ထာဝရဘုရားသည် မိမိ၏ပလ္လင်ကို ကောင်းကင်ဘုံ၌ တည်တော်မူ၏။ ကိုယ်တော်၏နိုင်ငံတော်သည်လည်း အရာခပ်သိမ်းတို့ကို အုပ်စိုးတော်မူ၏။
ထာဝရဘုရားသည်မိမိ၏ရာဇပလ္လင်တော်ကို ကောင်းကင်ဘုံတွင်ထားရှိတော်မူ၏။ ကိုယ်တော်သည်စကြဝဠာကိုအစိုးရတော်မူ၏။
ထာ ဝ ရ ဘု ရား သည်၊ ကောင်း ကင် ဘုံ၌ ပ လ္လင် တော် ကို တည်၍၊ အာ ဏာ စက် တော် လည်း၊ ရှိ သ မျှ အ ပေါ် တွင် အုပ် စိုး တော် မူ ၏။
ထာဝရဘုရားသည် ပလ္လင်တော်ကို ကောင်းကင်ဘုံ၌ တည်တော်မူ၍၊ အာဏာတော်သည် ခပ်သိမ်းသော အရပ်တို့ကိုနှံ့ပြား၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် ကြီးမြတ်တော်မူပါ၏။ အစွမ်းတန်ခိုး၊ ဘုန်းတော်၊ ဂုဏ်တော်နှင့်ပြည့်စုံပါ၏။ ခန့်ညားထည်ဝါပါ၏။ ကောင်းကင်နှင့် မြေကြီးပေါ်ရှိအရာအားလုံးကို ပိုင်သတော်မူပါ၏။ နိုင်ငံတော်သည် ထာဝရဘုရားပိုင်တော်မူရာဖြစ်ပါ၏။ ကိုယ်တော်သည် အရာခပ်သိမ်း၏ဦးခေါင်းထက်တွင် ချီးမြှောက်ခြင်းခံရသောအရှင် ဖြစ်တော်မူပါ၏။
ဓနဥစ္စာနှင့် ဂုဏ်သရေသည် ကိုယ်တော့်ထံမှ လာပါ၏။ အရာခပ်သိမ်းကို အုပ်စိုးပိုင်သတော်မူပါ၏။ ကိုယ်တော်၏လက်တော်သည် အစွမ်းတန်ခိုးနှင့်ပြည့်ဝတော်မူသဖြင့် လူခပ်သိမ်းအား ကြီးမြတ်စေနိုင်၍ ခွန်အားကိုလည်း ပေးနိုင်စွမ်းရှိတော်မူပါ၏။
ထာဝရဘုရားသည် မိမိ၏သန့်ရှင်းသောဗိမာန်တော်၌ စံနေတော်မူ၏။ ထာဝရဘုရား၏ပလ္လင်တော်သည် ကောင်းကင်ဘုံ၌ရှိ၏။ ကိုယ်တော်သည် မျက်စိတော်ဖြင့်ကြည့်ရှု၍ မျက်ခမ်းတော်ဖြင့် လူသားတို့ကို စစ်ဆေးတော်မူ၏။
ငါတို့၏ဘုရားသခင်သည် ကောင်းကင်ဘုံ၌ရှိတော်မူ၏။ ကိုယ်တော်သည် အလိုတော်ရှိသမျှအတိုင်း ပြုတော်မူ၏။
ကောင်းကင်ဘုံ၌ ထိုင်တော်မူသောအရှင်သည် ရယ်မောတော်မူ၏။ ဘုရားရှင်သည် သူတို့ကိုပြက်ရယ်ပြုတော်မူ၏။
အကြောင်းမူကား အမြင့်ဆုံးသောအရှင် ထာဝရဘုရားသည် အံ့ဩဖွယ်အရှင်၊ ကမ္ဘာမြေတစ်ခွင်လုံးကိုအုပ်စိုးသော ကြီးမြတ်သည့်ရှင်ဘုရင်ဖြစ်တော်မူ၏။
ထာဝရဘုရားမူကား အစဉ်အမြဲစိုးစံတော်မူ၏။ ကိုယ်တော်သည် တရားစီရင်ခြင်းအတွက် မိမိပလ္လင်တော်ကိုတည်တော်မူပြီ။
ထာဝရဘုရားက “ကောင်းကင်ဘုံသည် ငါ၏ပလ္လင်ဖြစ်၏။ မြေကြီးသည် ငါ၏ခြေတင်ခုံဖြစ်၏။ ငါ့အတွက် အိမ်ကို အဘယ်မှာဆောက်မည်နည်း။ ငါကိန်းဝပ်ရာအရပ်ကား အဘယ်မှာနည်း”ဟု မိန့်တော်မူ၏။
ဤသည်ကား ကောင်းကင်တမန်တို့ကြေညာသော စီရင်ချက်ဖြစ်၏။ သန့်ရှင်းသူတို့၏စကားလည်း ဖြစ်၏။ အမြင့်ဆုံးသောအရှင်သည် လူ့ပြည်ကိုအုပ်စိုး၍ အလိုတော်ရှိသောသူအား ပေးတော်မူကြောင်းနှင့် အနိမ့်ဆုံးသောသူကိုပင် အုပ်စိုးခွင့်ပေးတော်မူကြောင်းကို အသက်ရှင်သူတို့ သိစေရန် ဖြစ်၏’ဟု ဆိုလေ၏။
အရှင်မင်းကြီးသည် လူ့အသိုင်းအဝိုင်းမှ နှင်ထုတ်ခံရပြီး တောတိရစ္ဆာန်တို့နှင့်အတူ နေထိုင်ရလိမ့်မည်။ နွားကဲ့သို့ မြက်ကိုစားရလိမ့်မည်။ မိုးကောင်းကင်နှင်းများနှင့် စိုလျက်နေလိမ့်မည်။ အမြင့်ဆုံးသောအရှင်သည် လူ့ပြည်ကိုအုပ်စိုး၍ အလိုတော်ရှိသောသူကို ပေးတော်မူကြောင်း အရှင်မင်းကြီး သိမှတ်သည့်တိုင်အောင် ခုနစ်နှစ်ပတ်လုံး နေထိုင်ကျော်လွှားရလိမ့်မည်။
သူ့အား နိုင်ငံတော်နှင့်တကွ အာဏာစက်၊ ဂုဏ်သရေကို အပ်နှင်းပြီဖြစ်၍ နိုင်ငံအသီးသီးမှ ဘာသာစကားအမျိုးမျိုးပြောဆိုသောလူမျိုးအပေါင်းတို့သည် သူ့အားကိုးကွယ်ကြလိမ့်မည်။ သူ၏အာဏာစက်သည် မပျောက်ပျက်၊ ထာဝရတည်သောအာဏာစက် ဖြစ်၏။ နိုင်ငံတော်သည်လည်း မည်သည့်အခါမျှ ပျက်စီးမည်မဟုတ်။
ငါတို့ပြောဆိုနေသော အကြောင်းအရာများ၏အဓိကအချက်ဟူမူကား ငါတို့၌ ဤသို့သောယဇ်ပုရောဟိတ်မင်းရှိသည်ဟူ၍ဖြစ်၏။ ကိုယ်တော်သည် ကောင်းကင်ဘုံရှိ ဘုန်းတန်ခိုးရှင်၏ပလ္လင်တော်လက်ယာဘက်၌ထိုင်လျက်
ခရစ်တော်သည် ကောင်းကင်ဘုံသို့ကြွတော်မူ၍ ကောင်းကင်တမန်များ၊ အာဏာစက်များနှင့် တန်ခိုးတို့ကို မိမိလက်အောက်၌ချထားလျက် ဘုရားသခင်၏လက်ယာတော်ဘက်၌ရှိနေတော်မူ၏။