ဤသို့ဖြင့် ဟေသအမျိုးသားတို့သည် ထိုလယ်နှင့်တကွ လယ်ထဲရှိလိုဏ်ဂူကို အာဗြဟံ၏ကိုယ်ပိုင်သင်္ချိုင်းမြေအဖြစ် အတည်ပြုကြလေ၏။
ကမ္ဘာဦး 50:13 - မြန်မာ့စံမီသမ္မာကျမ်း ယာကုပ်အလောင်းကို ခါနာန်ပြည်သို့သယ်ဆောင်သွား၍ အာဗြဟံက ဟိတ္တိလူမျိုးဧဖရုန်ထံမှ ကိုယ်ပိုင်သင်္ချိုင်းမြေအဖြစ် ဝယ်ယူထားသောလယ်ဖြစ်သည့် မံရေမြို့အရှေ့ဘက် မပ္ပေလလယ်၌ရှိသောလိုဏ်ဂူ၌ သူ့ကို သင်္ဂြိုဟ်ကြ၏။ Common Language Bible ဖခင်၏အလောင်းကိုခါနာန်ပြည်သို့ယူ ဆောင်ခဲ့ပြီးလျှင် ဟိတ္တိအမျိုးသားဧဖရုန် ထံမှသင်္ချိုင်းမြေအဖြစ်အာဗြဟံဝယ်ယူ ထားသော မံရေမြို့အရှေ့မပ္ပေလမြေကွက်၌ ရှိသည့်သင်္ချိုင်းတွင်သင်္ဂြိုဟ်ကြလေသည်။- Garrad Bible မံ ရေ မြို့ ရှေ့၊ ဟိ တ္တိ လူ ဧ ဖ ရုန့် ထံ သင်္ချိုင်း ပိုင် ဖြစ် စေ ရန် မြေ ကွက် နှင့် တ ကွ အာ ဗြ ဟံ ဝယ် ခဲ့ သည့် မ ပ္ပေ လ ခေါ် မြေ ကွက် ရှိ ဂူ တွင် သင်္ဂြိုဟ် သ ဖြင့် အ ဘ မှာ ထား သည့် အ တိုင်း ပြု ကြ ၏။ Judson Bible ခါနာန်ပြည်သို့ဆောင်သွား၍၊ အာဗြဟံသည်ကိုယ်ပိုင်သောသင်္ချိုင်းဖို့၊ ဟိတ္တိအမျိုးသားဧဖရုန်၌ဝယ်သော မံရေမြို့ရှေ့၊ မပ္ပေလလယ်ပြင်တွင်ရှိသော မြေတွင်း၌သင်္ဂြိုဟ်ကြ၏။ |
ဤသို့ဖြင့် ဟေသအမျိုးသားတို့သည် ထိုလယ်နှင့်တကွ လယ်ထဲရှိလိုဏ်ဂူကို အာဗြဟံ၏ကိုယ်ပိုင်သင်္ချိုင်းမြေအဖြစ် အတည်ပြုကြလေ၏။
သူ၏လယ်အစွန်ရှိ သူပိုင်ဆိုင်သည့်မပ္ပေလလိုဏ်ဂူကို အကျွန်ုပ်အားရောင်းပေးရန် အကျွန်ုပ်အတွက် ပြောပေးကြပါ။ ၎င်းကို ကိုယ်ပိုင်သင်္ချိုင်းမြေအဖြစ် သင်တို့ရှေ့တွင် တန်ရာတန်ကြေးအပြည့်ဖြင့် အကျွန်ုပ်အားရောင်းပေးစေပါ”ဟု သူတို့အား ပြောလေ၏။
အာဗြဟံသည် အိုမင်းရင့်ရော်၍ သက်တမ်းစေ့သောအခါ နောက်ဆုံးထွက်သက်ထွက်၍သေဆုံးပြီး မိမိလူမျိုးတို့စုစည်းရာသို့ ရောက်လေ၏။
သူ၏သား ဣဇက်နှင့်ဣရှမေလတို့သည် မံရေမြို့အရှေ့ဘက်၊ ဟိတ္တိလူမျိုးဇောဟာ၏သား ဧဖရုန်၏လယ်၌ရှိသော မပ္ပေလလိုဏ်ဂူတွင် သူ့ကိုသင်္ဂြိုဟ်ကြ၏။
ထို့နောက် ယာကုပ်သည် မံရေမြို့တည်းဟူသော ဟေဗြုန် ခေါ် ကိရယအာဘမြို့ရှိ မိမိဖခင်ဣဇက်ထံသို့သွား၏။ ထိုမြို့သည် အာဗြဟံနှင့်ဣဇက်တို့တည်းခိုနေထိုင်သောမြို့ဖြစ်၏။
ဣဇက်သည် အသက်ကြီး၍သက်တမ်းစေ့သဖြင့် နောက်ဆုံးထွက်သက်ထွက်၍သေဆုံးပြီး မိမိလူမျိုးတို့စုစည်းရာသို့ ရောက်လေ၏။ သူ၏သားဧသောနှင့်ယာကုပ်တို့သည် သူ့ကိုသင်္ဂြိုဟ်ကြ၏။
ငါသည် သင်နှင့်အတူ အီဂျစ်ပြည်သို့ဆင်းသွားမည်။ ငါသည် သင့်ကို ဧကန်ပြန်ခေါ်ဆောင်ခဲ့ဦးမည်။ ယောသပ်သည် မိမိလက်ဖြင့် သင်၏မျက်စိကိုပိတ်ပေးလိမ့်မည်”ဟု မိန့်တော်မူ၏။
ငါသည် ငါ၏ဘိုးဘေးတို့နှင့်အတူအိပ်ပျော်သောအခါ သင်သည် ငါ့ကိုအီဂျစ်ပြည်မှဆောင်သွား၍ ငါ့ဘိုးဘေးတို့၏သင်္ချိုင်း၌ သင်္ဂြိုဟ်ရမည်”ဟု ဆို၏။ ယောသပ်ကလည်း “အဖေ့စကားအတိုင်း အကျွန်ုပ်ပြုပါမည်”ဟု ပြန်ပြောလေ၏။
ယာကုပ်၏သားတို့သည် မိမိတို့အား ဖခင်မှာကြားထားသည့်အတိုင်း မိမိတို့ဖခင်အတွက်ပြုကြ၏။
ဖခင်ကို သင်္ဂြိုဟ်ပြီးနောက် ယောသပ်သည် မိမိညီအစ်ကိုတို့မှစ၍ ဖခင်ကိုသင်္ဂြိုဟ်ရန်လိုက်ပါသွားသောသူအပေါင်းတို့နှင့်အတူ အီဂျစ်ပြည်သို့ ပြန်လာ၏။
မနာရှေမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်၍ ဩဇဥယျာဉ်ဟုခေါ်သော နန်းတော်ဥယျာဉ်တွင် သူ့ကို သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်အာမုန်သည် သူ့အရိုက်အရာကို ဆက်ခံ၏။
သူတို့၏အလောင်းကိုမူ ရှေခင်မြို့သို့ ပြန်လည်သယ်ဆောင်လာပြီး ထိုမြို့နေ ဟာမော်၏သားများထံမှ တန်ဖိုးငွေပေး၍ အာဗြဟံဝယ်ယူထားသောသင်္ချိုင်းဂူ၌ သင်္ဂြိုဟ်ကြ၏။