ယခုမှာ အကျွန်ုပ်တို့၏ဘုရားသခင်၊ ကိုယ်တော်ကို အကျွန်ုပ်တို့ ကျေးဇူးတင်ပါ၏။ ဘုန်းကြီးသောနာမတော်ကို ချီးမွမ်းပါ၏။
ဆာလံ 100:4 - မြန်မာ့စံမီသမ္မာကျမ်း ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့် ကိုယ်တော်၏တံခါးများထဲသို့လည်းကောင်း၊ ဂုဏ်တော်ချီးမွမ်းခြင်းဖြင့် ကိုယ်တော်၏အိမ်တော်ဝင်းထဲသို့လည်းကောင်း ဝင်ကြလော့။ ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်း၍ ကိုယ်တော်၏နာမတော်ကို ကောင်းချီးထောမနာပြုကြလော့။ Common Language Bible ကျေးဇူးတော်ကိုချီးမွမ်းလျက်တံခါးတော် တွင်းသို့ ဝင်ကြလော့။ ထောမနာပြုလျက်တံတိုင်းတော်တွင်းသို့ဝင်ကြလော့။ ကျေးဇူးတော်ကိုချီးမွမ်း၍ကိုယ်တော်အား ထောမနာပြုကြလော့။ Garrad Bible ကျေး ဇူး တော် ကို ချီး မွမ်း လျက်၊ တံ ခါး တော် တွင်း သို့လည်း ကောင်း၊ ဂုဏ် တော် ကို ချီး မြှောက် လျက်၊ တံ တိုင်း တော် တွင်း သို့လည်း ကောင်း၊ ဝင် ကြ လော့။ ကျေး ဇူး တော် ကို ချီး မွမ်း လျက်၊ နာ မ တော် အား ဩ ဘာ ဆက် ကြ လော့။ Judson Bible ကျေးဇူးတော်ကြီးပါသည်ဟု ဝန်ခံလျက်၊ တံခါးတော်တို့ကိုလည်းကောင်း၊ ဂုဏ်တော်ကိုချီးမွမ်းလျက် တံတိုင်းတော်တို့ကိုလည်းကောင်း ဝင်ကြလော့။ ကျေးဇူးတော်ကို ချီးမွမ်း၍ နာမတော်ကို ကောင်းချီးပေးကြလော့။ |
ယခုမှာ အကျွန်ုပ်တို့၏ဘုရားသခင်၊ ကိုယ်တော်ကို အကျွန်ုပ်တို့ ကျေးဇူးတင်ပါ၏။ ဘုန်းကြီးသောနာမတော်ကို ချီးမွမ်းပါ၏။
ထို့နောက် ဒါဝိဒ်မင်းကြီးက လူထုအပေါင်းတို့အား “ယခု သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ချီးမွမ်းကြလော့”ဟု မိန့်ဆိုလျှင် လူထုတစ်ရပ်လုံးက သူတို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို ချီးမွမ်းကြပြီး ထာဝရဘုရားရှေ့၊ ရှင်ဘုရင်ရှေ့တွင် ဦးညွှတ်ပျပ်ဝပ်ကြလေ၏။
လူမျိုးစုတည်းဟူသော ထာဝရဘုရား၏လူမျိုးစုတို့သည် အစ္စရေးအမျိုး၌ထားရှိတော်မူသော သက်သေခံချက်နှင့်အညီ ထာဝရဘုရား၏နာမတော်ကိုချီးမွမ်းရန် ထိုအရပ်သို့တက်သွားကြ၏။
အို ဘုရားသခင်၊ ချီးမွမ်းခြင်းသည် ဇိအုန်၌ ကိုယ်တော်ကို စောင့်ကြိုနေပါ၏။ ပြုထားသောကတိသစ္စာကိုလည်း ကိုယ်တော်ထံ ပြည့်စုံစေပါမည်။
အကျွန်ုပ်သည် ကိုယ်တော်၏အိမ်တော်သို့ မီးရှို့ရာယဇ်များပါလျက်လာပါမည်။ အကျွန်ုပ်၏ကတိသစ္စာများကို ကိုယ်တော့်ထံပြည့်စုံစေပါမည်။
ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့် ကိုယ်တော်၏ရှေ့တော်သို့ဝင်၍ တေးသီချင်းများဖြင့် ကိုယ်တော့်ထံသို့ ဝမ်းမြောက်စွာကြွေးကြော်ကြကုန်စို့။
ထာဝရဘုရားထံ သီချင်းဆိုကြလော့။ ကိုယ်တော်၏နာမတော်ကို ကောင်းချီးထောမနာပြုကြလော့။ ကိုယ်တော်၏ကယ်တင်ခြင်းနှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကို တစ်နေ့ပြီးတစ်နေ့ ဟောပြောကြလော့။
ထာဝရဘုရား၏နာမတော်သည် ဘုန်းကြီးတော်မူသည်ဟု သိမှတ်ဝန်ခံကြလော့။ ပူဇော်သက္ကာကိုယူဆောင်လာ၍ ကိုယ်တော်၏တံတိုင်းတော်များအတွင်းသို့ ဝင်ကြလော့။
ကြီးမြတ်၍ အံ့ဩဖွယ်ကောင်းသော ကိုယ်တော်၏နာမတော်ကို သူတို့ချီးမွမ်းကြပါစေ။ ကိုယ်တော်သည် သန့်ရှင်းတော်မူ၏။
ထာဝရဘုရား ရွေးနုတ်ကယ်တင်တော်မူသောသူတို့သည် ပြန်လာကြမည်။ သီချင်းဆိုလျက် ဇိအုန်မြို့ထဲသို့ ဝင်လာကြမည်။ သူတို့၏ခေါင်းပေါ်၌ ဝမ်းမြောက်ခြင်းသရဖူကို အစဉ်အမြဲဆောင်းကြရမည်။ ဝမ်းနည်းခြင်း၊ ညည်းတွားခြင်းသည် ထွက်ပြေးသွား၍ ရွှင်မြူးခြင်း၊ ဝမ်းမြောက်ခြင်းကို ရရှိကြမည်။
ထို့ကြောင့် ငါတို့သည် နာမတော်ကိုဝန်ခံသောနှုတ်၏အသီးအပွင့်တည်းဟူသော ချီးမွမ်းခြင်းယဇ်ကို ကိုယ်တော်အားဖြင့် ဘုရားသခင်အား အစဉ်မပြတ်ပူဇော်ကြကုန်စို့။