Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၄ ရာ 21:18 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 မနာရှေ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ အိပ်ပျော်​၍ ဩဇ​ဥယျာဉ်​ဟု​ခေါ်​သော နန်းတော်​ဥယျာဉ်​တွင် သူ့​ကို သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​အာမုန်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 မ​နာ​ရှေ​ကွယ်​လွန်​သော​အ​ခါ သူ့​အား​သြ​ဇ ဥ​ယျာဉ်​ခေါ်​နန်း​တော်​ဥ​ယျာဉ်​တွင်​သင်္ဂြိုဟ်​ကြ ၏။ ထို​နောက်​သူ​၏​သား​တော်​အာ​မုန်​သည် ခ​မည်း တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက် လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 မ နာ ရှေ မင်း သည် ဘေး တော် ဘိုး တော် တို့ နှင့် အ တူ ကျိန်း စက် လျက် နန်း တွင်း ရှိ သြ ဇ ခေါ် ဥ ယျာဉ် တော် တွင် စျာ ပ န ပြု ခြင်း ကို ခံ ရ လျှင် သား တော် အာ မုန် သည် အ ရိုက် အ ရာ၌ နန်း စံ လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 မ​နာ​ရှေ​သည် ဘိုး​ဘေး​တို့​နှင့် အိပ်​ပျော်၍၊ ဩ​ဇ​ဥ​ယျာဉ်​တည်း​ဟူ​သော မိ​မိ​အိမ်​နှင့်​ဆိုင်​သော ဥ​ယျာဉ်၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​လေ၏။ သား​တော်​အာ​မုန်​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၄ ရာ 21:18
13 ပူးပေါင်းရင်းမြစ်များ  

အာမုန်​နန်းတက်​သောအခါ သက်တော်​နှစ်ဆယ့်​နှစ်​နှစ်​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် နှစ်​နှစ်​စိုးစံ​၏​။ မယ်တော်​ကား ယုပ်ဘာ​မြို့သား ဟာရုပ်​၏​သမီး မေရှုလမက်​အမည်​ရှိ​၏​။


အာမုန်​မင်းကြီး​အား ဩဇ​ဥယျာဉ်​ရှိ သူ​၏​သင်္ချိုင်း​တွင် သူ့​ကို​သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​ယောရှိ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။


မနာရှေ​၏​သား​မှာ အာမုန်​၊ အာမုန်​၏​သား​မှာ ယောရှိ ဖြစ်​၏​။


သူ​သည် သက်တော်​သုံးဆယ့်​နှစ်​နှစ်​တွင် နန်းတက်​၍ ဂျေရုဆလင်​မြို့​၌ ရှစ်​နှစ်​စိုးစံ​၏​။ သူ​အနိစ္စရောက်​သောအခါ မည်သူ​မျှ​ဝမ်း​မ​နည်း​။ သူ့​ကို ဒါဝိဒ်​မြို့​တွင် သင်္ဂြိုဟ်​သော်လည်း ရှင်ဘုရင်​တို့​သင်္ချိုင်း​တွင် မ​သင်္ဂြိုဟ်​ကြ​ပေ​။


သူ​သည် အစ္စရေး​နိုင်ငံ​တွင် ဘုရားသခင်​နှင့်​အိမ်​တော်​အတွက်​ကောင်းသောအမှု​များ​ကို ပြု​သောကြောင့် သူ့​ကို ဒါဝိဒ်​မြို့​တွင် ဘုရင်​များ​နှင့်အတူ သင်္ဂြိုဟ်​ကြ​၏​။


သူ​တို့ ပြန်သွား​သောအခါ ယောရှ​မင်းကြီး​ကို ဒဏ်ရာ​အပြင်းအထန်​နှင့်​ထား​ခဲ့​၏​။ ယောရှ​မင်းကြီး​သည် ယဇ်ပုရောဟိတ်​ယောယဒ​၏​သား​ကို သတ်​သော​အပြစ်​ကြောင့် သူ​၏​အမှုထမ်း​တို့​သည် သူ့​ကို​လုပ်ကြံ​၍​အိပ်ရာ​ထက်​တွင်ပင် သူ့​ကို​ကွပ်မျက်​လိုက်​ကြ​၏​။ ထို့ကြောင့် သူ​သည် အနိစ္စရောက်​၍ သူ့​ကို ဒါဝိဒ်​မြို့​တွင် သင်္ဂြိုဟ်​သော်လည်း ရှင်ဘုရင်​သင်္ချိုင်း​တွင် မ​သင်္ဂြိုဟ်​ကြ​ချေ​။


အာခတ်​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ အိပ်ပျော်​၍ သူ့​ကို ဂျေရုဆလင်​မြို့​တွင် သင်္ဂြိုဟ်​ကြ​၏​။ သို့သော် အစ္စရေး​ဘုရင်​တို့​၏​သင်္ချိုင်း​တွင် မ​သင်္ဂြိုဟ်​ကြ​ပေ​။ သူ​၏​သား​တော်​ဟေဇကိ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။


ဟေဇကိ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ ဒါဝိဒ်​သားမြေး​တို့​၏​သင်္ချိုင်းမြေ​ရှိ​ရာ​တောင်ကုန်း​ပေါ်တွင် သူ့​ကို​သင်္ဂြိုဟ်​ကြ​၏​။ သူ​အနိစ္စ​ရောက်​သောအခါ ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​အပေါင်း​တို့​သည် သူ့​ကို ဂုဏ်ပြု​ကြ​၏​။ သူ​၏​သား​တော်​မနာရှေ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။


မနာရှေ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ သူ့​ကို သူ့​နန်းတော်​တွင် သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​အာမုန်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။


အာမုန်​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ယောရှိ​မင်းကြီး နန်းစံ​တစ်ဆယ့်​သုံး​နှစ်​မှစ၍


မြည်း​ကို​သင်္ဂြိုဟ်​သကဲ့သို့ သူ့​ကို သင်္ဂြိုဟ်​ကြ​လိမ့်မည်​။ ဂျေရုဆလင်​တံခါး​အပြင်ဘက်​သို့ ဆွဲထုတ်​၍ ပစ်ထား​ကြ​လိမ့်မည်​။


အာမုန်​၏​သား​၊ ယုဒ​ဘုရင်​ယောရှိ​မင်းကြီး​လက်ထက်​၌ ဟေဇကိ​၏​တီ​၊ အာမရိ​၏​မြစ်​၊ ဂေဒလိ​၏​မြေး​၊ ကုရှိ​၏​သား​ဇေဖနိ​ထံသို့ ရောက်လာ​သော​ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ကား ဤသို့​တည်း​။


ရှမွေလ ကွယ်လွန်​သောအခါ အစ္စရေး​လူမျိုး​အားလုံး စုရုံး​၍ သူ့​အတွက် ငိုကြွေးမြည်တမ်း​ကြ​၏​။ ထို့နောက် ရာမ​မြို့​ရှိ သူ့​အိမ်​တွင် သင်္ဂြိုဟ်​ကြ​၏​။ ဒါဝိဒ်​သည်​လည်း ထ​၍ ပါရန်​တောကန္တာရ​သို့ ဆင်းသွား​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ