ဆာလံ 118:7 - မြန်မာ့စံမီသမ္မာကျမ်း7 ထာဝရဘုရားသည် ငါ့ကိုကူညီမစသောအရှင်အဖြစ် ငါ့ဘက်၌ရှိတော်မူသည်ဖြစ်၍ ငါ့ကိုမုန်းသောသူတို့ကို အပေါ်စီးမှ ငါကြည့်မြင်ရလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible7 ငါ့ကိုကူမတော်မူသောအရှင်သည် ထာဝရဘုရားဖြစ်တော်မူသဖြင့် ငါသည်ရန်သူများအရေးရှုံးနိမ့်ကြ သည်ကို မြင်ရလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible7 ထာ ဝ ရ ဘု ရား သည်၊ ထောက် မ သော အ ရှင် ဖြစ် တော် မူ သည့် အ လျောက်၊ မုန်း ထား သူ တို့ ကို ငါ စီး ကြည့် ၍ အား ရ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible7 ထာဝရဘုရားသည် ငါ့ဘက်၌ မစတော်မူသည်ဖြစ်၍၊ ငါ့ကို မုန်းသောသူတို့၌ ငါ့အလို ပြည့်စုံလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထိုအခါ စစ်သူရဲသုံးဆယ်အုပ် အာမသဲအပေါ် ဝိညာဉ်တော်သက်ရောက်လာပြီး “အို ဒါဝိဒ်၊ အကျွန်ုပ်တို့ကို အသင်ပိုင်ပါ၏။ ယေရှဲ၏သား၊ သင်နှင့်အတူ အကျွန်ုပ်တို့ ရှိပါ၏။ သင်၌ ငြိမ်သက်ခြင်း ရှိပါစေသော။ ငြိမ်သက်ခြင်း ရှိပါစေသော။ သင့်ကို ကူညီသူတို့လည်း ငြိမ်သက်ခြင်း ရှိပါစေသော။ သင်၏ဘုရားသခင်သည် သင့်ကို မစတော်မူလိမ့်မည်”ဟု ဆို၏။ ထိုအခါ ဒါဝိဒ်သည် သူတို့ကိုလက်ခံပြီး စစ်ဗိုလ်များအဖြစ် ခန့်ထားလေ၏။