Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ​ချုပ် 4:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ယုဒ​၏​သား​များ​မှာ ဖာရက်​၊ ဟေဇရုံ​၊ ကာမိ​၊ ဟုရ​၊ ရှောဗလ တို့​ဖြစ်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 ယု​ဒ​၏​သား​များ​မှာ​ဖာ​ရက်၊ ဟေ​ဇ​ရုံ၊ ကာ​မိ၊ ဟု​ရ၊ ရှော​ဗာ​လ​တို့​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 ယု ဒ သား စဉ် မြေး ဆက် ကား၊ ဖာ ရက်၊ ဟေ ဇ ရုံ၊ ကာ မိ၊ ဟု ရ၊ ရှော ဗ လ တို့ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ယု​ဒ​သား​ကား ဖာ​ရက်၊ ဟေ​ဇ​ရုံ၊ ကာ​မိ၊ ဟု​ရ၊ ရှော​ဗာ​လ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ​ချုပ် 4:1
16 ပူးပေါင်းရင်းမြစ်များ  

သို့သော် ထို​ကလေး​သည် လက်​ကို​ပြန်ရုပ်​လိုက်​ရာ ကျန်တစ်ယောက်​သည် သူ့​ထက်​အလျင်​မွေးလာ​၏​။ ထိုအခါ ဝမ်းဆွဲ​က “​သင်​သည် မရမက​ထိုးဖောက်​ထွက်လာ​ပါ​သည်​တကား​”​ဟု ဆို​လေ​၏​။ ထို့ကြောင့် ထို​သား​၏​အမည်​ကို ဖာရက် ဟု​မှည့်ခေါ်​လေ​၏​။


ယုဒ​၏​သား​များ​မှာ ဧရ​၊ ဩနန်​၊ ရှေလ​၊ ဖာရက်​၊ ဇေရ တို့​ဖြစ်​ကြ​၏​။ ဧရ​နှင့်​ဩနန်​သည် ခါနာန်​ပြည်​၌​သေဆုံး​ကြ​၏​။ ဖာရက်​၏​သား​များ​မှာ ဟေဇရုန်​၊ ဟာမုလ တို့​ဖြစ်​ကြ​၏​။


ဟေဇရုန်​၏​သား​ကာလက်​က မယား​အဇုဘ​နှင့်​ယေရုတ်​အားဖြင့် သား​များ​ကို​ရ​၏​။ အဇုဘ​၏​သား​များ​မှာ ယေရှာ​၊ ရှောဗပ်​၊ အာဒုန် တို့​ဖြစ်​ကြ​၏​။


ယုဒ​၏​သား​များ​မှာ ဧရ​၊ ဩနန်​နှင့်​ရှေလ တို့​ဖြစ်​ကြ​ပြီး ခါနာန်​အမျိုးသမီး ဗာသရှုအာ​သည် ထို​သား​သုံး​ဦး​ကို မွေးဖွား​၏​။ ယုဒ​၏​သားဦး​ဧရ​သည် ထာဝရဘုရား​ရှေ့​တော်​၌ မကောင်းမှု​ကို​ပြု​သဖြင့် သူ့​ကို​ကွပ်မျက်​တော်မူ​၏​။


ယုဒ​၏​ချွေးမ​တာမာ​သည် ဖာရက်​နှင့်​ဇေရ​တို့​ကို မွေးဖွား​၏​။ ထို့ကြောင့် ယုဒ​တွင် စုစုပေါင်း​သား​ငါး​ယောက် ရှိ​၏​။


ဖာရက်​၏​သား​များ​မှာ ဟေဇရုန်​နှင့်​ဟာမုလ တို့​ဖြစ်​ကြ​၏​။


ဤ​သူ​တို့​ကား ကာလက်​၏​သားမြေး​များ ဖြစ်​ကြ​၏​။ ဧဖရတ်​၏​သားဦး​ဟုရ​၏​သား​များ​ကား ကိရယတ်ယာရိမ်​၏​ဖခင်​ရှောဗလ​၊


ကာမိ​၏​သား​မှာ အာခါ ဖြစ်​ပြီး သူ​သည် သစ္စာမစောင့် ကျိန်​ခြင်း​ခံရ​သော​ပစ္စည်း​ကို​ယူ​ခြင်း​ဖြင့် အစ္စရေး​လူမျိုး​ကို ဒုက္ခရောက်​စေ​သော​သူ​ဖြစ်​၏​။


ဟေဇရုန်​ရ​သော​သား​များ​မှာ ယေရမေလ​၊ ရာမ​၊ ကာလုဘိုင် တို့​ဖြစ်​ကြ​၏​။


ဧလိဩနဲ​၏​သား​များ​မှာ ဟောဒါယ​၊ ဧလျာရှိပ်​၊ ပေလာယ​၊ အက္ကုပ်​၊ ယောဟနန်​၊ ဒေလာယ​၊ အာနနိ ပေါင်း​ခုနစ်​ယောက် ရှိ​၏​။


ရှောဗလ​၏​သား​ရာယ​သည် သား​ယာဟတ်​ကို​ရ​၏​။ ယာဟတ်​သည် သား​အဟုမဲ​နှင့်​လာဟဒ် တို့​ကို​ရ​၏​။ ဤ​သူ​တို့​သည် ဇောရာသိ​မျိုးနွယ်စု​များ ဖြစ်​ကြ​၏​။


ယုဒ​၏​သား​များ​မှာ ဧရ​နှင့်​ဩနန် တို့​ဖြစ်​ကြ​၏​။ ဧရ​နှင့်​ဩနန်​သည် ခါနာန်​ပြည်​၌ သေဆုံး​သွား​ကြ​၏​။


ယုဒ​သည် တာမာ​အားဖြင့် သား​ဖာရက်​နှင့်​ဇာရ​ကို​ရ​၏။ ဖာရက်​သည် သား​ဟေဇရုံ​ကို​ရ​၏။ ဟေဇရုံ​သည် သား​အာရံ​ကို​ရ​၏။


နာရှုန်​သည် အမိနဒပ်​၏​သား၊ အမိနဒပ်​သည် အဒ်မိန်​၏​သား၊ အဒ်မိန်​သည် အာရံ​၏​သား၊ အာရံ​သည် ဟေဇရုံ​၏​သား၊ ဟေဇရုံ​သည် ဖာရက်​၏​သား၊ ဖာရက်​သည် ယုဒ​၏​သား၊


ဖာရက်​၏​ဆွေစဉ်မျိုးဆက်​စာရင်း​ကား ဤသို့​ဖြစ်​၏​။ ဖာရက်​၏​သား ဟေဇရုန်​၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ