ငါတို့ထံမှ လူအချို့တို့သည် ငါတို့၏ညွှန်ကြားချက်မရှိဘဲထွက်သွား၍ အမျိုးမျိုးသောစကားအားဖြင့် သင်တို့ကိုပူပန်စေပြီး သင်တို့ကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်ဟု ငါတို့ကြားရ၏။
ဂလာတိ 5:10 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့တွင် ခြားနားသောအယူအဆတစ်စုံတစ်ခုမျှ ရှိမည်မဟုတ်ဟု သခင်ဘုရား၌ သင်တို့ကို ငါယုံကြည်စိတ်ချ၏။ သင်တို့ကို မငြိမ်မသက်ဖြစ်စေသောသူသည် မည်သူပင်ဖြစ်ပါစေ ပြစ်ဒဏ်စီရင်ခြင်းကိုခံရလိမ့်မည်။ Common Language Bible သို့ရာတွင်ငါသည်သင်တို့ကို ယနေ့တိုင်အောင် ယုံကြည်စိတ်ချခြင်းရှိ၏။ ငါနှင့်သင်တို့သည် သခင်ဘုရား၌တစ်လုံးတစ်ဝတည်းဖြစ်ကြ သဖြင့် သင်တို့သည်ကွဲလွဲသောအယူကို လက်ခံကြလိမ့်မည်မဟုတ်ဟု ငါယုံကြည် စိတ်ချ၏။ သို့ရာတွင်သင်တို့အားနှောင့်ယှက် သူမည်သူမဆို ဘုရားသခင်၏အပြစ်ဒဏ် ခတ်တော်မူခြင်းကိုခံရမည်။ Garrad Bible သင် တို့ သည် စိတ် ပြောင်း လျက် မ နေ ကြ မည့် အ ကြောင်း၊ အ ရှင် ဘု ရား အား ဖြင့် ငါ ယုံ ကြည် စိတ် ချ သော် လည်း သင် တို့ စိတ် ကို မွှေ နှောက် သူ မည် သူ မ ဆို စီ ရင် ဒဏ် ခံ ရ လိမ့် မည်။ Judson Bible သင်တို့သည် ကွဲပြားသောအယူရှိသမျှကို ပယ်လိမ့်မည်ဟု သခင်ဘုရားကို ငါအမှီပြု၍ စိတ်စွဲလမ်းခြင်းရှိ၏။ သင်တို့ကို နှောင့်ယှက်သော သူမည်သည်ကား၊ မိမိ အပြစ်ဒဏ်ကို ခံရလိမ့်မည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်အယူနှင့် ကွဲလွဲသောအယူကို သင်တို့လက်ခံမည်မဟုတ်ကြောင်း သခင်ဘုရားသည် ကျွန်ုပ်ကို ယုံကြည်စိတ်ချစေတော်မူ၏။ သင်တို့ကို စိတ်ရှုပ်ထွေးစေသောသူ မည်သူမဆို ပြစ်ဒဏ်စီရင်ခံရမည်။ |
ငါတို့ထံမှ လူအချို့တို့သည် ငါတို့၏ညွှန်ကြားချက်မရှိဘဲထွက်သွား၍ အမျိုးမျိုးသောစကားအားဖြင့် သင်တို့ကိုပူပန်စေပြီး သင်တို့ကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်ဟု ငါတို့ကြားရ၏။
ထိုသူ၏ဝိညာဉ်သည် သခင်ဘုရား၏နေ့ရက်၌ ကယ်တင်ခြင်းခံရမည့်အကြောင်း သူ၏သွေးသားပျက်စီးဖို့ရန် ထိုသူကို စာတန်လက်သို့အပ်နှံလိုက်ပြီ။
ငါသည် ဤသို့ယုံကြည်စိတ်ချသဖြင့် သင်တို့သည် ကျေးဇူးတော်ကို နှစ်ကြိမ်ခံစားရမည့်အကြောင်း သင်တို့ထံသို့ ဦးစွာလာ၍
ငါတို့ကို သွေးသားဇာတိအလိုသို့လိုက်၍ အသက်ရှင်လျှောက်လှမ်းနေကြသူကဲ့သို့ သတ်မှတ်သောသူအချို့တို့အပေါ် ရဲဝံ့စွာပြုမူရမည်ဟု ငါယုံကြည်ခံယူထားသည့်အတိုင်း ငါရောက်လာသောအခါ ထိုသို့ရဲဝံ့ပြတ်သားစွာမပြုမူရစေရန် ငါတောင်းပန်၏။
သင်တို့သည် နာခံမှုနှင့်ပြည့်စုံသောအခါ မနာခံမှုရှိသမျှတို့ကို တရားသဖြင့်စီရင်ရန် ငါတို့အသင့်ရှိကြ၏။
ဤအကြောင်းကြောင့် ဖြိုဖျက်ရန်အတွက်မဟုတ်ဘဲ တည်ဆောက်ရန်အတွက် ငါ့အား သခင်ဘုရားပေးတော်မူသောအခွင့်အာဏာကို ငါရောက်လာသောအခါ ပြင်းထန်စွာအသုံးမချရရန် ငါသည် သင်တို့နှင့်ကွဲကွာနေစဉ် ဤအကြောင်းအရာများကို ရေးလိုက်၏။
ငါလာသောအခါ ငါ့ကိုဝမ်းမြောက်စေရမည့်သူများသည် ငါ့ကိုဝမ်းနည်းစေမည်စိုး၍ ဤအကြောင်းအရာကို ငါရေးလိုက်ခြင်းဖြစ်၏။ ငါ၏ဝမ်းမြောက်ခြင်းသည် သင်တို့ရှိသမျှ၏ဝမ်းမြောက်ခြင်းဖြစ်သည်ဟု သင်တို့အားလုံးနှင့်ပတ်သက်၍ ငါယုံကြည်စိတ်ချလျက်ရှိ၏။
ထို့ကြောင့် ယခုမှစ၍ ငါတို့သည် မည်သူ့ကိုမျှ သွေးသားဇာတိသဘောဖြင့် မသိမှတ်တော့ပေ။ ငါတို့သည် ခရစ်တော်ကို သွေးသားဇာတိသဘောဖြင့် သိမှတ်ခဲ့လျှင်လည်း ယခုတွင် ထိုသို့မသိမှတ်တော့ပေ။
ထိုသူတို့နှင့်အတူ ငါတို့၏အခြားညီအစ်ကိုတစ်ဦးကိုလည်း စေလွှတ်လိုက်ပါ၏။ ငါတို့သည် သူ့ကို အကြိမ်ကြိမ်စစ်ဆေးပြီး သူသည် အကြောင်းကိစ္စများစွာတို့၌ စိတ်အားထက်သန်သူဖြစ်ကြောင်း တွေ့ရှိရ၏။ သူသည် သင်တို့အပေါ် ယုံကြည်စိတ်ချမှုအပြည့်အဝရှိသောကြောင့် ယခု ပို၍ပင်စိတ်အားထက်သန်လျက်ရှိ၏။
ထိုသို့ဆိုသော် အခြားကောင်းမြတ်သောသတင်းရှိသည်မဟုတ်။ လူအချို့တို့သည် သင်တို့ကို မငြိမ်မသက်ဖြစ်စေ၍ ခရစ်တော်၏ကောင်းမြတ်သောသတင်းကို မှောက်လှန်လိုကြခြင်းသာဖြစ်၏။
ဤသို့ဆိုရခြင်းမှာ လျှို့ဝှက်စွာဝင်လာသော ညီအစ်ကိုအတုအယောင်များရှိကြသောကြောင့်ဖြစ်၏။ ထိုသူတို့သည် ငါတို့ကို ကျွန်ခံစေလို၍ ခရစ်တော်ယေရှုအားဖြင့် ငါတို့ရရှိသော ငါတို့၏လွတ်လပ်ခြင်းကိုစုံစမ်းရန် ဝင်ရောက်လာကြ၏။
ထိုအထင်ကရဖြစ်သောသူတို့သည် ယခင်က မည်ကဲ့သို့သောသူဖြစ်ပါစေ ငါ့အတွက်အကြောင်းမဟုတ်။ ဘုရားသခင်သည် လူ့မျက်နှာကိုထောက်တော်မမူ။ အမှန်စင်စစ် ထိုအထင်ကရဖြစ်သောသူတို့သည် ငါ့အပေါ် မည်သည့်အရာကိုမျှ မဖြည့်စွက်ခဲ့ကြပေ။
အို မိုက်မဲသောဂလာတိပြည်သားတို့၊ လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရသော ယေရှုခရစ်တော်သည် သင်တို့မျက်စိရှေ့၌ ထင်ရှားစွာဖော်ပြခြင်းခံရလျက်နှင့် မည်သူက သင်တို့ကိုပြုစားလိုက်သနည်း။
သင်တို့အတွက် ငါကြိုးစားလုပ်ဆောင်ခဲ့သောအရာသည် အကြောင်းတစ်စုံတစ်ခုကြောင့် အချည်းနှီးဖြစ်ပြီလောဟု သင်တို့အတွက် ငါစိုးရိမ်၏။
သင်တို့အပေါ် အရေးတယူပြုကြသောထိုသူတို့သည် ကောင်းသောရည်ရွယ်ချက်ကြောင့်မဟုတ်ဘဲ သူတို့အပေါ် အရေးတယူပြုစေရန် သင်တို့ကို သီးသန့်ဖယ်ထုတ်လို၍သာဖြစ်၏။
ငါသည် သင်တို့နှင့်ပတ်သက်၍ တွေးမရဖြစ်နေသဖြင့် ယခုပင် သင်တို့နှင့်အတူရှိလျက် ငါ့လေသံကို ငါပြောင်းလို၏။
သင်တို့ကို မွှေနှောက်ရှုပ်ထွေးစေသောသူတို့သည် မိမိတို့ကိုယ်ကိုပင် သင်းကွပ်လိုက်လျှင် ကောင်းလိမ့်မည်။
သင်တို့သည် ကောင်းစွာပြေးခဲ့ကြ၏။ သမ္မာတရားကိုမလိုက်နာစေရန် မည်သူက သင်တို့ကို အနှောင့်အယှက်ပေးသနည်း။
ယခုမှစ၍ မည်သူမျှ ငါ့အား အနှောင့်အယှက်မပေးပါစေနှင့်။ အကြောင်းမူကား ငါသည် ယေရှုနှင့်ဆိုင်သောအမှတ်တံဆိပ်များကို ငါ၏ကိုယ်ခန္ဓာ၌ ဆောင်ထား၏။
ထို့ကြောင့် စုံလင်ရင့်ကျက်သောသူရှိသမျှတို့သည် ဤသို့သောစိတ်သဘောရှိသင့်၏။ သင်တို့၌ ခြားနားသောစိတ်သဘောတစ်စုံတစ်ခုရှိလျှင်လည်း ဘုရားသခင်သည် ထိုအရာကိုပင် သင်တို့အား ဖော်ပြတော်မူလိမ့်မည်။
သင်တို့သည် ငါတို့ညွှန်ကြားသည့်အရာများကို ယခုဆောင်ရွက်နေကြ၏။ ဆက်၍လည်း ဆောင်ရွက်ကြလိမ့်မည်ဟု သခင်ဘုရား၌ သင်တို့အပေါ် ငါတို့ယုံကြည်စိတ်ချကြ၏။
ထိုသူတို့တွင် ဟုမေနဲနှင့်အလက်ဇန္ဒြားတို့ပါဝင်ကြ၏။ သူတို့သည် ဘုရားသခင်ကို စော်ကားပြောဆိုခြင်းမပြုမည့်အကြောင်း ဆုံးမခြင်းကိုခံရကြရန် သူတို့ကို စာတန်လက်သို့ ငါအပ်လိုက်၏။
သင်၏နာခံခြင်းကို ယုံကြည်စိတ်ချ၍ ငါပြောသောအရာထက်ပင် သင်ပို၍ပြုမည်ကို သိလျက် သင့်ထံသို့ ငါစာရေးလိုက်ပါ၏။