“အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။ အကြောင်းမူကား ကိုယ်တော်သည် မိမိလူမျိုးတော်ကို အကြည့်အရှုကြွလာတော်မူ၍ ရွေးနုတ်ကယ်တင်ခြင်းကျေးဇူးကိုပြုတော်မူပြီး
ဂလာတိ 4:5 - မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား ပညတ်တရားအောက်၌ရှိသောသူတို့ကို ရွေးနုတ်တော်မူသဖြင့် ငါတို့သည် သားသမီးအရာကိုရရှိကြရန်ဖြစ်၏။ Judson Bible ပညတ်တရားလက်၌ရှိသော ငါတို့ကို ရွေးနုတ်စေခြင်းငှာ၊ မိန်းမဝမ်း၌ ပဋိသန္ဓေယူ၍ ပညတ်တရားအောက်၌ ဖွားမြင်ရသော သားတော်ကို ဘုရားသခင်သည် စေလွှတ်တော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤသည်မှာ ပညတ်တရား၏ လက်အောက်ခံဖြစ်သော ကျွန်ုပ်တို့ကို လွတ်မြောက်စေတော်မူ၍ ကျွန်ုပ်တို့အား သားသမီးဖြစ်ခွင့်ကို ရရှိစေရန်ဖြစ်၏။ |
“အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။ အကြောင်းမူကား ကိုယ်တော်သည် မိမိလူမျိုးတော်ကို အကြည့်အရှုကြွလာတော်မူ၍ ရွေးနုတ်ကယ်တင်ခြင်းကျေးဇူးကိုပြုတော်မူပြီး
သို့ရာတွင် ကိုယ်တော်ကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်၏နာမတော်ကိုယုံကြည်သောသူတို့အား ဘုရားသခင်၏သားသမီးများဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။
သင်တို့သည် မိမိတို့ကိုယ်ကိုလည်းကောင်း၊ သိုးစုအားလုံးကိုလည်းကောင်း ဂရုစိုက်ကြလော့။ ကိုယ်တော်၏သွေးတော်နှင့်ဝယ်ယူထားသော ဘုရားသခင်၏အသင်းတော်ကို သင်တို့အုပ်ထိန်းစေရန် ထိုသိုးစုကိုကြီးကြပ်သူအဖြစ် သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့ကိုခန့်အပ်ထားတော်မူ၏။
ခရစ်တော်သည် ယုံကြည်သောသူတိုင်း ဖြောင့်မတ်ခြင်းကိုရရှိရန် ပညတ်တရား၏အဆုံးသတ်ရာဖြစ်တော်မူ၏။
အကြောင်းမူကား ဘုရားသခင်၏ဝိညာဉ်တော်ရှေ့ဆောင်လမ်းပြမှုကို ခံယူသမျှသောသူတို့သည် ဘုရားသခင်၏သားများဖြစ်ကြ၏။
သင်တို့သည် ကြောက်ရွံ့ခြင်းသို့ တစ်ဖန်ရောက်စေသော ကျွန်၏ဝိညာဉ်ကိုခံယူရရှိကြသည်မဟုတ်ဘဲ သားသမီးအရာကိုပေးသောဝိညာဉ်တော်ကို ခံယူရရှိကြ၏။ ထိုဝိညာဉ်တော်အားဖြင့် “အဗ္ဗ၊ အဖ”ဟု ငါတို့ခေါ်ကြ၏။
ဖန်ဆင်းခံလောကသည် ဘုရားသခင့်သားများ၏ထင်ရှားခြင်းကို အလွန်တောင့်တသောစိတ်ဖြင့် စောင့်မျှော်လျက်နေ၏။
ထိုမျှမက ဝိညာဉ်တော်၏အသီးဦးကိုရရှိသော ငါတို့ကိုယ်တိုင်သည်လည်း သားသမီးအရာကိုရခြင်းတည်းဟူသော ငါတို့၏ကိုယ်ခန္ဓာရွေးနုတ်ခံရခြင်းကို စောင့်မျှော်လျက် စိတ်နှလုံးထဲ၌ ညည်းတွားနေကြ၏။
သူတို့သည် အစ္စရေးအမျိုးသားများဖြစ်ကြပြီး သားသမီးအရာဖြစ်စေ၊ ဘုန်းအသရေဖြစ်စေ၊ ပဋိညာဉ်များဖြစ်စေ၊ ပညတ်တရားပေးအပ်ခြင်းဖြစ်စေ၊ ဝတ်ပြုခြင်းဖြစ်စေ၊ ကတိတော်များဖြစ်စေ ထိုသူတို့နှင့်ဆိုင်၏။
ခရစ်တော်သည် ငါတို့အတွက် ကျိန်ခြင်းခံရသူဖြစ်ပြီး ငါတို့ကို ပညတ်တရား၏ကျိန်ခြင်းမှ ရွေးနုတ်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် “သစ်တိုင်ပေါ်၌ဆွဲထားခြင်းခံရသူတိုင်း ကျိန်ခြင်းကိုခံရသူဖြစ်၏”ဟု ရေးထား၏။
အကြောင်းမူကား သင်တို့အားလုံးသည် ခရစ်တော်ယေရှုကိုယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏သားသမီးများဖြစ်ကြ၏။
ပညတ်တရားအောက်၌နေလိုသောသူတို့၊ ငါ့ကိုပြောပြကြလော့။ ပညတ်တရားက မည်သို့မိန့်ဆိုထားသည်ကို သင်တို့မကြားကြသလော။
သို့ဖြစ်၍ သင်သည် ကျွန်မဟုတ်တော့ဘဲ သားဖြစ်၏။ သားဖြစ်လျှင် ဘုရားသခင်အားဖြင့် အမွေခံလည်းဖြစ်၏။
မိမိအလိုတော်နှင့်ညီသောစေတနာအတိုင်း ယေရှုခရစ်တော်အားဖြင့် ငါတို့ကို မိမိ၏သားသမီးအရာ၌ မေတ္တာတော်ဖြင့် ကြိုတင်သတ်မှတ်ထားတော်မူ၏။
ဘုရားသခင်၏ကျေးဇူးတော်ကြွယ်ဝတော်မူသည်နှင့်အညီ ငါတို့သည် သားတော်၏သွေးတော်အားဖြင့် ရွေးနုတ်ခြင်းတည်းဟူသော ကျူးလွန်သည့်အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးကို ထိုသားတော်အားဖြင့်ရရှိကြ၏။
ခရစ်တော်သည် ငါတို့ကိုချစ်တော်မူ၍ ငါတို့အတွက် မိမိကိုယ်ကို ပူဇော်သက္ကာနှင့်ယဇ်တည်းဟူသော မွှေးကြိုင်သည့်ရနံ့အဖြစ် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံတော်မူသည့်နည်းတူ ချစ်ခြင်းမေတ္တာ၌ အသက်ရှင်လျှောက်လှမ်းကြလော့။
ခရစ်တော်သည် ငါတို့ကို ခပ်သိမ်းသောတရားမဲ့ခြင်းထဲမှ ရွေးနုတ်ကယ်တင်ရန်နှင့် ကောင်းသောအမှု၌ စိတ်အားထက်သန်သည့် မိမိပိုင်တော်မူသောလူမျိုးကို မိမိအတွက်စင်ကြယ်စေရန် ငါတို့အတွက် မိမိကိုယ်ကိုစွန့်တော်မူ၏။
သားတော်သည် ဘုရားသခင်၏ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်တို့ကို ထင်ဟပ်သောပုံသဏ္ဌာန်ဖြစ်တော်မူပြီး မိမိ၏တန်ခိုးနှင့်ပြည့်စုံသော နှုတ်ကပတ်တော်အားဖြင့် အရာခပ်သိမ်းကိုတည်စေ၍ အပြစ်များအတွက် စင်ကြယ်ခြင်းဝတ်ကိုပြုပြီးလျှင် အထက်ကောင်းကင်၌ ဘုန်းတန်ခိုးရှင်၏လက်ယာဘက်တွင် ထိုင်တော်မူ၏။
ဆိတ်နှင့်နွားသငယ်တို့၏သွေးအားဖြင့်မဟုတ်ဘဲ မိမိ၏သွေးတော်အားဖြင့် သန့်ရှင်းရာဌာနထဲသို့ တစ်ကြိမ်တည်းနှင့်အပြီးဝင်တော်မူ၍ ထာဝရရွေးနုတ်ကယ်တင်ခြင်းအကျိုးကို သက်ရောက်စေတော်မူ၏။
ထို့ကြောင့် ခရစ်တော်သည် ပဋိညာဉ်သစ်၏ကြားဝင်စေ့စပ်သူဖြစ်တော်မူ၏။ ဤသည်ကား ပထမပဋိညာဉ်လက်အောက်၌ ဖောက်ဖျက်ကျူးလွန်သောအပြစ်များမှ လူတို့ကိုရွေးနုတ်ရန် ကိုယ်တော်သည် အသေခံတော်မူခြင်းအားဖြင့် ခေါ်ယူတော်မူသောသူတို့သည် ထာဝရအမွေနှင့်ဆိုင်သောကတိတော်ကို ရရှိမည့်အကြောင်းတည်း။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည်လည်း အပြစ်အတွက် တစ်ကြိမ်တည်းနှင့်အပြီး ဒုက္ခဝေဒနာခံစားတော်မူ၏။ သင်တို့ကို ဘုရားသခင်ထံတော်သို့ပို့ဆောင်မည့်အကြောင်း ဖြောင့်မတ်သောအရှင်သည် မဖြောင့်မတ်သောသူတို့ကိုယ်စား ဒုက္ခဝေဒနာခံစားတော်မူ၏။ ကိုယ်တော်သည် ကိုယ်ကာယ၌ အမှန်ပင်အသေခံသော်လည်း ဝိညာဉ်တော်၌မူကား အသက်ရှင်စေခြင်းကိုခံတော်မူလျက်
သူတို့သည် ပလ္လင်တော်ရှေ့၌လည်းကောင်း၊ သတ္တဝါလေးပါးနှင့် သက်ကြီးဝါကြီးတို့၏ရှေ့၌လည်းကောင်း သီချင်းသစ်ကိုသီဆိုကြ၏။ ကမ္ဘာမြေကြီးပေါ်မှ ရွေးနုတ်ဝယ်ယူခြင်းခံရသူ တစ်သိန်းလေးသောင်းလေးထောင်တို့မှတစ်ပါး မည်သူကမျှ ထိုသီချင်းကိုမသင်ယူနိုင်ပေ။
ထို့နောက် သူတို့သည် သီချင်းအသစ်ကိုသီဆိုလျက် “ကိုယ်တော်သည် စာလိပ်ကိုယူ၍ ၎င်း၏တံဆိပ်များကိုဖွင့်ရန် ထိုက်တန်သောသူဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် အသေသတ်ခြင်းခံရ၍ ကိုယ်တော်၏သွေးတော်အားဖြင့် မျိုးနွယ်စု၊ ဘာသာစကား၊ လူမျိုးနှင့် တိုင်းနိုင်ငံအသီးသီးတို့ထဲမှ လူတို့ကို ဘုရားသခင်အတွက် ရွေးနုတ်ဝယ်ယူပြီး