Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဆာ​လံ 112:8 - Common Language Bible

8 သူ​သည်​စိုး​ရိမ်​ပူ​ပန်​မှု​နှင့်​သော်​လည်း​ကောင်း၊ ကြောက်​လန့်​မှု​နှင့်​သော်​လည်း​ကောင်း​ကင်း​၏။ မိ​မိ​၏​ရန်​သူ​များ​အ​ရေး​ရှုံး​နိမ့်​သည်​ကို​မု​ချ တွေ့​မြင်​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 သူ့ စိတ် နှ လုံး ခိုင် ခံ့ သည့် အ လျောက်၊ ရန် ဘက် ပြု သူ တို့ ကို စီး ကြည့် ၍ အား မ ရ မီ၊ ကြောက် ရွံ့ ခြင်း မ ရှိ ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 သူ၏​စိတ်​နှ​လုံး​သည် မြဲ​မြံ​သည်​ဖြစ်၍၊ ရန်​သူ​တို့၌ အား​မ​ရ​မီ​တိုင်​အောင်၊ ကြောက်​ခြင်း​နှင့် လွတ်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 သူ​၏​စိတ်နှလုံး​သည် တည်ငြိမ်​သည်​ဖြစ်၍ သူ​သည် မိမိ​၏​ရန်သူ​တို့​ကို အပေါ်စီး​မှ​ကြည့်မြင်​ရ​သည်​အထိ ကြောက်ရွံ့​ခြင်း​ရှိ​လိမ့်မည်​မ​ဟုတ်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 112:8
11 ပူးပေါင်းရင်းမြစ်များ  

ငါ့​ကို​ကူ​မ​တော်​မူ​သော​အ​ရှင်​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​သ​ဖြင့် ငါ​သည်​ရန်​သူ​များ​အ​ရေး​ရှုံး​နိမ့်​ကြ သည်​ကို မြင်​ရ​လိမ့်​မည်။


သူ​ယုတ်​မာ​တို့​အ​ဘယ်​သို့​အ​ပြစ်​ဒဏ်​သင့်​ကြ သည်​ကို သင်​သည်​ဒိ​ဌ​မြင်​ရ​လိမ့်​မည်။


ငါ​၏​ဘု​ရား​သည်​ငါ့​ကို​ချစ်​၍​ငါ့​ထံ​သို့ ကြွ​လာ​တော်​မူ​လိမ့်​မည်။ ငါ​၏​ရန်​သူ​များ​အ​ရေး​ရှုံး​နိမ့်​ကြ​သည်​ကို ငါ့​အား တွေ့​မြင်​ခွင့်​ကို​ပေး​တော်​မူ​လိမ့်​မည်။


ထာ​ဝ​ရ​ဘု​ရား​အား​စောင့်​မျှော်​ကြ​သူ​အ​ပေါင်း တို့၊ ကြံ့​ခိုင်​မှု​ရှိ​၍​ရဲ​ရင့်​ကြ​ကုန်​လော့။


သင်​တို့​သည်​လမ်း​လွဲ​၍​ကွဲ​လွဲ​ထူး​ခြား​သော အ​ယူ​ဝါ​ဒ​အ​မျိုး​မျိုး​တို့​ဆွဲ​ဆောင်​ရာ​သို့ လိုက်​ပါ​မ​သွား​ကြ​နှင့်။ အ​စား​အ​စာ​နှင့် ဆိုင်​သော​ပ​ညတ်​များ​ကို​စောင့်​ထိန်း​ခြင်း မ​ဟုတ်​ဘဲ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် မှ​ငါ​တို့​ဝိ​ညာဉ်​ခွန်​အား​ရ​ရှိ​လျှင်​ကောင်း ပေ​၏။ ထို​ပ​ညတ်​များ​ကို​စောင့်​ထိန်း​သူ တို့​သည်​ကောင်း​ကျိုး​ကို​မ​ခံ​ရ​ကြ​ပေ။


မတရားသောသူ၏ နေရာသည်ထာဝရဘုရား ကျိန်တော်မူခြင်းကို တွေ့တတ်၏။ တရားသောသူ၏ နေရာကို ကားကောင်းကြီးပေးတော်မူ၏။


ရန်​သူ​တို့​အ​ရေး​ရှုံး​နိမ့်​ကြ​သည်​ကို​ကျွန်​တော်​မျိုး မြင်​ရ​ပါ​ပြီ။ သူ​ယုတ်​မာ​တို့​ငို​ကြွေး​သံ​ကို​ကြား​ရ​ပါ​ပြီ။


ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​စား​လော့။ စိတ်​မ​ပျက်​နှင့်၊ယုံ​ကြည်​ခြင်း​ရှိ​လော့။ ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​စား​လော့။


ထာ​ဝ​ရ​ဘု​ရား​ကို​မျှော်​ကိုး​လျက်​ပ​ညတ်​တော် တို့​ကို စောင့်​ထိန်း​လော့။ ကိုယ်​တော်​သည်​သင့်​အား​ပြည်​တော်​ကို ပိုင်​ဆိုင်​ရ​သော​အ​ခွင့်​နှင့်​ချီး​မြှင့်​တော်​မူ လိမ့်​မည်။ သင်​သည်​သူ​ယုတ်​မာ​တို့​ပြည်​နှင်​ဒဏ် သင့်​ကြ​သည်​ကို​မြင်​ရ​လိမ့်​မည်။


ထို​သူ​တို့​သည်​မိ​မိ​တို့​၏​စည်း​စိမ်​ဥစ္စာ​ကို ယုံ​ကြည်​အား​ကိုး​သူ​များ၊ချမ်း​သာ​ကြွယ်​ဝ​မှု​ကို ကြွား​ဝါ​သူ​များ​ဖြစ်​ပေ​သည်။


ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​နှင့်​အ​တူ ရှိ​တော်​မူ​သည်​ဖြစ်​၍ ငါ​သည်​ကြောက်​လန့်​လိမ့်​မည်​မ​ဟုတ်။ လူ​သည် ငါ့​ကို​အ​ဘယ်​သို့​ပြု​နိုင်​ပါ​သနည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ