အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ကမ္ဘာ​ဦး 46:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ယုဒ​၏​သား​များ​မှာ ဧရ​၊ ဩနန်​၊ ရှေလ​၊ ဖာရက်​၊ ဇေရ တို့​ဖြစ်​ကြ​၏​။ ဧရ​နှင့်​ဩနန်​သည် ခါနာန်​ပြည်​၌​သေဆုံး​ကြ​၏​။ ဖာရက်​၏​သား​များ​မှာ ဟေဇရုန်​၊ ဟာမုလ တို့​ဖြစ်​ကြ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ယု​ဒ​နှင့်​သူ​၏​သား​များ​ဖြစ်​ကြ​သော​ရှေ​လ၊ ဖာ​ရက်၊ ဇာ​ရ (ယု​ဒ​၏​အ​ခြား​သား​များ​ဖြစ် ကြ​သော​ဧရ​နှင့်​သြ​နန်​တို့​သည်​ခါ​နာန်​ပြည် ၌​သေ​ဆုံး​ကြ​၏။) ဖာ​ရက်​၏​သား​များ​ဖြစ် ကြ​သော​ဟေ​ဇ​ရုံ​နှင့်​ဟာ​မု​လ။-

အခန်းကိုကြည့်ပါ။

Garrad Bible

ယု ဒ သား များ ကား ဧ ရ၊ သြ နန်၊ ရှေ လ၊ ဖာ ရက်၊ ဇေ ရ တို့ တည်း။ ၎င်း ဧ ရ နှင့် သြ နန် တို့ သည် ခါ နန် ပြည်၌ သေ လွန် ကြ ၏။ ဖာ ရက် သား များ ကား ဟေ ဇ ရုံ နှင့် ဟာ မု လ တို့ တည်း။

အခန်းကိုကြည့်ပါ။

Judson Bible

ယု​ဒ​သား။ ဧ​ရ၊ ဩ​နန်၊ ရှေ​လ၊ ဖာ​ရက်၊ ဇာ​ရ။ ထို​သူ​တို့​တွင် ဧ​ရ​နှင့် ဩ​နန်​သည် ခါ​နာန်​ပြည်၌​သေ​သ​တည်း။ ဖာ​ရက်​သား၊ ဟေ​ဇ​ရုံ​နှင့် ဟာ​မု​လ။

အခန်းကိုကြည့်ပါ။



ကမ္ဘာ​ဦး 46:12
29 ပူးပေါင်းရင်းမြစ်များ  

သူ​သည် နောက်တစ်ဖန်​ကိုယ်ဝန်ဆောင်​၍ သား​ကို​မွေးဖွား​သော် “​ဤ​တစ်ကြိမ်​တွင် ငါ​သည် ထာဝရဘုရား​ကို ချီးမွမ်း​မည်​”​ဟု ဆို​လျက် ထို​သား​၏​အမည်​ကို ယုဒ ဟု​မှည့်ခေါ်​လေ​၏​။ ထို့နောက် သူ​သည် သားဖွား​ခြင်း​ရပ်တန့်​သွား​လေ​၏​။


သူ​ပြု​သော​အမှု​သည် ထာဝရဘုရား​မျက်မှောက်​တော်​၌ ဆိုး​သော​အမှု​ဖြစ်​၏​။ ထို့ကြောင့် ထာဝရဘုရား​သည် သူ့​ကို​လည်း ကွပ်မျက်​တော်မူ​၏​။


ထို​မိန်းမ​သည် နောက်တစ်ဖန် ကိုယ်ဝန်ဆောင်​၍ သား​ကို​မွေးဖွား​ရာ ထို​သား​၏​အမည်​ကို ဩနန် ဟု​မှည့်ခေါ်​လေ​၏​။


နောက်တစ်ဖန်​ထပ်၍ သား​ကို​မွေးဖွား​ရာ ထို​သား​၏​အမည်​ကို ရှေလ ဟု​မှည့်ခေါ်​လေ​၏​။ ရှေလ​ကို​မွေးဖွား​သောအခါ ယုဒ​သည် ခေဇိပ်​မြို့​တွင် ရောက်​နေ​၏​။


ယုဒ​၏​သားဦး​ဧရ​သည် ထာဝရဘုရား​မျက်မှောက်​တော်​၌​ဆိုး​သော​သူ​ဖြစ်​၏​။ ထို့ကြောင့် ထာဝရဘုရား​သည် သူ့​ကို​ကွပ်မျက်​တော်မူ​၏​။


လေဝိ​၏​သား​များ​မှာ ဂေရရှုန်​၊ ကောဟတ်​၊ မေရာရိ တို့​ဖြစ်​ကြ​၏​။


ဣသခါ​၏​သား​များ​မှာ တောလ​၊ ဖုဝါ​၊ ယောဘ​၊ ရှိမရုန် တို့​ဖြစ်​ကြ​၏​။


အစ္စရေး​၏​သား​များ​မှာ ရုဗင်​၊ ရှိမောင်​၊ လေဝိ​၊ ယုဒ​၊ ဣသခါ​၊ ဇာဗုလုန်​၊


ဟေဗြုန်​မြို့​၌ ဒါဝိဒ်​မင်းကြီး​ရ​သော​သား​များ​တွင် သားဦး​မှာ ယေဇရေလ​မြို့သူ​အဟိနောင်​နှင့်​ရ​သော​အာမနုန်​၊ ဒုတိယ​သား​မှာ ကရမေလ​မြို့သူ​အဘိဂဲလ​နှင့်​ရ​သော​ဒံယေလ​၊


ယုဒ​၏​သား​များ​မှာ ဖာရက်​၊ ဟေဇရုံ​၊ ကာမိ​၊ ဟုရ​၊ ရှောဗလ တို့​ဖြစ်​ကြ​၏​။


ယုဒ​၏​မြေး​၊ ရှေလ​၏​သား​များ​မှာ လေက​၏​ဖခင်​ဧရ​၊ မရေရှ​၏​ဖခင်​လာဒ​၊ ပိတ်ချောထည်​ရက်လုပ်​သူ အာရှဗာ​မျိုးနွယ်စု​၊


ယုဒ​သည် ညီအစ်ကို​တို့​တွင် ခွန်အားကြီး​သော​သူ​ဖြစ်​၍ သူ့​မျိုးနွယ်​ထဲမှ အုပ်ချုပ်သူမင်း​ပေါ်ထွန်း​သော်လည်း ယောသပ်​က​သာ သားဦးအရာ​ကို ရ​၏​။


ယုဒ​အမျိုးသား ဖာရက်​၏​သားမြေး​များ​မှ ဗာနိ​၏​တီ​၊ ဣမရိ​၏​မြစ်​၊ ဩမရိ​၏​မြေး​၊ အမိဟုဒ်​၏​သား ဥသဲ​၊


ဇေရ​၏​သားမြေး​များ​မှ ယွေလ​နှင့် သူ​၏​ဆွေမျိုးသားချင်း ပေါင်း​ခြောက်​ရာ​ကိုးဆယ်​၊


ယုဒ​၏​သား ဇေရ​သားမြေး​မှ ဆင်းသက်​လာ​သော​မေရှဇဗေလ​၏​သား ပေသဟိ​သည် ပြည်သူပြည်သား​တို့​၏​အမှုကိစ္စ​အားလုံး​ကို စီမံ​ရ​သော ရှင်ဘုရင်​၏​လက်ရုံး​ဖြစ်​၏​။


ယုဒ​အမျိုးအနွယ်​နှင့် မိမိ​ချစ်​တော်မူ​သော​ဇိအုန်​တောင်​ကို ရွေးချယ်​တော်မူ​ပြီး


ယုဒ​အမျိုး​မှ အမိနဒပ်​၏​သား နာရှုန်​၊


ယုဒ​အမျိုး​ကို​ကား​၊ အို ထာဝရဘုရား​၊ ယုဒ​တောင်းလျှောက်သံ​ကို နားညောင်း​တော်မူ​၍ သူ့​လူမျိုး​တို့​ထံသို့ သူ့​ကို ပို့ဆောင်​တော်မူ​ပါ​။ သူ​သည် သူ့ကိုယ်သူ ခုခံကာကွယ်​ရ​ပါ​၏​။ သူ့​ကို​ရန်ပြုသောသူ​တို့​လက်​မှ ကိုယ်တော်​သည် ကူညီမစ​သော​အရှင်​ဖြစ်​တော်မူ​ပါစေသော​။


ငါ​တို့​၏​သခင်​သည် ယုဒ​အနွယ်​မှ​ပေါ်ထွန်း​တော်မူ​ကြောင်း သိသာ​ထင်ရှား​၏။ မောရှေ​သည် ထို​အနွယ်​နှင့်​ပတ်သက်၍ ယဇ်ပုရောဟိတ်​နှင့်​စပ်ဆိုင်​သည့်​အရာ​တစ်စုံတစ်ခု​ကို​မျှ မ​ပြောဆို​ခဲ့​ပေ။


ထိုအခါ သက်ကြီးဝါကြီး​များ​ထဲမှ​တစ်​ပါး​က “မ​ငိုကြွေး​နှင့်။ ကြည့်ရှု​လော့။ ယုဒ​အနွယ်​မှ​ပေါ်ထွန်း​သော​ခြင်္သေ့၊ ဒါဝိဒ်​၏​အမြစ်​ဖြစ်​တော်မူ​သော​အရှင်​သည် အောင်မြင်​သဖြင့် ထို​စာလိပ်​နှင့်​တံဆိပ်​ခုနစ်​ခု​ကို​ဖွင့်​နိုင်​၏”​ဟု ငါ့​အား​ပြောဆို​၏။


ထာဝရဘုရား​က “​ယုဒ​အမျိုး ချီတက်​ရ​မည်​။ ကြည့်ရှု​လော့​။ ဤ​ပြည်​ကို သူ​တို့​လက်​သို့ ငါ​အပ်​ပြီ​”​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​က ဤ​မိန်းမငယ်​အားဖြင့် သင့်​အား​ပေး​တော်မူ​မည့် သင့်​အမျိုးအနွယ်​သည် ယုဒ​နှင့်​တာမာ​မှ​ဆင်းသက်​သော ဖာရက်​အမျိုးအနွယ်​ကဲ့သို့​ဖြစ်​ပါစေသော​”​ဟု ဆို​ကြ​၏​။