သူတို့အား ကိုယ်တော်၏သန့်ရှင်းမြင့်မြတ်သောဥပုသ်နေ့ကို သိစေတော်မူ၏။ ကိုယ်တော်၏အစေအပါးမောရှေမှတစ်ဆင့် ပညတ်ချက်များ၊ ပြဋ္ဌာန်းချက်များ၊ တရားတော်များကို ပေးအပ်တော်မူ၏။
ဆာလံ 103:7 - မြန်မာ့စံမီသမ္မာကျမ်း မိမိ၏လမ်းတော်များကို မောရှေအားလည်းကောင်း၊ မိမိပြုတော်မူသောအမှုတို့ကို အစ္စရေးအမျိုးသားတို့အားလည်းကောင်း သိစေတော်မူ၏။ Common Language Bible ကိုယ်တော်သည်မိမိ၏အကြံအစည်တော် များကို မောရှေအားဖော်ပြတော်မူ၍ အံ့သြဖွယ်သောအမှုတော်တို့ကိုဣသရေလ အမျိုးသားတို့အားမြင်စေတော်မူ၏။ Garrad Bible နည် လမ်း တော် များ ကို၊ မော ရှေ အား လည်း ကောင်း၊ အ မှု တော် များ ကို၊ ဣ သ ရေ လ အ မျိုး သား တို့ အား လည်း ကောင်း၊ ဖော် ပြ တော် မူ ပြီ။ Judson Bible ဘာသာဓလေ့တော်တို့ကို မောရှေ၌လည်းကောင်း၊ စီရင်တော်မူသော အမှုအရာတို့ကို ဣသရေလအမျိုးသားတို့၌လည်းကောင်း ပြတော်မူပြီ။ |
သူတို့အား ကိုယ်တော်၏သန့်ရှင်းမြင့်မြတ်သောဥပုသ်နေ့ကို သိစေတော်မူ၏။ ကိုယ်တော်၏အစေအပါးမောရှေမှတစ်ဆင့် ပညတ်ချက်များ၊ ပြဋ္ဌာန်းချက်များ၊ တရားတော်များကို ပေးအပ်တော်မူ၏။
ကိုယ်တော်သည် လူမျိုးခြားတို့၏အမွေကို မိမိ၏လူမျိုးတော်အား ပေးတော်မူခြင်းဖြင့် မိမိပြုသောအမှုတို့၏တန်ခိုးကို သူတို့အားဖော်ပြတော်မူ၏။
ကိုယ်တော်သည် မိမိ၏နှုတ်ကပတ်တော်ကို ယာကုပ်အမျိုးအားလည်းကောင်း၊ မိမိ၏ပြဋ္ဌာန်းချက်များနှင့် စီရင်ထုံးဖွဲ့ချက်များကို အစ္စရေးလူမျိုးအားလည်းကောင်း ဖွင့်ပြတော်မူ၏။
ကိုယ်တော်သည် မောရှေနှင့်အာရုန်တို့လက်ဖြင့် မိမိ၏လူမျိုးတော်ကို သိုးအုပ်ကဲ့သို့ပို့ဆောင်တော်မူ၏။
ကိုယ်တော်ပြုတော်မူသောအမှုများနှင့် သူတို့အား ပြတော်မူသည့် ကိုယ်တော်၏အံ့ဖွယ်သောအမှုများကိုလည်း မေ့လျော့ကြ၏။
အကြောင်းမူကား ကိုယ်တော်သည် သက်သေခံချက်ကို ယာကုပ်၌တည်စေ၍ တရားတော်ကို အစ္စရေး၌ထားတော်မူ၏။ ၎င်းတို့ကို သားသမီးများအားသင်ကြားပေးရန် ငါတို့၏ဘိုးဘေးတို့ကို မိန့်မှာတော်မူ၏။
ကိုယ်တော်သည် သူတို့ကို မိုးတိမ်တိုင်ထဲမှ မြွက်ဆိုတော်မူ၏။ သူတို့သည် ကိုယ်တော်၏ သက်သေခံချက်များကိုလည်းကောင်း၊ သူတို့အား ကိုယ်တော်ပေးတော်မူသော ပြဋ္ဌာန်းချက်ကိုလည်းကောင်း စောင့်ထိန်းကြ၏။
ထာဝရဘုရားသည် သိနာတောင်ထိပ်သို့ ကြွဆင်းတော်မူပြီး မောရှေအား တောင်ထိပ်သို့တက်ရန် ခေါ်တော်မူသဖြင့် မောရှေသည် တက်သွားလေ၏။
လူအပေါင်းတို့က “ထာဝရဘုရားမိန့်ဆိုတော်မူသမျှတို့ကို အကျွန်ုပ်တို့ပြုပါမည်”ဟု တညီတညွတ်တည်းပြန်ဖြေကြ၏။ မောရှေသည်လည်း လူတို့၏စကားများကို ထာဝရဘုရားထံ ပြန်လျှောက်လေ၏။
မောရှေသည် ဘုရားသခင်ရှိရာအမှောင်ထုသို့ ချဉ်းကပ်သောအခါ လူတို့သည် အဝေး၌ရပ်နေကြ၏။
ယခု အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်၌ မျက်နှာရပါလျှင် အကျွန်ုပ်အား ကိုယ်တော်၏လမ်းခရီးကို သိစေတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်သည် ကိုယ်တော်ကိုသိမည်ဖြစ်၍ ကိုယ်တော်၏ရှေ့တော်၌ မျက်နှာရပါလိမ့်မည်။ ဤလူမျိုးသည် ကိုယ်တော်၏လူမျိုးတော်ဖြစ်သည်ကို ဆင်ခြင်တော်မူပါ”ဟု လျှောက်လေ၏။
ငါ၏အိမ်တော်တစ်ခုလုံးအပေါ်သစ္စာရှိသော ငါ၏အစေအပါးမောရှေနှင့်မူကား ထိုသို့မဟုတ်ဘဲ
ထိုအချိန်မှစ၍ အစ္စရေးလူမျိုးတွင် မောရှေကဲ့သို့ ထာဝရဘုရားအား တရင်းတနှီးသိကျွမ်းသော ပရောဖက်တစ်ပါးမျှ မပေါ်ထွန်းတော့ပေ။