ဣဇက်သည် ပါဒန်အာရံပြည်မှ အာရံလူမျိုးဗေသွေလ၏သမီး၊ လာဗန်၏ညီမ ရေဗက္ကာကို မိမိမယားအဖြစ်ယူသောအခါ အသက်လေးဆယ်ရှိ၏။
ကမ္ဘာဦး 48:7 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် ပါဒန်အာရံပြည်မှပြန်လာသောအခါ ခါနာန်ပြည်သို့အပြန်လမ်း၌ ဧဖရတ်အရပ်သို့ရောက်ရန်အလှမ်းဝေးသေးသောနေရာတွင် ရာခေလသည် ငါ့မျက်စိရှေ့မှာပင် သေဆုံး၍ သူ့ကို ဗက်လင် ခေါ် ဧဖရတ်မြို့သို့သွားရာလမ်း၌ သင်္ဂြိုဟ်၏”ဟု ဆိုလေ၏။ Common Language Bible ငါသည်သင်၏မိခင်ရာခေလအတွက် ကြောင့်ဤသို့စီမံရသည်။ ငါသည်မက်ဆို ပိုတေးမီးယားပြည်မြောက်ပိုင်းမှပြန်လာ စဉ် သင်၏မိခင်ရာခေလသည်ခါနာန်ပြည် ဧဖရတ်မြို့အနီး၌ကွယ်လွန်၍ငါသည် အလွန်ဝမ်းနည်းပူဆွေး၏။ ငါသည်သူ၏ အလောင်းကိုဧဖရတ်မြို့သို့သွားရာလမ်း အနီး၌သင်္ဂြိုဟ်ခဲ့၏'' ဟုဆိုလေ၏။ (ဧဖရတ် မြို့ကိုယခုအခါဗက်လင်မြို့ဟုခေါ် သည်။) Garrad Bible ပါ ဒန် ပြည် မှ ငါ ထွက် လာ သည့် ကာ လ ခါ နာန် ပြည်၌ ခ ရီး သွား ရာ၊ ဧ ဖ ရတ် မြို့ နှင့် အ တန် ကွာ တွင် ရာ ခေ လ သေ ရှာ၏။ သေ လွန် ရာ အ ရပ် ဗက် လင်၊ တစ် နည်း ဧ ဖ ရတ် မြို့ လမ်း တွင် သင်္ဂြိုဟ် ရ သည် ဟု ယော သပ် အား ပြော ဆို ၏။ Judson Bible ငါသည်ပါဒနာရံအရပ်မှလာသည်ကာလ၊ ခါနာန်ပြည်၌ ခရီးသွား၍၊ ဧဖရတ်မြို့နှင့်နီးသောအခါ၊ သင့်အမိရာခေလသည် ငါ့အနားမှာသေရှာ၏။ သေသောအရပ် ဗက်လင်အမည်ရှိသော ဧဖရတ်မြို့သို့သွားသောလမ်း၌ သင်္ဂြိုဟ်လေသည်ဟု ယောသပ်အားဆို၏။ |
ဣဇက်သည် ပါဒန်အာရံပြည်မှ အာရံလူမျိုးဗေသွေလ၏သမီး၊ လာဗန်၏ညီမ ရေဗက္ကာကို မိမိမယားအဖြစ်ယူသောအခါ အသက်လေးဆယ်ရှိ၏။
ယာကုပ်သည် ပါဒန်အာရံပြည်မှ ထွက်ခွာပြီးနောက် ခါနာန်ပြည်ရှိ ရှေခင်မြို့သို့ ကောင်းမွန်စွာရောက်ရှိလာပြီး ထိုမြို့၏အရှေ့ဘက်၌ စခန်းချလေ၏။
ယာကုပ်သည် ရာခေလ၏သင်္ချိုင်း၌ မှတ်တိုင်ကိုစိုက်ထူလေ၏။ ၎င်းသည် ယနေ့တိုင်အောင် ရာခေလ၏သင်္ချိုင်းမှတ်တိုင်ဖြစ်၏။
ယာကုပ်သည် ပါဒန်အာရံပြည်မှပြန်လာပြီးနောက် ဘုရားသခင်သည် သူ့အား တစ်ဖန်ကိုယ်ထင်ရှားပြ၍ ကောင်းချီးပေးတော်မူ၏။
သူတို့နောက်မှ သင်ရသောသားသမီးများကား သင်၏သားသမီးများဖြစ်၏။ ထိုသားသမီးတို့သည် မိမိတို့အမွေကို မိမိအစ်ကိုတို့အမည်ဖြင့် မှတ်ရမည်။
“အို ဧဖရတ်ဗက်လင်မြို့၊ ယုဒမြို့များတွင် သင်သည် သေးငယ်သောမြို့ဖြစ်သော်လည်း ငါ့အဖို့ အစ္စရေးလူမျိုးကို အုပ်စိုးသူမင်းသည် သင့်အထဲမှပေါ်ထွန်းလိမ့်မည်။ ထိုသခင်သည် ရှေးမဆွကပင် ရှိနှင့်ပြီးဖြစ်၏။”
ထိုအခါ “ရာမမြို့၌ သည်းထန်သောငိုကြွေးခြင်းနှင့်မြည်တမ်းခြင်းအသံကို ကြားရ၏။ ရာခေလသည် သူ၏ကလေးများအတွက်ငိုကြွေးကာ ကလေးတို့မရှိကြတော့သည်ဖြစ်၍ နှစ်သိမ့်ပေးခြင်းကိုအလိုမရှိ”ဟု ပရောဖက်ယေရမိအားဖြင့် မိန့်တော်မူသောအရာသည် ပြည့်စုံခြင်းသို့ရောက်လေ၏။
ထိုသူ၏အမည်မှာ ဧလိမလက်၊ မယား၏အမည်မှာ နောမိ၊ သားနှစ်ယောက်၏အမည်မှာ မဟာလုန်၊ ခိလျုန်တို့ဖြစ်၍ ယုဒပြည်၊ ဗက်လင်မြို့သား ဧဖရတ်အနွယ်ဝင်ဖြစ်၏။ သူတို့သည် မောဘပြည်သို့ သွားရောက်နေထိုင်ကြ၏။
ဧဖရိမ်တောင်ပေါ်ဒေသ၊ ရာမသိမ်ဇုဖိမ်မြို့တွင် ဧလကာနအမည်ရှိသော လူတစ်ယောက်ရှိ၏။ သူသည် ဧဖရိမ်အမျိုး ဇုဖ၏တီ၊ တောဟူ၏မြစ်၊ ဧလိဟု၏မြေး၊ ယေရောဟံ၏သားဖြစ်၏။
ယနေ့ ငါ့ထံမှ သင်ပြန်သွားလျှင် ဗင်္ယာမိန်နယ်စပ်၊ ဇေလဇအရပ်ရှိ ရာခေလသင်္ချိုင်းအနားတွင် လူနှစ်ယောက်ကို တွေ့လိမ့်မည်။ သူတို့က သင့်အား ‘သင်သွားရှာသောမြည်းတို့ကို ပြန်တွေ့ပြီ။ ယခု သင့်ဖခင်သည် မြည်းတို့အတွက် မစိုးရိမ်တော့ဘဲ ငါ့သားအဖို့ မည်သို့ပြုရမည်နည်းဟု ဆိုပြီး သင်တို့အတွက် စိုးရိမ်လျက်ရှိ၏’ဟု သင့်ကို ပြောလိမ့်မည်။
ရှမွေလလည်း ထာဝရဘုရား မိန့်တော်မူသည့်အတိုင်း ပြု၏။ သူသည် ဗက်လင်မြို့သို့ရောက်သောအခါ ထိုမြို့၏သက်ကြီးဝါကြီးတို့သည် ကြောက်ရွံ့တုန်လှုပ်ကြပြီး သူနှင့်လာတွေ့၍ “အရှင်သည် ငြိမ်းချမ်းရေးအတွက် လာသလော”ဟု မေးကြ၏။
ဒါဝိဒ်သည် ယုဒပြည်၊ ဗက်လင်မြို့မှ ယေရှဲအမည်ရှိ ဧဖရတ်အမျိုးသားတစ်ဦး၏သား ဖြစ်၏။ ယေရှဲ၌ သားရှစ်ယောက်ရှိ၏။ သူသည် ရှောလုမင်းကြီးလက်ထက်တွင် အသက်ကြီး၍အိုမင်းလေပြီ။