ကိုယ်တော်သည် မင်းအရာရှိတို့ကို မထီမဲ့မြင်ပြုခြင်းခံရစေ၍ သူတို့ကို လမ်းမရှိသော လွင်တီးခေါင်အရပ်၌ လှည့်လည်သွားလာစေတော်မူ၏။
ကိုယ်တော်သည်ယင်းသို့ဖိစီးနှိပ်စက်သူများအား စက်ဆုပ်ရွံရှာ၍ လမ်းမရှိသည့်သဲကန္တာရတွင်လှည့်လည် သွားလာစေတော်မူ၏။
မှူး မတ် တို့ ကို အ ရှက် ကြီး ခွဲ၍၊ လမ်း မဲ့ လ ဟာ ပြင် ၌ လွဲ စေ လျက်၊
မင်းသားတို့ကို အရှက်ခွဲ၍၊ လမ်းမရှိသော တောအရပ်၌လည်စေတော်မူ၏။
သူ့အား ထာဝရဘုရားက ‘သင်သည် လူကိုသတ်သည်သာမက သူ့ဥစ္စာကိုပါ သိမ်းယူပါပြီတကား’ဟူ၍ မိန့်တော်မူပြီဟု ဆင့်ဆိုလော့။ ထို့ပြင် သူ့အား ထာဝရဘုရားက ‘နာဗုတ်၏သွေးကို ခွေးတို့လျက်သောနေရာတွင် သင့်သွေးကိုလည်း လျက်လိမ့်မည်’ဟူ၍ မိန့်တော်မူပြီဟု ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
မင်းအရာရှိတို့ကို မထီမဲ့မြင်ပြုခြင်းခံရစေ၍ အားကြီးသူတို့ကို ခွန်အားယုတ်လျော့စေတော်မူ၏။
ပြည်သူပြည်သားတို့ကို ဦးဆောင်သောသူများ၏အသိတရားကို နုတ်ယူတော်မူပြီး လမ်းမရှိသောလွင်တီးခေါင်တွင် တလည်လည်ဖြစ်စေတော်မူ၏။
အချို့တို့သည် တောကန္တာရထဲ၌ ကန္တာရလမ်းတွင် လှည့်လည်သွားလာကြပြီး မိမိတို့နေထိုင်ရန်မြို့ကို ရှာမတွေ့ကြချေ။
မိမိ၏ရန်သူတို့ကို ရိုက်ထုတ်တွန်းလှန်ကာ ထာဝရကဲ့ရဲ့ပြစ်တင်ခြင်းကို သူတို့အပေါ်သက်ရောက်စေတော်မူ၏။
သူတို့သည်လည်း ထိုအတိုင်းပြုကြ၏။ အာရုန်သည် မိမိလက်ကိုဆန့်၍ တောင်ဝှေးဖြင့် မြေမှုန့်ကို ရိုက်လျှင် အီဂျစ်ပြည်တစ်ပြည်လုံး၌ မြေမှုန့်ရှိသမျှသည် မှက်ကောင်များဖြစ်လေ၏။ ထိုမှက်ကောင်များသည် လူနှင့်တိရစ္ဆာန်တို့အပေါ် တွယ်ကပ်လေ၏။
ထာဝရဘုရားသည် ထိုအတိုင်းပြုတော်မူသဖြင့် မြောက်မြားစွာသောယင်ရဲတို့သည် ဖာရောမင်းကြီး၏နန်းတော်မှစ၍ သူ့အမှုထမ်းတို့၏အိမ်များနှင့် အီဂျစ်ပြည်အနှံ့ ဝင်ရောက်ကြ၏။ ယင်ရဲများကြောင့် တစ်ပြည်လုံးသည် ပျက်စီးလေ၏။
နိုင်းမြစ်သည် ဖားများနှင့်ပြည့်နှက်လိမ့်မည်။ ထိုဖားများသည်တက်လာ၍ သင်၏နန်းတော်၊ သင်အိပ်သောအခန်းနှင့်အိပ်ရာထဲသို့လည်းကောင်း၊ သင့်အမှုထမ်းများနှင့်ပြည်သူပြည်သားတို့၏အိမ်ထဲသို့လည်းကောင်း၊ သင်၏မီးဖိုများနှင့်မုန့်နယ်ခွက်များထဲသို့လည်းကောင်း ဝင်ကြလိမ့်မည်။
ထို့ပြင် ဖားများသည် သင်မှစ၍ သင့်ပြည်သူပြည်သားများနှင့် သင့်အမှုထမ်းအားလုံးတို့အပေါ်သို့တက်ကြလိမ့်မည်’ဟူ၍ မိန့်တော်မူကြောင်း ဆင့်ဆိုရမည်”ဟု မိန့်တော်မူ၏။
ထိုခဏချင်းတွင် နေဗုခဒ်နေဇာမင်းကြီး၌ အမိန့်တော်အတိုင်း ဖြစ်ပျက်လေ၏။ သူသည် လူ့အသိုင်းအဝိုင်းမှ နှင်ထုတ်ခြင်းခံရ၍ နွားကဲ့သို့ မြက်ကိုစားရ၏။ သူ့အမွေးတို့သည် လင်းယုန်ငှက်အမွေးကဲ့သို့ ရှည်လာ၍ လက်သည်းခြေသည်းတို့သည်လည်း ငှက်ခြေသည်းကဲ့သို့ ဖြစ်လာသည့်တိုင်အောင် သူ့ကိုယ်သည် ကောင်းကင်နှင်းစက်ဖြင့် စိုစွတ်လျက်နေရ၏။
မင်းကြီးသည် ဘုရားသခင်၏ဘုန်းတော်ကိုမချီးမွမ်းသောကြောင့် ထိုခဏချင်းတွင် ထာဝရဘုရား၏ကောင်းကင်တမန်သည် သူ့ကို ဒဏ်ခတ်သဖြင့် သူသည် ပိုးစားခံရ၍ အနိစ္စရောက်လေ၏။
ကိုယ်တော်သည် သူ့ကို တောကန္တာရအရပ်၊ လေထန်သောကန္တာရလွင်တီးခေါင်အရပ်၌တွေ့သောအခါ သူ့ကိုကာကွယ်စောင်မလျက် မျက်စိသူငယ်အိမ်ကဲ့သို့စောင့်ရှောက်တော်မူခဲ့၏။
ရှင်ဘုရင်တို့၏အသား၊ တပ်မှူးကြီးတို့၏အသား၊ စစ်သူရဲတို့၏အသား၊ မြင်းနှင့်မြင်းစီးသူရဲတို့၏အသား၊ လွတ်လပ်သူနှင့်ကျွန်များမှစ၍ လူကြီးလူငယ်ရှိသမျှတို့၏အသားကို လာ၍ စားကြလော့”ဟု ကျယ်လောင်သောအသံဖြင့်ကြွေးကြော်လေ၏။
ထို့နောက် သိသရသည် မောပန်းလွန်းသဖြင့် အိပ်ပျော်နေစဉ် ဟေဗာ၏မယားယေလသည် တဲငုတ်တိုင်နှင့် တူကိုယူပြီး သိသရရှိရာသို့ တိတ်တဆိတ်လာကာ ငုတ်တိုင်ကို သူ့နားထင်တွင်ရိုက်သွင်းရာ မြေကြီးတိုင်ထုတ်ချင်းပေါက်၍ သိသရသေလေ၏။
သေတ္တာတော်ကို သယ်ဆောင်သွားကြရာ ထိုမြို့ကိုလည်း ထာဝရဘုရား၏လက်တော်သည် ဒဏ်ခတ်တော်မူသဖြင့် အလွန်တုန်လှုပ်ချောက်ချားကြကုန်၏။ ထိုမြို့ရှိမြို့သားတို့ကိုလည်း အငယ်ဆုံးမှ အကြီးဆုံးတိုင်အောင် ပလိပ်ရောဂါဖြင့် ဒဏ်ခတ်တော်မူ၏။
ဖိလိတ္တိလူမျိုးတို့ကလည်း “မည်သည့်အပြစ်ဒဏ်ဖြေရာယဇ်ဖြင့် ပို့လိုက်ရမည်နည်း”ဟု မေးလျှင် သူတို့က “ဖိလိတ္တိမင်းအရေအတွက်နှင့်အညီ ရွှေပလိပ်နာဖုအရုပ်ငါးခုနှင့် ရွှေကြွက်ရုပ်ငါးခုကို ထုလုပ်၍ ပေးလိုက်ရမည်။ သင်တို့နှင့် သင်တို့၏မင်းများ ခံစားရသောရောဂါမှာ တစ်မျိုးတည်းဖြစ်၏။