ကိုယ်တော်၏နာမတော်တစ်ပါးတည်းသာ ချီးမြှောက်ခြင်းခံရ၍ ကိုယ်တော်၏ဘုန်းကျက်သရေသည် မြေကြီးနှင့် ကောင်းကင်အထက်၌ရှိတော်မူသောကြောင့် သူတို့သည် ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းကြပါစေ။
ဆာလံ 108:5 - မြန်မာ့စံမီသမ္မာကျမ်း အို ဘုရားသခင်၊ ကိုယ်တော်သည် ကောင်းကင်အထက်၌ချီးမြှောက်ခြင်းရှိပါစေသော။ ကိုယ်တော်၏ဘုန်းအသရေတော်သည်လည်း ကမ္ဘာမြေတစ်ခွင်လုံးကို လွှမ်းမိုးပါစေသော။ Common Language Bible အို ဘုရားသခင်၊ ကိုယ်တော်ရှင်၏ကြီးမြတ်သောဂုဏ်တော်ကို မိုးကောင်းကင်၌လည်းကောင်း၊ဘုန်းအသရေ တော်ကို ကမ္ဘာတစ်ဝှမ်းလုံးတွင်လည်းကောင်းပြတော်မူပါ။ Garrad Bible အို ဘု ရား သ ခင်၊ မိုး ကောင်း ကင် ထက်၊ ချီး မြှင့် ခြင်း ခံ လျက်၊ မြေ တစ် ပြင် လုံး ထက်၊ ဘုန်း တော် ထင် ပေါ် ပါ စေ သော။ Judson Bible အို ဘုရားသခင်၊ ကောင်းကင်မြင့်သည်ထက် ကိုယ်တော်ကြီးမြင့်တော်မူစေသတည်း။ မြေကြီးတစ်ပြင်လုံးကို ဘုန်းတော် လွှမ်းမိုးပါစေသတည်း။ |
ကိုယ်တော်၏နာမတော်တစ်ပါးတည်းသာ ချီးမြှောက်ခြင်းခံရ၍ ကိုယ်တော်၏ဘုန်းကျက်သရေသည် မြေကြီးနှင့် ကောင်းကင်အထက်၌ရှိတော်မူသောကြောင့် သူတို့သည် ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းကြပါစေ။
အို ထာဝရဘုရား၊ ကိုယ်တော်၏အစွမ်းသတ္တိအားဖြင့် ချီးမြှောက်ခြင်းရှိတော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်တော်၏ အစွမ်းတန်ခိုးတော်အကြောင်းကိုသီကျူးလျက် သီဆိုချီးမွမ်းကြပါမည်။
အို ဘုရားသခင်၊ ကိုယ်တော်သည် ကောင်းကင်အထက်၌ချီးမြှောက်ခြင်းရှိပါစေသော။ ကိုယ်တော်၏ဘုန်းအသရေတော်သည် ကမ္ဘာမြေတစ်ခွင်လုံးကို လွှမ်းမိုးပါစေသော။
အို ဘုရားသခင်၊ ကိုယ်တော်သည် ကောင်းကင်အထက်၌ချီးမြှောက်ခြင်းရှိပါစေသော။ ကိုယ်တော်၏ဘုန်းအသရေတော်သည် ကမ္ဘာမြေတစ်ခွင်လုံးကို လွှမ်းမိုးပါစေသော။
ကိုယ်တော်၏ဘုန်းကြီးသောနာမတော်သည် အစဉ်အမြဲမင်္ဂလာရှိတော်မူပါစေသော။ ကမ္ဘာမြေတစ်ခွင်လုံးသည် ကိုယ်တော်၏ဘုန်းအသရေတော်နှင့်ပြည့်ပါစေသော။ အာမင်နှင့်အာမင်။
အကျွန်ုပ်တို့၏အရှင် ထာဝရဘုရား၊ ကိုယ်တော်၏နာမတော်သည် ကမ္ဘာမြေတစ်ခွင်လုံး၌ ကြီးမြတ်လှပါ၏။ ကိုယ်တော်သည် မိမိ၏ဘုန်းကျက်သရေကို ကောင်းကင်ပေါ်မှာ တည်စေတော်မူ၏။
ထို့နောက် သူတို့က “ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ ကမ္ဘာမြေတစ်ခွင်လုံးသည် ကိုယ်တော်၏ဘုန်းအသရေနှင့်ပြည့်လျက်နေတော်မူ၏”ဟု တစ်ပါးကိုတစ်ပါး ကြွေးကြော်မြွက်ဆိုကြ၏။
ဖြားယောင်းသွေးဆောင်ရာသို့ မလိုက်မပါစေဘဲ မကောင်းသောအမှုအရာမှ အကျွန်ုပ်တို့ကို ကယ်နုတ်တော်မူပါ။ [အကြောင်းမူကား နိုင်ငံတော်၊ တန်ခိုးတော်နှင့် ဘုန်းအသရေတော်သည် ကမ္ဘာအဆက်ဆက် ကိုယ်တော်၌ရှိပါ၏။ အာမင်။]