ကမ္ဘာဦး 47:18 - မြန်မာ့စံမီသမ္မာကျမ်း18 ထိုနှစ်ကုန်ပြီး ဒုတိယနှစ်၌ သူတို့သည် ယောသပ်ထံသို့ရောက်လာ၍ “အကျွန်ုပ်တို့သည် သခင့်အား မည်သည့်အရာကိုမျှမထိမ်ဝှက်ထားပါ။ အကျွန်ုပ်တို့ငွေကုန်ပါပြီ။ အကျွန်ုပ်တို့၏တိရစ္ဆာန်တို့သည်လည်း သခင့်ဥစ္စာဖြစ်ပါပြီ။ သခင့်ရှေ့၌ အကျွန်ုပ်တို့၏ကိုယ်ခန္ဓာနှင့်မြေမှတစ်ပါး မည်သည့်အရာမျှမကျန်တော့ပါ။ အခန်းကိုကြည့်ပါ။Common Language Bible18 ထိုနှစ်ကုန်၍နောက်တစ်နှစ်သို့ရောက်ရှိလာ သောအခါ သူတို့သည်ယောသပ်ထံသို့လာ ကြပြန်၍``ကျွန်တော်တို့လက်တွင်ငွေလည်း ကုန်ကြောင်း၊ တိရစ္ဆာန်များလည်းကိုယ်တော်၏ လက်ဝယ်သို့ရောက်ရှိကြောင်း ကိုယ်တော်အသိ ပင်ဖြစ်ပါသည်။ ယခုကျွန်တော်တို့၏ကိုယ် နှင့်ကျွန်တော်တို့၏လယ်မြေများမှလွဲ၍ ကိုယ်တော်အားပေးရန်အဘယ်အရာမျှ မရှိတော့ပါ။- အခန်းကိုကြည့်ပါ။Garrad Bible18 ထို နှစ် ကုန် ပြီး မှ ဒု တိ ယ နှစ် တွင် လာ ပြန် ကြ၍ ကျွန် တော် မျိုး တို့ ငွေ နှင့် တိ ရ စ္ဆာန် ရှိ သ မျှ အ ရှင့် လက် ဝယ် ရောက် ကြောင်း အ တည့် အ လင်း ဝန် ခံ ပါ ၏။ အ ရှင် သိ တော် မူ သည့် အ တိုင်း ကျွန် တော် မျိုး တို့ ကိုယ် နှင့် မြေ မှ တစ် ပါး အ ကြွင်း အ ကျန် မ ရှိ ပါ။ အခန်းကိုကြည့်ပါ။Judson Bible18 ထိုနှစ်ကုန်ပြီးမှ ဒုတိယနှစ်တွင်လာကြလျှင်၊ ကျွန်တော်တို့ငွေကုန်ကြောင်းကို သခင်ရှေ့မှာမထိမ်ဝှက်ပါ။ ကျွန်တော်တို့တိရစ္ဆာန်များကိုလည်း သခင်ရပါပြီ။ သခင်ရှေ့မှာ ကျွန်တော်တို့ကိုယ်နှင့်မြေမှတစ်ပါး အဘယ်အရာမျှ မကျန်ပါ။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ သူတို့သည် မိမိတို့၏တိရစ္ဆာန်တို့ကို ယောသပ်ထံသို့ယူဆောင်လာကြ၏။ ထိုအခါ ယောသပ်သည် မြင်းများ၊ သိုးဆိတ်နွား စသည့်တိရစ္ဆာန်များ၊ မြည်းများအစား စားစရာကို သူတို့အားပေးလေ၏။ ထိုနှစ်၌ ယောသပ်သည် သူတို့ယူဆောင်လာသောတိရစ္ဆာန်အားလုံးကို အစားအစာနှင့်လဲလှယ်ပေးလေ၏။
အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့၏မြေသည် သခင့်ရှေ့၌ အဘယ်ကြောင့်ပျက်စီးရပါမည်နည်း။ အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့၏မြေကိုဝယ်၍ ထိုအစား စားစရာပေးပါလော့။ အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏မြေနှင့်တကွ ဖာရောမင်းကြီးထံ၌ ကျွန်ခံပါမည်။ အကျွန်ုပ်တို့ မသေဘဲ အသက်ရှင်ကြရမည့်အကြောင်း၊ မြေသည်လည်း မပျက်စီးမည့်အကြောင်း မျိုးစေ့ကိုပေးပါလော့”ဟု ဆိုကြ၏။