အသီးအနှံဖြစ်ထွန်းသောမြေကို ဆားမြေအဖြစ်သို့လည်းကောင်း ပြောင်းလဲစေတော်မူ၏။ ထိုသို့ပြုတော်မူခြင်းမှာ ထိုအရပ်၌နေထိုင်သောသူတို့၏မကောင်းမှုကြောင့်ဖြစ်၏။
ပြည်သူတို့၏ယုတ်မာမှုကြောင့်ကိုယ်တော်သည် မြေကောင်းမြေသန့်ကို အသုံးမဝင်သည့်ဆားမြေအဖြစ်သို့ ပြောင်းလဲစေတော်မူ၏။
မြေကောင်းသောပြည်ကို ပြည်သူပြည်သားတို့၏အပြစ်ကြောင့် ဆားမြေဖြစ်စေတော်မူ၏။
လောတသည် မျှော်ကြည့်ရာ ဇောရမြို့သို့သွားသောလမ်းတစ်လျှောက်၊ ဂျော်ဒန်မြစ်ဝှမ်းတစ်ဝှမ်းလုံးသည် ထာဝရဘုရား၏ဥယျာဉ်တော်ကဲ့သို့လည်းကောင်း၊ အီဂျစ်ပြည်ကဲ့သို့လည်းကောင်း ရေပေါများလျက်ရှိသည်ကိုမြင်လေ၏။ (ထိုအချိန်က သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကို ထာဝရဘုရားဖျက်ဆီးတော်မမူသေးချေ။)
သောဒုံမြို့သားတို့သည် ထာဝရဘုရားရှေ့တော်၌ အလွန်ဆိုးညစ်၍ အပြစ်များသောသူများဖြစ်ကြ၏။
ဤဘုရင်ငါးပါးစလုံးသည် ဆားပင်လယ်တည်းဟူသော စိဒ္ဒိမ်ချိုင့်ဝှမ်း၌ မဟာမိတ်ဖွဲ့ကြ၏။
သင်သည် မြေကိုထွန်ယက်လုပ်ကိုင်သော်လည်း မြေသည် မိမိ၏အသီးအနှံကို သင့်အား ပေးတော့မည်မဟုတ်။ သင်သည် ကမ္ဘာမြေကြီးပေါ်တွင် အတည်တကျနေစရာမရှိ၊ လှည့်လည်သွားလာသူဖြစ်ရလိမ့်မည်”ဟု မိန့်တော်မူ၏။
အို ဘုရားသခင်၊ ကိုယ်တော်သည် မိမိလူမျိုးတော်၏ရှေ့မှကြွပြီး ကန္တာရမြေကိုကျော်ဖြတ်ချီတက်တော်မူသောအခါ(စေလာ)
တိုင်းပြည်သည် မည်သည့်အချိန်ထိ ငိုကြွေးမြည်တမ်းရမည်နည်း။ ကွင်းပြင်ရှိမြက်တို့သည် မည်သည့်အချိန်ထိ ခြောက်သွေ့ရမည်နည်း။ “ငါတို့၏အဆုံးကို ကိုယ်တော်မမြင်”ဟု ပြောဆိုကြသော ပြည်သားတို့၏မကောင်းမှုကြောင့် တိရစ္ဆာန်များ၊ ငှက်များ သေကျေပျက်စီးကုန်ပါပြီ။
သင်တို့ပြုသောဒုစရိုက်များကြောင့် ထိုအရာတို့နှင့် သင်တို့လွဲသွားရလေပြီ။ သင်တို့၏အပြစ်များသည် ကောင်းကျိုးချမ်းသာကို တားဆီးလေပြီ’ဟု ထာဝရဘုရား သင်တို့ကို မိန့်ဆိုပြီ။
အစ္စရေးပြည်၊ ဂျေရုဆလင်မြို့သူမြို့သားတို့အား ‘ဘုရားရှင်ထာဝရဘုရားက သူတို့သည် အစာကို စိုးရိမ်ပူပန်စိတ်ဖြင့် စားရမည်။ ရေကို ကြောက်ရွံ့ထိတ်လန့်စိတ်ဖြင့် သောက်ရမည်။ ပြည်သူပြည်သားအပေါင်းတို့၏ရက်စက်ကြမ်းကြုတ်မှုကြောင့် တစ်ပြည်လုံး လူသူကင်းမဲ့ရလိမ့်မည်။
ရွှံ့နွံစိမ့်စမ်းတို့မှ ရေများမူကား ရေချိုဖြစ်လာမည်မဟုတ်။ ဆားငန်ရေပင် ဖြစ်နေလိမ့်မည်။