ကြည့်ရှုလော့။ သက်ရှိသတ္တဝါအပေါင်းတို့ကို ကောင်းကင်အောက်မှ ဖျက်ဆီးရန် ငါကိုယ်တိုင် မြေကြီးပေါ်တွင် ရေလွှမ်းမိုးမှုဖြစ်စေမည်။ မြေကြီးပေါ်မှာရှိသမျှတို့သည် သေကြရမည်။
ကမ္ဘာဦး 7:10 - မြန်မာ့စံမီသမ္မာကျမ်း ခုနစ်ရက်ပြည့်သောအခါ မြေကြီးပေါ်မှာ ရေလွှမ်းမိုးမှုဖြစ်ပေါ်လေ၏။ Common Language Bible ခုနစ်ရက်ကြာသော်ကမ္ဘာမြေကြီးပေါ်တွင် ရေလွှမ်းလေ၏။ Garrad Bible ခု နစ် ရက် စေ့ သော အ ခါ လွှမ်း မိုး သော ရေ သည် မြေ ပေါ် သို့ တက် လာ ရာ၊ Judson Bible ခုနစ်ရက်စေ့သောအခါ၊ လွှမ်းမိုးအပ်သောရေသည် မြေပေါ်၌ပေါ်လာ၏။ |
ကြည့်ရှုလော့။ သက်ရှိသတ္တဝါအပေါင်းတို့ကို ကောင်းကင်အောက်မှ ဖျက်ဆီးရန် ငါကိုယ်တိုင် မြေကြီးပေါ်တွင် ရေလွှမ်းမိုးမှုဖြစ်စေမည်။ မြေကြီးပေါ်မှာရှိသမျှတို့သည် သေကြရမည်။
အကြောင်းမူကား နောက်ခုနစ်ရက်ပြည့်လျှင် ငါသည် အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်တွင်မိုးရွာစေ၍ ငါဖန်ဆင်းသောသတ္တဝါအပေါင်းတို့ကို မြေပြင်ပေါ်မှ ငါသုတ်သင်ပယ်ရှင်းမည်”ဟု မိန့်တော်မူ၏။
ထိုသူတို့သည် အချိန်မတိုင်မီ ဖျက်ဆီးခြင်း ခံရနိုင်၏။ သူတို့ရပ်တည်ရာမဏ္ဍိုင်သည်လည်း ရေစုန်မျောသွားနိုင်၏။
နောဧသည် သင်္ဘောထဲသို့ဝင်သည့်နေ့တိုင်အောင် လူတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဖက်လျက်၊ ပေးစားဆောင်နှင်းလျက်နေ၍ ရေလွှမ်းမိုးခြင်းရောက်လာကာ သူတို့အားလုံးကိုဖျက်ဆီးလေ၏။