အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဆာ​လံ 103:22 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ကိုယ်တော်​အုပ်စိုး​သော​အရပ်​ရှိသမျှ​တို့​မှ ကိုယ်တော်​ပြုလုပ်​ဖန်ဆင်း​သော​အရာ​ရှိသမျှ​တို့​၊ ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​ကြ​လော့​။ အို ငါ​၏​စိတ်ဝိညာဉ်​၊ ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​လော့​။

အခန်းကိုကြည့်ပါ။

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​အုပ်​စိုး​တော်​မူ​ရာ​အ​ရပ်​ရှိ ဖန်​ဆင်း​ခြင်း​ခံ​ရ​သော​သတ္တဝါ​အ​ပေါင်း​တို့၊ ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​လော့။ အို ငါ့​ဝိ​ညာဉ်၊ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ ပြု​လော့။

အခန်းကိုကြည့်ပါ။

Garrad Bible

နိုင် ငံ တော် အ ရပ် ရပ် ၌ ဖန် ဆင်း ထား တော် မူ လေ သ မျှ တို့၊ ထာ ဝ ရ ဘု ရား ကို ဩ ဘာ ဆက် ကြ လော့။ အို ငါ့ အ သက် ဝိ ညာဉ်၊ ထာ ဝ ရ ဘု ရား ကို ဩ ဘာ ဆက် လော့။

အခန်းကိုကြည့်ပါ။

Judson Bible

နိုင်​ငံ​တော်​အ​ရပ်​ရပ်၌ စီ​ရင်​ဖန်​ဆင်း​တော်​မူ​သ​မျှ​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​ကြ​လော့။ အို ငါ့​ဝိ​ညာဉ်၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​လော့။

အခန်းကိုကြည့်ပါ။



ဆာ​လံ 103:22
14 ပူးပေါင်းရင်းမြစ်များ  

အို ငါ​၏​စိတ်ဝိညာဉ်​၊ ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​လော့​။ ငါ​၏​အထဲ​၌ ရှိသမျှ​တို့​၊ ကိုယ်တော်​၏​သန့်ရှင်း​သော​နာမ​တော်​ကို ကောင်းချီးထောမနာ​ပြု​ကြ​လော့​။


အို ငါ​၏​စိတ်ဝိညာဉ်​၊ ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​လော့​။ အကျွန်ုပ်​၏​ဘုရားသခင် ထာဝရဘုရား​၊ ကိုယ်တော်​သည် အလွန်​ကြီးမြတ်​တော်မူ​၏​။ ကိုယ်တော်​သည် ဘုန်းကျက်သရေ​နှင့် ဘုန်းအာနုဘော်​ကို ဆင်မြန်း​တော်မူ​၏​။


အပြစ်သား​တို့​သည် ကမ္ဘာမြေကြီး​ပေါ်မှ ပျောက်ကွယ်​သွား​ကြ​ပါစေသော​။ ဆိုးယုတ်​သော​သူ​တို့​သည်​လည်း ဆက်၍​မ​ရှိ​ကြ​ပါစေ​နှင့်​။ အို ငါ​၏​စိတ်ဝိညာဉ်​၊ ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​လော့​။ ဟာလေလုယ​။


အို ထာဝရဘုရား​၊ ကိုယ်တော်​ပြုလုပ်​ဖန်ဆင်း​သော​အရာ​ရှိသမျှ​တို့​သည် ကိုယ်တော်​၏​ကျေးဇူးတော်​ကို ချီးမွမ်း​ကြ​ပါ​လိမ့်မည်​။ ကိုယ်တော်​၏​သန့်ရှင်း​သူ​အပေါင်း​တို့​သည်​လည်း ကိုယ်တော်​ကို ကောင်းချီးထောမနာ​ပြု​ကြ​ပါ​လိမ့်မည်​။


ငါ​၏​နှုတ်​သည် ထာဝရဘုရား​၏ ဂုဏ်ကျေးဇူး​တော်​ကို​မြွက်ဆို​မည်​။ သတ္တဝါ​အပေါင်း​တို့​သည် ကိုယ်တော်​၏ သန့်ရှင်း​သော​နာမ​တော်​ကို ကာလ​အစဉ်အဆက် ကောင်းချီးထောမနာ​ပြု​ကြ​ပါစေ​။


ဟာလေလုယ​။ အို ငါ​၏​စိတ်ဝိညာဉ်​၊ ထာဝရဘုရား​ကို​ချီးမွမ်း​လော့​။


ဟာလေလုယ​။ ထာဝရဘုရား​ကို ကောင်းကင်​ပေါ်မှ ချီးမွမ်း​ကြ​လော့​။ ကိုယ်တော်​ကို မြင့်မြတ်သောအရပ်​၌ ချီးမွမ်း​ကြ​လော့​။


သက်ရှိသတ္တဝါ​အပေါင်း​တို့​သည် ထာဝရဘုရား​ကို ချီးမွမ်း​ကြ​ပါစေ​။ ဟာလေလုယ​။


ငါ​ရွေးချယ်​သော ငါ့​လူမျိုး​တို့​သောက်​ဖို့​ရန် တောကန္တာရ​၌​ရေ​များ​ကို​လည်းကောင်း​၊ သဲကန္တာရ​၌ မြစ်​တို့​ကို​လည်းကောင်း ငါ​ပေး​သောကြောင့် ခွေးအ​များ​၊ ငှက်ကုလားအုတ်​များ​နှင့် တောရိုင်းတိရစ္ဆာန်​တို့​သည် ငါ့​ကို ဂုဏ်ပြုချီးမွမ်း​ကြ​လိမ့်မည်​။


အို မိုးကောင်းကင်​၊ ထိုသို့ ထာဝရဘုရား ပြု​တော်မူ​ပြီ​ဖြစ်၍ ရွှင်လန်း​စွာ​သီချင်းဆို​လော့​။ မြေကြီး​၏​နက်ရှိုင်း​သော​အရပ်​တို့​၊ ဝမ်းမြောက်​စွာ​ကြွေးကြော်​ကြ​လော့​။ အို တောင်​တို့​၊ ဟစ်ကြော်​ကြ​လော့​။ တော​နှင့်တကွ သစ်ပင်​အပေါင်း​တို့​၊ သီချင်းဆို​ကြ​လော့​။ အကြောင်းမူကား ထာဝရဘုရား​သည် ယာကုပ်​အမျိုး​ကို ရွေးနုတ်​တော်မူ​ပြီ​။ အစ္စရေး​လူမျိုး​၌ ဘုန်းထင်ရှား​တော်မူ​ပြီ​။


အို မိုးကောင်းကင်​၊ ရွှင်လန်း​စွာ​သီချင်းဆို​လော့​။ အို မြေကြီး​၊ ရွှင်လန်း​လော့​။ အို တောင်​များ​တို့​၊ သီချင်း​ဟစ်ကြော်​သီဆို​ကြ​လော့​။ အကြောင်းမူကား ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​ကို နှစ်သိမ့်​တော်မူ​မည်​။ အဖိနှိပ်​ခံရ​သော​မိမိ​လူမျိုး​တော်​ကို သနား​တော်မူ​မည်​။