သုံးရက်မြောက်သောနေ့၌ ယောသပ်က သူတို့အား “ငါသည် ဘုရားသခင်ကိုကြောက်ရွံ့သောသူဖြစ်၏။ သင်တို့သည် အသက်ချမ်းသာရာရမည့်အကြောင်း ဤသို့ပြုကြလော့။
ကောလောသဲ 3:22 - မြန်မာ့စံမီသမ္မာကျမ်း ကျွန်ဖြစ်သူတို့၊ သင်တို့၏လောကီသခင်များကို အရာရာ၌ နာခံကြလော့။ မျက်နှာလိုမျက်နှာရလုပ်သူများကဲ့သို့ မျက်မှောက်၌သာ လုပ်ဆောင်ခြင်းမျိုးမဟုတ်ဘဲ သခင်ဘုရားကိုကြောက်ရွံ့လျက် ရိုးသားသောစိတ်နှလုံးဖြင့် နာခံကြလော့။ Common Language Bible ကျွန်ဖြစ်သူတို့၊ သင်တို့ကိုပိုင်သောသခင်များ ၏စကားကိုအရာရာတွင်နားထောင်ကြလော့။ သင်တို့သည်မျက်နှာရရန်သူတို့၏ရှေ့မှောက် ၌သာလျှင်သူတို့၏စကားကိုနားထောင်သည် မဟုတ်၊ သခင်ဘုရားကိုကြောက်ရွံ့ရိုသေ သောအားဖြင့် သူတို့၏စကားကိုရိုးဖြောင့် သောစိတ်နှင့်နားထောင်ကြလော့။- Garrad Bible ကျွန် ဖြစ် သူ တို့၊ လူ့ စိတ် နှင့် တွေ့ လို သူ တို့ နည်း တူ မျက် မှောက်၌ သာ မ ဟုတ်။ အ ရှင် ဘု ရား ကို ခန့် ညား လျက် ရိုး ဖြောင့် သော စိတ် နှ လုံး နှင့် ရုပ် ခ န္ဓာ အ လျောက် အ ရှင် ဖြစ် သူ တို့ အ မိန့် ကို အ ရာ ရာ တွင် နား ထောင် ကြ လော့။ Judson Bible အစေခံကျွန်တို့၊ သခင်ဘုရားကို ကြောက်ရွံ့လျက်၊ လူတို့၏စိတ်ကို နူးညွတ်စေသောသူကဲ့သို့၊ မျက်မှောက်၌သာ နားထောင်သည်မဟုတ်၊ စိတ်နှစ်ခွမရှိဘဲ၊ လောကီသခင်၏စကားကို အရာရာ၌ နားထောင်ကြလော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ဖြစ်သူတို့… အရာရာ၌ သင်တို့၏ လောကီသခင်ကို နာခံကြလော့။ မျက်နှာသာရရန်အတွက် သူ့ရှေ့၌သာ နာခံသည်မဟုတ်ဘဲ သခင်ဘုရားကို ကြောက်ရွံ့ရိုသေလျက် ရိုးသားသောစိတ်ဖြင့် နာခံကြလော့။ |
သုံးရက်မြောက်သောနေ့၌ ယောသပ်က သူတို့အား “ငါသည် ဘုရားသခင်ကိုကြောက်ရွံ့သောသူဖြစ်၏။ သင်တို့သည် အသက်ချမ်းသာရာရမည့်အကြောင်း ဤသို့ပြုကြလော့။
ငါမတိုင်ခင် ဘုရင်ခံလုပ်သောသူတို့သည် ပြည်သူပြည်သားတို့အား ဝန်လေးအောင်ပြုခဲ့ကြ၏။ ငွေရှယ်ကယ်လေးဆယ်အပြင် မုန့်နှင့် စပျစ်ဝိုင်ကိုပါ ယူကြ၏။ သူတို့၏လက်အောက်ငယ်သားတို့သည်လည်း ပြည်သူပြည်သားတို့ကို နိုင်လိုမင်းထက်ပြုကြ၏။ ငါမူကား ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောကြောင့် ထိုသို့မပြု။
ငါကလည်း ဆက်၍ “သင်တို့လုပ်ရပ်သည် ဆိုးဝါးလှ၏။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောစိတ်ဖြင့် အသက်ရှင်လျှောက်လှမ်းရမည်မဟုတ်လော။ သို့မှ ငါတို့ရန်သူ လူမျိုးခြားတို့၏ကဲ့ရဲ့ရှုတ်ချခြင်းနှင့် ကင်းမည်မဟုတ်လော။
ကျွန်ယောက်ျားတို့သည် မိမိတို့သခင်၏လက်ကို မျှော်ကြည့်သကဲ့သို့လည်းကောင်း၊ ကျွန်မိန်းမသည် မိမိသခင်မ၏လက်ကို မျှော်ကြည့်သကဲ့သို့လည်းကောင်း၊ အကျွန်ုပ်တို့သည် အကျွန်ုပ်တို့ကို သနားတော်မူသည်အထိ အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရားကို မျှော်ကြည့်ကြပါ၏။
အားလုံးကိုကြားရပြီးသည့်နောက် နိဂုံးချုပ်စကားဟူမူကား ဘုရားသခင်ကိုကြောက်ရွံ့၍ ကိုယ်တော်၏ပညတ်တော်တို့ကိုစောင့်ထိန်းလော့။ အဘယ်ကြောင့်ဆိုသော် ဤအရာသည် လူတို့ပြုရမည့်အရာအလုံးစုံ၏အချုပ်ဖြစ်၏။
အိပ်မက်များပြားခြင်းအားဖြင့် အချည်းနှီးသောအရာနှင့် စကားတို့သည်လည်း များပြားလာတတ်၏။ သို့ဖြစ်၍ ဘုရားသခင်ကို ကြောက်ရွံ့လော့။
အပြစ်ပြုသောသူသည် မကောင်းမှုကိုအကြိမ်တစ်ရာပြုလျက်ပင် အသက်ရှည်သော်လည်း ဘုရားသခင်ကိုကြောက်ရွံ့သောသူတို့သည် ကိုယ်တော်၏ရှေ့တော်၌ ကြောက်ရွံ့ကြသောကြောင့် ကောင်းကျိုးချမ်းသာကိုခံစားရကြောင်း ငါအမှန်သိ၏။
အို နာမတော်ကိုမထီမဲ့မြင်ပြုသောယဇ်ပုရောဟိတ်တို့၊ သားသည် ဖခင်ကိုလည်းကောင်း၊ ကျွန်သည် သခင်ကိုလည်းကောင်း ရိုသေလေးစားတတ်၏။ ငါသည် ဖခင်ဆိုလျှင် ငါ့ကို မည်သူရိုသေလေးစားသနည်း။ ငါသည် သခင်ဆိုလျှင် ငါ့ကို မည်သူကြောက်ရွံ့သနည်းဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမေးတော်မူလျှင် သင်တို့က ‘အကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်ကို မည်သို့မထီမဲ့မြင်ပြုပါသနည်း’ဟု ပြန်မေးလျှောက်ကြ၏။
မျက်စိသည် ကိုယ်ခန္ဓာ၏ဆီမီးဖြစ်၏။ ထို့ကြောင့် သင်၏မျက်စိကောင်းလျှင် သင်၏ကိုယ်ခန္ဓာတစ်ခုလုံးတောက်ပနေလိမ့်မည်။
ဤသို့ဆိုခြင်းမှာ အကျွန်ုပ်သည်လည်း အမိန့်အာဏာအောက်၌ရှိသောသူတစ်ယောက်ဖြစ်ပြီး အကျွန်ုပ်၏လက်အောက်တွင် စစ်သားများရှိပါသည်။ ဤတစ်ယောက်ကို ‘သွားပါ’ဟု အကျွန်ုပ်ဆိုလျှင် သူသည်သွား၍ အခြားတစ်ယောက်ကို ‘လာပါ’ဟု ဆိုလျှင် သူသည်လာပါသည်။ အကျွန်ုပ်၏အစေအပါးကိုလည်း ‘ဤအရာကိုလုပ်ပါ’ဟု ဆိုလျှင် သူသည်လုပ်ပါသည်”ဟူ၍ လျှောက်လေ၏။
သင်တို့သည် ငါ့ကို ‘သခင်၊ သခင်’ဟု ခေါ်ကြပြီး အဘယ်ကြောင့် ငါပြောသောအရာကိုမကျင့်သုံးဘဲနေကြသနည်း။
ဤသို့ဆိုခြင်းမှာ အကျွန်ုပ်သည်လည်း အမိန့်အာဏာအောက်၌ရှိသောသူတစ်ဦးဖြစ်ပြီး အကျွန်ုပ်၏လက်အောက်တွင် စစ်သားများရှိပါသည်။ ဤတစ်ဦးကို ‘သွားပါ’ဟု အကျွန်ုပ်ဆိုလျှင် သူသည်သွား၍ အခြားတစ်ဦးကို ‘လာပါ’ဟု ဆိုလျှင် သူသည်လာပါသည်။ အကျွန်ုပ်၏အစေအပါးကိုလည်း ‘ဤအရာကိုလုပ်ပါ’ဟု ဆိုလျှင် သူသည်လုပ်ပါသည်”ဟူ၍ လျှောက်စေ၏။
သူတို့သည် နေ့တိုင်း တညီတညွတ်တည်းဖြင့် ဗိမာန်တော်၌ အစဉ်တစိုက်စုဝေးကြ၍ တစ်အိမ်ပြီးတစ်အိမ်မုန့်ဖဲ့ခြင်းအမှုကိုပြုလျက် စေတနာစိတ်နှင့်ရွှင်မြူးသောစိတ်တို့ဖြင့် အစားအစာကို ဝေမျှစားသောက်ကြကာ
ချစ်ရသောသူတို့၊ ငါတို့၌ ဤသို့သော ကတိတော်များရှိကြသောကြောင့် ကိုယ်ကာယနှင့်စိတ်ဝိညာဉ်တို့၏အညစ်အကြေးရှိသမျှတို့မှ မိမိတို့ကိုယ်ကိုစင်ကြယ်စေ၍ ဘုရားသခင်ကိုကြောက်ရွံ့ခြင်းအားဖြင့် မြင့်မြတ်သန့်ရှင်းခြင်းနှင့်ပြည့်စုံကြကုန်စို့။
အကြောင်းမူကား ယခု ငါသည် လူတို့ထံမှမျက်နှာရရန် ကြိုးစားနေသလော၊ သို့မဟုတ် ဘုရားသခင်ထံမှမျက်နှာရရန် ကြိုးစားနေသလော၊ သို့တည်းမဟုတ် လူတို့ကိုနှစ်သက်စေရန် ကြိုးစားနေသလော။ လူတို့ကိုနှစ်သက်စေရန် ငါကြိုးစားနေသေးလျှင် ငါသည် ခရစ်တော်၏အစေအပါးဖြစ်သည်မဟုတ်။
သားသမီးတို့၊ အရာရာ၌ မိဘစကားကိုနားထောင်ကြလော့။ အကြောင်းမူကား ဤအရာသည် သခင်ဘုရားနှစ်သက်တော်မူသောအရာဖြစ်၏။
ဘုရားသခင်သည် ငါတို့ကိုအသိအမှတ်ပြုလျက် ကောင်းမြတ်သောသတင်းကို ငါတို့၌ယုံကြည်အပ်နှံထားသည့်အလျောက် ငါတို့သည် လူတို့ကိုနှစ်သက်စေရန်မဟုတ်ဘဲ ငါတို့၏စိတ်နှလုံးကိုစစ်ဆေးတော်မူသောဘုရားသခင်ကို နှစ်သက်စေရန် ဟောပြောကြ၏။
ထိုသို့ဆိုရာ၌ ကျွန်တစ်ဦးကဲ့သို့မဟုတ်တော့ဘဲ ကျွန်ထက် ပို၍မြတ်သည့် ချစ်သောညီအစ်ကိုအဖြစ် ရရှိခြင်းကိုဆိုလို၏။ အထူးသဖြင့် ငါ့အတွက် ထိုသို့ဖြစ်လေပြီ။ သင့်အတွက်မူကား သွေးသား၌လည်းကောင်း၊ သခင်ဘုရား၌လည်းကောင်း မည်မျှပို၍ ထိုကဲ့သို့ဖြစ်လိမ့်မည်နည်း။