ယနေ့ ငါ့ထံမှ သင်ပြန်သွားလျှင် ဗင်္ယာမိန်နယ်စပ်၊ ဇေလဇအရပ်ရှိ ရာခေလသင်္ချိုင်းအနားတွင် လူနှစ်ယောက်ကို တွေ့လိမ့်မည်။ သူတို့က သင့်အား ‘သင်သွားရှာသောမြည်းတို့ကို ပြန်တွေ့ပြီ။ ယခု သင့်ဖခင်သည် မြည်းတို့အတွက် မစိုးရိမ်တော့ဘဲ ငါ့သားအဖို့ မည်သို့ပြုရမည်နည်းဟု ဆိုပြီး သင်တို့အတွက် စိုးရိမ်လျက်ရှိ၏’ဟု သင့်ကို ပြောလိမ့်မည်။