သို့ဖြစ်လျှင် အာပေါလုကား မည်သူနည်း။ ပေါလုကား မည်သူနည်း။ သူတို့သည် မိမိတို့တစ်ဦးစီအား ထာဝရဘုရားပေးအပ်တော်မူသည့်အတိုင်း သင်တို့ကို ယုံကြည်ခြင်းသို့ပို့ဆောင်ပေးသော အမှုတော်ဆောင်များဖြစ်ကြ၏။
ကောလောသဲ 1:25 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်၏နှုတ်ကပတ်တော်ကို အပြည့်အဝဟောပြောစေရန် သင်တို့အတွက် ငါ့အားပေးတော်မူသော ဘုရားသခင်၏စီမံခန့်ခွဲမှုနှင့်အညီ ငါသည် ထိုအသင်းတော်၏အမှုတော်ဆောင်ဖြစ်လာ၏။ Common Language Bible သင်တို့၏အကျိုးငှာဘုရားသခင်သည်ငါ့ အားအသင်းတော်၏အမှုတော်ဆောင်အဖြစ် ခန့်ထားတော်မူပေသည်။ ငါ့အားပေးအပ်တော် မူသောအလုပ်တာဝန်မှာနှုတ်ကပတ်တရား တော်ကိုအကုန်အစင်ကြေညာရန်ပင်ဖြစ်၏။- Garrad Bible ဘု ရား သ ခင့် တ ရား တော် အ စုံ အ လင် ကြား ပြော မှု ကို ဘု ရား သ ခင် စီ ရင် ပေး သ နား တော် မူ သည့် အ တိုင်း ငါ သည် သင် တို့ အ ဖို့ အ သင်း တော်၏ အ မှု ဆောင် ဖြစ် ၏။ Judson Bible ရှေးကပ်ကာလပတ်လုံး ဝှက်ထားလျက်ရှိသော်လည်း၊ ယခုတွင် သန့်ရှင်းသူတို့အား ဖော်ပြသော နက်နဲရာတည်းဟူသော ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို အကုန်အစင် ဟောပြောစေခြင်းငှာ၊ သင်တို့အကျိုးကို ထောက်၍၊ ငါ့အား အပ်ပေးတော်မူသော ဘုရားသခင်၏ သာသနာတော်နှင့်အညီ၊ ငါသည် အသင်းတော်၌ ဓမ္မဆရာ၏ အဖြစ်သို့ရောက်ရပြီ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို သင်တို့အား အပြည့်အစုံဟောပြောရန် ကိုယ်တော်သည် သင်တို့အတွက် ကျွန်ုပ်အား တာဝန်ပေး၍ ခန့်ထားတော်မူသဖြင့် ကျွန်ုပ်သည် အသင်းတော်၏ အမှုဆောင်ဖြစ်လာ၏။ |
သို့ဖြစ်လျှင် အာပေါလုကား မည်သူနည်း။ ပေါလုကား မည်သူနည်း။ သူတို့သည် မိမိတို့တစ်ဦးစီအား ထာဝရဘုရားပေးအပ်တော်မူသည့်အတိုင်း သင်တို့ကို ယုံကြည်ခြင်းသို့ပို့ဆောင်ပေးသော အမှုတော်ဆောင်များဖြစ်ကြ၏။
ထိုအမှုကို ငါ၏ဆန္ဒအလျောက်ဆောင်ရွက်လျှင် ငါ့အတွက် ဆုလာဘ်ရှိ၏။ သို့သော် ငါ၏ဆန္ဒအလျောက်မဟုတ်လျှင်လည်း ဤစီမံခန့်ခွဲမှုကို ငါ၌ယုံကြည်အပ်နှံထားပြီဖြစ်၏။
သင်တို့အတွက် ငါ့အားပေးအပ်တော်မူသော ဘုရားသခင်၏ကျေးဇူးတော်နှင့်ဆိုင်သည့် စီမံခန့်ခွဲမှုကို သင်တို့ကြားသိကြသည်ဟု ငါယူဆ၏။
တန်ခိုးတော်၏လုပ်ဆောင်မှုအားဖြင့် ငါ့အားပေးအပ်ထားသော ဘုရားသခင်၏ကျေးဇူးတော်ဆိုင်ရာကောင်းချီးလက်ဆောင်နှင့်အညီ ငါသည် ထိုကောင်းမြတ်သောသတင်းနှင့်ဆိုင်သော အမှုတော်ဆောင်ဖြစ်လာ၏။
သို့သော် သင်တို့သည် သင်တို့ကြားခဲ့ရသည့် ကောင်းမြတ်သောသတင်း၏မျှော်လင့်ခြင်းမှ သွေဖည်မသွားဘဲ ခိုင်မြဲစွာအုတ်မြစ်ချထားသည့် ယုံကြည်ခြင်း၌ ဆက်၍တည်နေရမည်။ ထိုကောင်းမြတ်သောသတင်းကို ကောင်းကင်အောက်ရှိ ဖန်ဆင်းခံလောကတစ်ခုလုံးအား ဟောပြောနေသည်ဖြစ်၍ ငါပေါလုသည် ၎င်း၏အမှုတော်ဆောင်ဖြစ်လာ၏။
ခရစ်တော်၏ကောင်းမြတ်သောသတင်း၌ ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်ဖြစ်သော ငါတို့၏ညီ တိမောသေကို စေလွှတ်လိုက်၏။ သူ့ကိုစေလွှတ်ခြင်းမှာ သင်တို့၏ယုံကြည်ခြင်းနှင့်ပတ်သက်၍ သင်တို့ကို တိုက်တွန်းနှိုးဆော်၍ ခိုင်ခံ့မြဲမြံစေရန်နှင့်
ဤအကြောင်းအရာများကို ညီအစ်ကိုတို့အားညွှန်ပြလျှင် သင်သည် ယုံကြည်ခြင်းနှင့်ဆိုင်သောတရားစကားနှင့် သင်လိုက်လျှောက်သည့် ကောင်းသောသွန်သင်ချက်၏တရားစကားတို့ဖြင့် ပြုစုပျိုးထောင်ခြင်းကိုခံရလျက် ခရစ်တော်ယေရှု၏ကောင်းသောအစေခံဖြစ်လိမ့်မည်။