောင်းမူကား သူသည် အမှုကြီးကို ပြုလေပြီ”ဟု ပြန်လည်မိန့်ဆိုတော်မူမည်။
အို ပြည်တော်၊ မကြောက်ရွံ့နှင့်။ ဝမ်းမြောက်ရွှင်လန်းလော့။ ထာဝရဘုရားသည် ကြီးမြတ်သောအမှုကို ပြုတော်မူလေပြီ။
အဘယ်ကြောင့်ဆိုသော် တန်ခိုးနှင့်ပြည့်စုံတော်မူသောအရှင်သည် ကြီးမားသောအမှုတို့ကို ငါ့အတွက်ပြုတော်မူပြီ။ ကိုယ်တော်၏နာမတော်သည် သန့်ရှင်းတော်မူ၏။
ထို့နောက် ကောင်းကင်မှကျယ်လောင်သောအသံက “ငါတို့ဘုရားသခင်၏ကယ်တင်ခြင်း၊ တန်ခိုးတော်၊ နိုင်ငံတော်နှင့် ကိုယ်တော်၏ခရစ်တော်၌ရှိသောအာဏာစက်တို့သည် ယခုပေါ်ထွန်းလေပြီ။ အကြောင်းမူကား ငါတို့၏ညီအစ်ကိုများကိုစွပ်စွဲသောသူတည်းဟူသော ငါတို့ဘုရားသခင်၏ရှေ့တော်၌ နေ့ရောညပါ သူတို့ကိုစွပ်စွဲသောသူသည် ပစ်ချခြင်းခံရလေပြီ။