ပြည်သူပြည်သားတို့ကို ဦးဆောင်သောသူများ၏အသိတရားကို နုတ်ယူတော်မူပြီး လမ်းမရှိသောလွင်တီးခေါင်တွင် တလည်လည်ဖြစ်စေတော်မူ၏။
ဆာလံ 107:4 - မြန်မာ့စံမီသမ္မာကျမ်း အချို့တို့သည် တောကန္တာရထဲ၌ ကန္တာရလမ်းတွင် လှည့်လည်သွားလာကြပြီး မိမိတို့နေထိုင်ရန်မြို့ကို ရှာမတွေ့ကြချေ။ Common Language Bible လူအချို့တို့သည်လမ်းမရှိသည့်သဲကန္တာရ တွင် လှည့်လည်လျက်နေခဲ့ကြ၏။ သူတို့သည်မိမိတို့နေထိုင်စရာမြို့သို့သွားရာ လမ်းကိုရှာ၍မတွေ့ကြ။ Garrad Bible သဲ တော တွင် က န္တာ ရ လမ်း ဖြင့် လွှဲ သွား လျက်၊ နေ ထိုင် ရန် မြို့ ကို မ တွေ့ ဘဲ၊ Judson Bible သူတို့သည် တောတွင်း လူဆိတ်ညံရာအရပ်၌လည်၍၊ နေစရာမြို့သို့ ရောက်သောလမ်းကို မတွေ့ကြ။ |
ပြည်သူပြည်သားတို့ကို ဦးဆောင်သောသူများ၏အသိတရားကို နုတ်ယူတော်မူပြီး လမ်းမရှိသောလွင်တီးခေါင်တွင် တလည်လည်ဖြစ်စေတော်မူ၏။
ကိုယ်တော်သည် မင်းအရာရှိတို့ကို မထီမဲ့မြင်ပြုခြင်းခံရစေ၍ သူတို့ကို လမ်းမရှိသော လွင်တီးခေါင်အရပ်၌ လှည့်လည်သွားလာစေတော်မူ၏။
သိုးထိန်းသည် ကွဲလွင့်သွားသော မိမိ၏သိုးတို့ကို လိုက်ရှာသကဲ့သို့ ငါသည်လည်း ငါ့သိုးတို့ကို ရှာဖွေမည်။ မိုးအုံ့၍အမှောင်ကျသောနေ့တွင် အရပ်ရပ်ကွဲလွင့်သွားသော ငါ့သိုးတို့ကိုကယ်တင်မည်။
ငါ့သိုးတို့သည် တောင်တန်းရှိသမျှ၊ ကုန်းမြင့်ရှိသမျှတို့တွင် လှည့်လည်သွားလာနေရပြီ။ မြေတစ်ပြင်လုံးသို့ ကွဲလွင့်ကုန်ပြီ။ ငါ့သိုးတို့ကို လိုက်လံရှာဖွေသူ တစ်ယောက်မျှမရှိ’ဟု မိန့်တော်မူ၏။
ဤတောကန္တာရထဲ၌ သင်တို့ အလောင်းကောင်ဖြစ်ကုန်သည်အထိ သင်တို့၏သားသမီးတို့သည် သင်တို့ဖောက်ပြန်သောအပြစ်ကိုဆောင်လျက် ဤတောကန္တာရထဲတွင် အနှစ်လေးဆယ်လှည့်လည်ရကြလိမ့်မည်။
ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အမျက်ထွက်၍ မိမိရှေ့တော်၌ ဆိုးသောအမှုကိုပြုသောမျိုးဆက်အားလုံးသေကုန်သည်အထိ သူတို့ကို တောကန္တာရထဲ၌ အနှစ်လေးဆယ်ပတ်လုံး လှည့်လည်စေတော်မူ၏။
ကိုယ်တော်သည် သူ့ကို တောကန္တာရအရပ်၊ လေထန်သောကန္တာရလွင်တီးခေါင်အရပ်၌တွေ့သောအခါ သူ့ကိုကာကွယ်စောင်မလျက် မျက်စိသူငယ်အိမ်ကဲ့သို့စောင့်ရှောက်တော်မူခဲ့၏။
မီးမြွေနှင့်ကင်းမြီးကောက်ပေါများသောအရပ်၊ ရေမရှိဘဲ ခြောက်သွေ့သောအရပ်၊ ကြောက်မက်ဖွယ်ကောင်းသော တောကန္တာရကြီး၌ သင့်ကိုပို့ဆောင်တော်မူသောအရှင်၊ သင့်အတွက် ရေကို မီးခတ်ကျောက်ထဲမှထွက်စေတော်မူသောအရှင်၊
ဤလောကသည် ထိုသူတို့နှင့်မထိုက်တန်ချေ။ သူတို့သည် တောကန္တာရများ၊ တောင်တန်းများ၊ လိုဏ်ဂူများနှင့် မြေတွင်းများတွင် လှည့်လည်နေထိုင်ကြရ၏။
ထိုအမျိုးသမီးသည်လည်း တောကန္တာရထဲသို့ ထွက်ပြေးလေ၏။ ထိုအရပ်၌ ရက်ပေါင်းတစ်ထောင့်နှစ်ရာခြောက်ဆယ်တိုင်တိုင် သူ့ကိုကြည့်ရှုစောင့်ရှောက်ရန် ဘုရားသခင်ပြင်ဆင်ထားတော်မူသော နေရာတစ်နေရာရှိ၏။