ထာဝရဘုရားသည် ငါ့ဘက်၌ရှိတော်မူ၏။ ငါသည် ကြောက်ရွံ့မည်မဟုတ်။ လူသည် ငါ့ကို မည်သို့ပြုနိုင်မည်နည်း။
ဆာလံ 112:8 - မြန်မာ့စံမီသမ္မာကျမ်း သူ၏စိတ်နှလုံးသည် တည်ငြိမ်သည်ဖြစ်၍ သူသည် မိမိ၏ရန်သူတို့ကို အပေါ်စီးမှကြည့်မြင်ရသည်အထိ ကြောက်ရွံ့ခြင်းရှိလိမ့်မည်မဟုတ်။ Common Language Bible သူသည်စိုးရိမ်ပူပန်မှုနှင့်သော်လည်းကောင်း၊ ကြောက်လန့်မှုနှင့်သော်လည်းကောင်းကင်း၏။ မိမိ၏ရန်သူများအရေးရှုံးနိမ့်သည်ကိုမုချ တွေ့မြင်ရလိမ့်မည်။ Garrad Bible သူ့ စိတ် နှ လုံး ခိုင် ခံ့ သည့် အ လျောက်၊ ရန် ဘက် ပြု သူ တို့ ကို စီး ကြည့် ၍ အား မ ရ မီ၊ ကြောက် ရွံ့ ခြင်း မ ရှိ ရ။ Judson Bible သူ၏စိတ်နှလုံးသည် မြဲမြံသည်ဖြစ်၍၊ ရန်သူတို့၌ အားမရမီတိုင်အောင်၊ ကြောက်ခြင်းနှင့် လွတ်လိမ့်မည်။ |
ထာဝရဘုရားသည် ငါ့ဘက်၌ရှိတော်မူ၏။ ငါသည် ကြောက်ရွံ့မည်မဟုတ်။ လူသည် ငါ့ကို မည်သို့ပြုနိုင်မည်နည်း။
ထာဝရဘုရားသည် ငါ့ကိုကူညီမစသောအရှင်အဖြစ် ငါ့ဘက်၌ရှိတော်မူသည်ဖြစ်၍ ငါ့ကိုမုန်းသောသူတို့ကို အပေါ်စီးမှ ငါကြည့်မြင်ရလိမ့်မည်။
ထာဝရဘုရားကို စောင့်မျှော်လော့။ အားယူ၍ သင်၏စိတ်နှလုံးကိုရဲရင့်စေလော့။ ထာဝရဘုရားကို စောင့်မျှော်လော့။
ထာဝရဘုရားကိုမျှော်လင့်ကိုးစားသူအပေါင်းတို့၊ အားယူ၍ သင်တို့စိတ်နှလုံးကိုရဲရင့်စေကြလော့။
ထာဝရဘုရားကိုစောင့်မျှော်၍ ကိုယ်တော်၏လမ်းကို စောင့်ထိန်းလော့။ သို့ပြုလျှင် သင်သည် ပြည်တော်ကိုအမွေဆက်ခံရရန် ကိုယ်တော်သည် သင့်ကိုချီးမြှောက်တော်မူလိမ့်မည်။ ဆိုးယုတ်သောသူတို့ဖယ်ရှားခြင်းခံရသည်ကို သင်မြင်ရလိမ့်မည်။
ထိုသူတို့သည် မိမိတို့၏ဥစ္စာပစ္စည်းကိုကိုးစား၍ မိမိတို့၏ဓနဥစ္စာကြွယ်ဝမှု၌ ဂုဏ်ယူဝါကြွားကြ၏။
အကျွန်ုပ်၏မေတ္တာကရုဏာရှင် ဘုရားသခင်သည် အကျွန်ုပ်ကိုကြိုဆိုတော်မူလိမ့်မည်။ ဘုရားသခင်သည် အကျွန်ုပ်အား ရန်သူတို့ကို အပေါ်စီးမှကြည့်မြင်ရသောအခွင့်ကို ပေးတော်မူလိမ့်မည်။
သင်သည် ဆိုးယုတ်သောသူတို့အပေါ် ကျရောက်သည့်ပြစ်ဒဏ်ကို သင့်မျက်စိဖြင့်ကြည့်၍ မြင်ရုံမျှသာဖြစ်လိမ့်မည်။
အကျွန်ုပ်၏မျက်စိသည် အကျွန်ုပ်ရန်သူတို့၏အဖြစ်ကိုမြင်ရပါ၏။ အကျွန်ုပ်၏နားသည်လည်း အကျွန်ုပ်ကိုဆန့်ကျင်လျက်ထကြွသည့် ဆိုးညစ်သောအမှုကိုပြုသောသူတို့၏အဖြစ်ကို ကြားရပါ၏။
ထာဝရဘုရား၏ကျိန်ခြင်းသည် ဆိုးယုတ်သောသူ၏အိမ်ပေါ်သို့သက်ရောက်၏။ သို့သော် ကိုယ်တော်သည် ဖြောင့်မတ်သောသူတို့၏အိမ်ကို ကောင်းချီးပေးတော်မူ၏။
ထူးခြားသောသွန်သင်ချက်အမျိုးမျိုးနောက်သို့ လိုက်ပါမသွားကြနှင့်။ အကြောင်းမူကား စားစရာအားဖြင့်မဟုတ်ဘဲ ကျေးဇူးတော်အားဖြင့် စိတ်နှလုံးကိုတည်မြဲစေခြင်းသည် ကောင်းမြတ်ပေ၏။ စားစရာအားဖြင့် အသက်ရှင်လျှောက်လှမ်းသောသူတို့သည် အကျိုးကိုမရရှိကြပေ။