သင့်အသက်တာသည်လည်း မွန်းတည့်ချိန်ထက် ထွန်းလင်း၍ မှောင်မိုက်ခြင်းသည်ပင်လျှင် နံနက်ခင်းကဲ့သို့ဖြစ်လိမ့်မည်။
ဆာလံ 112:4 - မြန်မာ့စံမီသမ္မာကျမ်း ဖြောင့်မှန်သောသူအတွက် အမှောင်ထဲတွင် အလင်းပေါ်ထွန်းတတ်၏။ သူသည် ကျေးဇူးပြုတတ်သောသဘော၊ သနားစုံမက်တတ်သောသဘော၊ ဖြောင့်မတ်သောသဘောရှိ၏။ Common Language Bible သနားကြင်နာတတ်၍ကရုဏာနှင့်ပြည့်ဝ လျက် တရားမျှတသောသူတော်ကောင်းတို့အတွက် အမှောင်ထဲ၌အလင်းရောင်ပေါ်ထွန်းတတ်၏။ Garrad Bible ဖြောင့် မှန် သူ တို့ အ ဖို့၊ မှောင် မိုက် ထဲ မှာ အ လင်း တော် ပေါ် ထွန်း၍၊ ကျေး ဇူး ပြု သော သ ဘော၊ သ နား သော သ ဘော၊ ဖြောင့် မတ် သော သ ဘော ရှိ ကြ၏။ Judson Bible သဘောဖြောင့်သော သူတို့အဖို့၊ မှောင်မိုက်ထဲမှာ အလင်းပေါ်ထွန်းတတ်၏။ ထိုသို့သောသူသည် ကျေးဇူးပြုတတ်သောသဘောနှင့် သနားစုံမက်တတ်သော သဘောရှိ၍၊ တရားသဖြင့် ပြုတတ်၏။ |
သင့်အသက်တာသည်လည်း မွန်းတည့်ချိန်ထက် ထွန်းလင်း၍ မှောင်မိုက်ခြင်းသည်ပင်လျှင် နံနက်ခင်းကဲ့သို့ဖြစ်လိမ့်မည်။
သင်ကြံစည်ထားသောအရာသည် အထမြောက်လိမ့်မည်။ သင်၏လမ်းများသည်လည်း ထွန်းလင်းလိမ့်မည်။
ထိုစဉ်က ကိုယ်တော်၏မီးခွက်သည် ငါ့ဦးခေါင်းထက်တွင် မီးခွက်သဖွယ် ထွန်းလင်းတော်မူသဖြင့် ထိုအလင်းဖြင့် မှောင်မိုက်ထဲတွင် ငါသွားလာရ၏။
ထာဝရဘုရားကို ချီးမွမ်းကြလော့။ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်သောကြောင့် ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
ထာဝရဘုရားသည် ကျေးဇူးပြုတတ်သောသဘော၊ ဖြောင့်မတ်သောသဘောရှိတော်မူ၏။ ငါတို့၏ဘုရားသခင်သည် သနားစုံမက်တော်မူတတ်၏။
ထာဝရဘုရားသည် မိမိ၏လမ်းတော်ရှိသမျှတို့၌ ဖြောင့်မတ်၍ မိမိပြုတော်မူသောအမှုရှိသမျှတို့၌ သစ္စာရှိတော်မူ၏။
ကိုယ်တော်သည် သင်၏ဖြောင့်မတ်ခြင်းကို အလင်းကဲ့သို့လည်းကောင်း၊ သင်၏တရားမျှတခြင်းကို မွန်းတည့်နေကဲ့သို့လည်းကောင်း ထွန်းလင်းစေတော်မူလိမ့်မည်။
အလင်းသည် ဖြောင့်မတ်သောသူတို့အပေါ်၌လည်းကောင်း၊ ဝမ်းမြောက်ခြင်းသည် စိတ်နှလုံးဖြောင့်မှန်သော သူတို့အပေါ်၌လည်းကောင်း ဖြာကျလျက်ရှိ၏။
ဖြောင့်မတ်ခြင်းနှင့် မေတ္တာကရုဏာကို လက်ကိုင်ပြုသောသူသည် အသက်ရှင်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် ဂုဏ်သရေကို တွေ့ရှိလိမ့်မည်။
သင်တို့တွင် မည်သူသည် ထာဝရဘုရားကိုကြောက်ရွံ့သနည်း။ မည်သူသည် ကိုယ်တော့်အစေအပါး၏စကားကို နားထောင်သနည်း။ မည်သူသည် အလင်းမရှိဘဲ အမှောင်ထုထဲ၌ သွားလာသနည်း။ သူသည် ထာဝရဘုရား၏နာမတော်၌ ယုံကြည်ကိုးစားပါစေ။ ဘုရားသခင်၌ ကိုးစားပါစေ။
ဆာလောင်မွတ်သိပ်သောသူအား စိတ်စေတနာဖြင့်ကျွေးမွေး၍ နှိပ်စက်ခြင်းခံရသောသူ၏အလိုကို ပြည့်စုံစေလျှင် သင်၏အလင်းသည် အမှောင်ထဲ၌ ထွန်းလင်းမည်။ သင်၏မှောင်မိုက်သည် မွန်းတည့်အလင်းကဲ့သို့ဖြစ်မည်။
ထိုသို့ပြုလျှင် သင်၏အလင်းသည် အရုဏ်ဦးအလင်းကဲ့သို့ ထွက်ပေါ်လာမည်။ သင်၏အနာရောဂါသည် အလျင်အမြန်ပျောက်ကင်းမည်။ သင်၏ဖြောင့်မတ်ခြင်းသည် သင့်ရှေ့၌သွားမည်။ ထာဝရဘုရား၏ဘုန်းအသရေသည် သင့်ကို အနောက်မှကာကွယ်တော်မူမည်။
“ငါ၏နာမတော်ကို ကြောက်ရွံ့ရိုသေသော သင်တို့အဖို့ ဖြောင့်မတ်ခြင်းနေမင်းသည် ကုသခြင်းတောင်ပံနှင့်တကွ ပေါ်ထွန်းလာလိမ့်မည်။ သင်တို့သည်လည်း တင်းကုပ်မှ နွားသငယ်ကဲ့သို့ ခုန်ပေါက်လျက် ထွက်လာမည်။
သင်တို့၏အဖသည် ကရုဏာနှင့်ပြည့်စုံတော်မူသည့်နည်းတူ သင်တို့သည်လည်း ကရုဏာနှင့်ပြည့်စုံကြလော့။
ငါ့ကိုယုံကြည်သောသူတိုင်း မှောင်မိုက်ထဲ၌မနေရစေရန် ငါသည် အလင်းအဖြစ် ဤလောကသို့ကြွလာပြီ။
အချင်းချင်းကျေးဇူးပြုလျက် သနားစုံမက်ကြကာ ဘုရားသခင်သည် ခရစ်တော်၌ သင်တို့ကိုခွင့်လွှတ်တော်မူသကဲ့သို့ အချင်းချင်းခွင့်လွှတ်ကြလော့။
ထို့ကြောင့် သင်တို့သည် မည်သို့အသက်ရှင်လျှောက်လှမ်းသည်ကို သေချာစွာဆင်ခြင်ကြလော့။ ပညာမဲ့ကဲ့သို့မဟုတ်ဘဲ ပညာရှိကဲ့သို့ လျှောက်လှမ်း၍
အကြောင်းမူကား အလင်း၏အသီးအပွင့်သည် အလုံးစုံသောကောင်းမြတ်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် မှန်ကန်ခြင်းတို့ဖြစ်ကြ၏။
ဘုရားသခင်သည် ဖြောင့်မတ်တော်မူကြောင်းကို သင်တို့သိလျှင် ဖြောင့်မတ်ခြင်းတရားကိုကျင့်သုံးသောသူတိုင်းသည် ဘုရားသခင်ထံမှပေါက်ဖွားလာသောသူဖြစ်ကြောင်းကိုလည်း သင်တို့သိကြ၏။
ဖြောင့်မတ်ခြင်းတရားကိုမကျင့်သုံးသောသူတိုင်းသည် ဘုရားသခင်နှင့်မစပ်ဆိုင်။ မိမိညီအစ်ကိုကိုမချစ်သောသူသည်လည်း ဘုရားသခင်နှင့်မစပ်ဆိုင်။ ဤသို့သောအားဖြင့် ဘုရားသခင်၏သားသမီးများနှင့် မာရ်နတ်၏သားသမီးများကို ခွဲခြားသိရှိနိုင်၏။
သားသမီးတို့၊ သင်တို့ကို မည်သူမျှ မလှည့်ဖြားစေနှင့်။ ကိုယ်တော်သည် ဖြောင့်မတ်တော်မူသည့်နည်းတူ ဖြောင့်မတ်ခြင်းတရားကိုကျင့်သုံးသောသူသည် ဖြောင့်မတ်၏။