မြေကြီးပေါ်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေး နှစ်နှစ်ဖြစ်ခဲ့ပြီ။ ထွန်ယက်ခြင်း၊ ရိတ်သိမ်းခြင်းမပြုနိုင်သောနှစ် ငါးနှစ်ရှိသေး၏။
တိုင်းပြည်တွင်အစာခေါင်းပါးခြင်းကပ်ဆိုက် သည်မှာ ယခုနှစ်နှစ်မျှသာရှိသေးသည်။ ထွန် ယက်စိုက်ပျိုးခြင်းနှင့်စပါးရိတ်သိမ်းခြင်းမပြု လုပ်နိုင်သောနှစ်ငါးနှစ်ကျန်သေး၏။-
မြေ ပေါ် တွင် နှစ် နှစ် အ စာ ခေါင်း ပါး ခဲ့ ပြီ။ လယ် လုပ် ခြင်း၊ စ ပါး ရိတ် ခြင်း ကို မ ပြု ရ သော ငါး နှစ် ကျန် သေး ၏။
မြေပေါ်မှာ နှစ်နှစ်အစာခေါင်းပါးခဲ့ပြီ။ လယ်လုပ်ခြင်း၊ စပါးရိတ်ခြင်းကို မပြုရသောနှစ် ငါးနှစ်ရှိသေး၏။
ယာကုပ်၏အတ္ထုပ္ပတ္တိကား ဤသို့ဖြစ်၏။ ယောသပ်သည် အသက်တစ်ဆယ့်ခုနစ်နှစ်ရှိသောအခါ မိမိအစ်ကိုတို့နှင့်အတူ သိုးဆိတ်တို့ကိုထိန်းကျောင်း၏။ ယောသပ်သည် အသက်ငယ်သေးသဖြင့် ဖခင်၏မယားဖြစ်သော ဗိလဟာနှင့်ဇိလပတို့၏သားတို့နှင့်အတူနေ၍ သူတို့၏မကောင်းသတင်းကို ဖခင်အားပြောလေ့ရှိ၏။
ထိုသူတို့သည် လာမည့်ကြွယ်ဝသောနှစ်များမှ အစားအစာရှိသမျှတို့ကို စုသိမ်းကြပါစေ။ ဖာရောမင်းကြီး၏အာဏာဖြင့် အစားအစာဂျုံစပါးကို မြို့များ၌စုဆောင်းထိန်းသိမ်းကြပါစေ။
ယောသပ်သည် အီဂျစ်ဘုရင်ဖာရောမင်းကြီးထံ၌ အမှုထမ်းသောအခါ အသက်သုံးဆယ်ရှိပြီဖြစ်၏။ ယောသပ်သည် ဖာရောမင်းကြီးထံမှထွက်လာ၍ အီဂျစ်ပြည်တစ်ပြည်လုံးကိုလှည့်လည်ကြည့်ရှု၏။
ထို့နောက် အီဂျစ်ပြည်တွင် ဝပြောသောနှစ် ခုနစ်နှစ်ကုန်ဆုံးလေ၏။
ယောသပ်ပြောခဲ့သည့်အတိုင်း ငတ်မွတ်ခေါင်းပါးသောနှစ် ခုနစ်နှစ်စတင်ဖြစ်လာ၏။ အပြည်ပြည်တို့၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြစ်သော်လည်း အီဂျစ်ပြည်တစ်ပြည်လုံးတွင်မူ အစားအစာရှိ၏။
မြေတစ်ပြင်လုံး၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြစ်သောအခါ ယောသပ်သည် သိုလှောင်ရုံရှိသမျှတို့ကိုဖွင့်၍ အီဂျစ်ပြည်သားတို့အား အစားအစာကိုရောင်းချပေး၏။ အီဂျစ်ပြည်၌ ကျရောက်သော ငတ်မွတ်ခေါင်းပါးခြင်းဘေးသည် ဆိုးရွားလှ၏။
ထိုနှစ်ကုန်ပြီး ဒုတိယနှစ်၌ သူတို့သည် ယောသပ်ထံသို့ရောက်လာ၍ “အကျွန်ုပ်တို့သည် သခင့်အား မည်သည့်အရာကိုမျှမထိမ်ဝှက်ထားပါ။ အကျွန်ုပ်တို့ငွေကုန်ပါပြီ။ အကျွန်ုပ်တို့၏တိရစ္ဆာန်တို့သည်လည်း သခင့်ဥစ္စာဖြစ်ပါပြီ။ သခင့်ရှေ့၌ အကျွန်ုပ်တို့၏ကိုယ်ခန္ဓာနှင့်မြေမှတစ်ပါး မည်သည့်အရာမျှမကျန်တော့ပါ။
ယောသပ်က လူတို့အား “ယနေ့ ငါသည် သင်တို့နှင့်သင်တို့၏မြေကို ဖာရောမင်းကြီးအဖို့ ဝယ်ယူပြီ။ သင်တို့သည် မျိုးစေ့ကိုယူ၍ မြေ၌ စိုက်ပျိုးကြလော့။
ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့၌ ငြိမ်ဝပ်စွာနေရမည်။ ထွန်ယက်ချိန်ဖြစ်စေ၊ ရိတ်သိမ်းချိန်ဖြစ်စေ သတ္တမနေ့၌ ငြိမ်ဝပ်စွာနေရမည်။
လယ်မြေထွန်ယက်သောနွား၊ မြည်းတို့သည်လည်း ဂေါ်ပြား၊ ကောက်ဆွတို့ဖြင့် ရွေးထုတ်ထားသည့် သန့်စင်သောအစာကို စားရကြမည်။
ထိုမြို့၏သက်ကြီးဝါကြီးတို့သည် ထွန်ယက်စိုက်ပျိုး၍မရသော ရေစီးနေသည့်ချိုင့်ဝှမ်းသို့ နွားမတမ်းကိုခေါ်ဆောင်လာ၍ ထိုချိုင့်ဝှမ်း၌ နွားမတမ်း၏လည်ပင်းကိုချိုးရမည်။
သူ့အဖို့ လူတစ်ထောင်အုပ်၊ လူငါးဆယ်အုပ်များအဖြစ် ခန့်ထားမည်။ လယ်ယာကို ထွန်ယက်စေမည်။ ကောက်ရိတ်စေမည်။ စစ်လက်နက်များ၊ ရထားတန်ဆာပလာများကို ပြုလုပ်စေမည်။