Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 7:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 အထီး​၊ အမ​တို့​သည် တစ်စုံစီ​၊ တစ်စုံစီ နောဧ​ရှိ​ရာ သင်္ဘော​ထဲသို့​ဝင်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 နော ဧ ရှိ ရာ သင်္ဘော တွင်း သို့ ဝင် ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 အ​ထီး​အ​မ​အ​စုံ​တို့​သည်၊ နော​ဧ​နှင့်​အ​တူ သင်္ဘော​ထဲ​သို့​ဝင်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 7:9
12 ပူးပေါင်းရင်းမြစ်များ  

ထာဝရအရှင်​ဘုရားသခင်​သည် တောရိုင်းတိရစ္ဆာန်​အမျိုးမျိုး​နှင့် မိုးကောင်းကင်​ငှက်​အမျိုးမျိုး​တို့​ကို မြေကြီး​ဖြင့်​ပုံဖော်ဖန်ဆင်း​ပြီးလျှင် ၎င်း​တို့​ကို လူ​က​မည်သို့​မှည့်ခေါ်​မည်​ကို သိရှိ​ရန် လူ​ထံသို့ ခေါ်ဆောင်​လာ​ခဲ့​၏​။ သက်ရှိသတ္တဝါ​တို့​သည် လူ​မှည့်ခေါ်​သည့်​အတိုင်း နာမည်​အသီးသီး​ရ​ကြ​၏​။


နောဧ​သည် ထိုသို့​ပြု​၏​။ မိမိ​အား​ဘုရားသခင်​မိန့်မှာ​တော်မူ​သမျှ​အတိုင်း ပြု​လေ​၏​။


ခုနစ်​ရက်​ပြည့်​သောအခါ မြေကြီး​ပေါ်မှာ ရေ​လွှမ်းမိုးမှု​ဖြစ်ပေါ်​လေ​၏​။


ဤသို့ဖြင့် သက်ရှိ​သတ္တဝါ​အပေါင်း​တို့​သည် တစ်စုံစီ​၊ တစ်စုံစီ နောဧ​ရှိ​ရာ​သင်္ဘော​ထဲသို့ ဝင်​ကြ​၏​။


ထိုသို့ ဝင်​ကြ​သော​သတ္တဝါ​တို့​မှာ သတ္တဝါ​အပေါင်း​တို့​ထဲမှ အထီး​၊ အမ​ဖြစ်​ကြ​ပြီး နောဧ​အား ဘုရားသခင်​မိန့်​တော်မူ​သည့်​အတိုင်း ဝင်​ကြ​၏​။ ထို့နောက် ထာဝရဘုရား​သည် နောဧ​ကို အထဲ​မှာ​ပိတ်​ထား​တော်မူ​၏​။


နောဧ​အား ဘုရားသခင်​မိန့်​တော်မူ​သည့်​အတိုင်း စင်ကြယ်​သော​တိရစ္ဆာန်​၊ မ​စင်ကြယ်​သော​တိရစ္ဆာန်​၊ ငှက်​နှင့် မြေ​ပေါ်မှာ​တွားသွား​သော​သတ္တဝါ​အပေါင်း​တို့​ထဲမှ


ဝံပုလွေ​နှင့်​သိုးကလေး​တို့ အတူ​အစာ​စား​ကြ​မည်​။ ခြင်္သေ့​သည် နွား​ကဲ့သို့ ကောက်ရိုး​ကို​စား​မည်​။ မြွေ​သည် မြေမှုန့်​ကို​စား​မည်​။ ငါ​၏​သန့်ရှင်း​သော​တောင်​တစ်တောင်လုံး​ကို ထိခိုက်​ဖျက်ဆီး​ကြ​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။


“မိုးကောင်းကင်​၌​ပျံဝဲ​သော​ငှက်ကျား​ပင်လျှင် ရာသီ​အချိန်​ကို​သိ​၏​။ ချိုးငှက်​၊ ကြိုးကြာ​၊ ပျံလွှား​တို့​သည်​လည်း သွားလာ​ရ​မည့်​အချိန်​ကို မှတ်​တတ်​ကြ​၏​။ ငါ့​လူမျိုး​တော်​မူကား ထာဝရဘုရား​၏​စီရင်ထုံးဖွဲ့ချက်​ကို မ​သိ​ကြ​။


သင်​တို့​အားလုံး​သည် ခရစ်တော်​ယေရှု​၌ တစ်လုံးတစ်ဝတည်း​ဖြစ်​ကြ​သောကြောင့် ဂျူး​လူမျိုး​နှင့်​ဂရိ​လူမျိုး​ဟူ၍​မ​ရှိ။ ကျွန်​နှင့်​လွတ်လပ်​သူ​ဟူ၍​မ​ရှိ။ ယောက်ျား​နှင့်​မိန်းမ​ဟူ၍​လည်း​မ​ရှိ။


ထိုသို့​ဖန်ဆင်း​ပြုပြင်​ရာ​၌ ဂရိ​လူမျိုး​နှင့်​ဂျူး​လူမျိုး၊ အရေဖျား​လှီး​ထား​သော​သူ​နှင့်​မ​လှီး​ထား​သော​သူ၊ သကုသိ​လူ​နှင့်​လူရိုင်း၊ ကျွန်​နှင့်​လွတ်လပ်​သူ​ဟူ၍​မ​ရှိ။ ခရစ်တော်​သည် အလုံးစုံ​ဖြစ်​ပြီး အလုံးစုံ​တို့​၌​ရှိ​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ