ကိုယ်တော်၏နှုတ်ကပတ်တော်တို့အပေါ် ထပ်မံ၍မဖြည့်စွက်နှင့်။ ဖြည့်စွက်လျှင် ကိုယ်တော်သည် သင့်ကိုဆုံးမသဖြင့် သင်သည် လိမ်လည်သောသူဖြစ်သွားလိမ့်မည်။
ဂလာတိ 1:9 - မြန်မာ့စံမီသမ္မာကျမ်း ယခင်က ငါတို့ပြောခဲ့သည့်အတိုင်း ယခုထပ်မံ၍ ငါပြောသည်မှာ မည်သူမဆို သင်တို့လက်ခံခဲ့ပြီးဖြစ်သည့် ကောင်းမြတ်သောသတင်းနှင့် ကွဲလွဲခြားနားသည့်အရာကို ဟောပြောလျှင် ထိုသူသည် ကျိန်ခြင်းကိုခံပါစေ။ Common Language Bible သင်တို့နာယူရရှိသည့်သတင်းကောင်းနှင့်မတူ ကွဲပြားခြားနားသည့်သတင်းကောင်းကိုဟောပြော သူသည် ကျိန်တော်မူခြင်းကိုခံစေဟူ၍ ငါတို့ ဆိုခဲ့ပြီးသည့်အတိုင်းယခုထပ်မံ၍ငါဆို၏။ Garrad Bible ယ မန် ငါ တို့ ဆို ခဲ့ သည့် အ တိုင်း ယ ခု ငါ ပြန် ဆို သည် ကား၊ မည် သူ မ ဆို သင် တို့ ခံ ယူ ရင်း သ တင်း တော် နှင့် ဆန့် ကျင် သော သ တင်း ကို ကြား ပြော လျှင် အ မင်္ဂ လာ ခံ စေ။ Judson Bible တစ်ဖန်တုံ၊ သင်တို့ခံယူပြီးသော ဧဝံဂေလိတရားမှတစ်ပါး အခြားသော ဧဝံဂေလိတရားကို တစ်စုံတစ်ယောက်သောသူ ဟောပြောလျှင်၊ ထိုသူသည် ကျိန်တော်မူခြင်းကို ခံစေဟု ငါတို့ဆိုခဲ့ပြီးသည်အတိုင်း ယခုငါထပ်၍ဆိုသေး၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်စုံတစ်ယောက်သည် သင်တို့လက်ခံခဲ့သော သတင်းကောင်းမဟုတ်သည့် အခြားသတင်းကောင်းကို ဟောပြောလျှင် သူသည် ကျိန်ဆိုခြင်းကို ခံရပါစေ ဟု ယခင်က ကျွန်ုပ်တို့ပြောခဲ့သည့်အတိုင်း ယခုတစ်ဖန် ကျွန်ုပ်ပြော၏။ |
ကိုယ်တော်၏နှုတ်ကပတ်တော်တို့အပေါ် ထပ်မံ၍မဖြည့်စွက်နှင့်။ ဖြည့်စွက်လျှင် ကိုယ်တော်သည် သင့်ကိုဆုံးမသဖြင့် သင်သည် လိမ်လည်သောသူဖြစ်သွားလိမ့်မည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “သင်တို့အား ပရောဖက်ပြုဟောပြောသော ပရောဖက်တို့စကားကို နားမထောင်ကြနှင့်။ သူတို့သည် သင်တို့အား အဓိပ္ပာယ်မဲ့သောစကားကို ဟောပြောကြ၏။ ထာဝရဘုရား၏နှုတ်ထွက်စကားမဟုတ်ဘဲ မိမိတို့စိတ်သဘောအတိုင်း ဗျာဒိတ်နိမိတ်ကို ဟောပြောတတ်ကြ၏။
သူသည် ထိုနေရာ၌ အချိန်အတန်ကြာနေပြီးနောက် ပြန်လည်ထွက်ခွာ၍ ဂလာတိပြည်နှင့်ဖြူဂိပြည်တို့ကို အစဉ်လိုက်လှည့်လည်ကာ တပည့်တော်အားလုံးတို့ကို ခိုင်ခံ့မြဲမြံစေ၏။
ညီအစ်ကိုတို့၊ သင်တို့ခံယူပြီးသောသွန်သင်ချက်ကိုဆန့်ကျင်၍ ကွဲပြားခြင်းနှင့်မှားယွင်းခြင်းတို့ကို ဖြစ်ပွားစေသောသူတို့ကိုသတိပြုလျက် ရှောင်ရှားကြရန်သင်တို့အား ငါတိုက်တွန်းနှိုးဆော်၏။
အမှန်စင်စစ် သွေးသားဇာတိအားဖြင့် ငါ၏အမျိုးသားချင်းများဖြစ်ကြသော ငါ့ညီအစ်ကိုတို့အတွက် ငါကိုယ်တိုင် ခရစ်တော်နှင့်ကွဲကွာလျက် ကျိန်ခြင်းကိုပင် ခံလိုသောဆန္ဒရှိ၏။
ဤသို့စီစဉ်သောအခါ ငါသည် ပေါ့ပေါ့တန်တန်စီစဉ်ခဲ့သလော၊ သို့မဟုတ် ငါစီစဉ်သောအရာများကို ဇာတိသဘောဖြင့်စီစဉ်ခဲ့သောကြောင့် ငါ့စကားသည် တစ်ချိန်တည်းတွင် “ဟုတ်ပါ၏။ ဟုတ်ပါ၏” နှင့် “မဟုတ်ပါ။ မဟုတ်ပါ”ဟူ၍ ဖြစ်ခဲ့သလော။
သင်တို့အား ငါမှာကြားထားသည့် နှုတ်ကပတ်တော်ရှိသမျှတို့ကို လိုက်နာစောင့်ထိန်းရမည်။ မဖြည့်စွက်ရ။ မနုတ်ပယ်ရ။
သင်တို့အား ငါမှာကြားသောစကားတို့ကို မဖြည့်စွက်ရ။ မနုတ်ပယ်ရ။ သင်တို့အား ငါဆင့်ဆိုသော သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ပညတ်တော်များကို စောင့်ထိန်းရမည်။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် ငါ့ညီအစ်ကိုတို့၊ သခင်ဘုရား၌ဝမ်းမြောက်ကြလော့။ သင်တို့ထံသို့ တူညီသောအကြောင်းများကို ထပ်၍ရေးသားခြင်းသည် ငါ့အတွက် ပင်ပန်းစရာမဟုတ်ဘဲ သင်တို့အတွက် ဘေးဆီးရန်ကာဖြစ်၏။
သခင်ဘုရား၌ အစဉ်အမြဲဝမ်းမြောက်ကြလော့။ တစ်ဖန် ငါဆိုသည်ကား ဝမ်းမြောက်ကြလော့။