ထို့နောက် သူတို့၏အိတ်များထဲ၌ ဂျုံစပါးအပြည့်ဖြည့်၍ သူတို့၏ငွေများကိုလည်း သူတို့၏အိတ်အသီးသီး၌ ပြန်ထည့်ပေးရန်နှင့် သူတို့အား လမ်းခရီးအတွက်စားနပ်ရိက္ခာထည့်ပေးရန် ယောသပ်အမိန့်ပေးသည့်အတိုင်း သူတို့အတွက် ပြုပေးလေ၏။
ကမ္ဘာဦး 43:12 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့လက်ထဲ၌ ငွေနှစ်ဆယူသွားကြလော့။ သင်တို့၏အိတ်ဝတွင် ပြန်ထည့်ပေးလိုက်သောငွေကိုလည်း ပြန်ယူသွားကြလော့။ မှား၍ထည့်ပေးလိုက်ခြင်းဖြစ်ကောင်းဖြစ်မည်။ Common Language Bible သင်တို့၏စပါးအိတ်ဝများ၌ထည့်ပေးလိုက် သောငွေကိုပြန်ပေးရမည်ဖြစ်၍ ငွေကိုနှစ်ဆ ယူသွားကြလော့။ ပြန်ထည့်ပေးလိုက်သောငွေ မှာမှားပြီးပြန်ထည့်ပေးလိုက်ဟန်တူသည်။- Garrad Bible အိတ် ဝ တွင် ပြန် ထည့် လိုက် သော ငွေ ပါ၊ ငွေ နှစ် ဆ ကို လက် ဝယ် ယူ သွား ကြ လော့။ အ မှတ် မဲ့ ဖြစ် ကောင်း ဖြစ် လိမ့် မည်။ Judson Bible သင်တို့လက်၌ ငွေနှစ်ဆကိုလည်းယူကြလော့။ အိတ်ဝတွင် ဆောင်ခဲ့သောငွေကို တစ်ဖန်လက်၌ဆောင်သွားကြဦးလော့။ ထိုအမှုသည် သတိလစ်သောအမှုဖြစ်ဟန်ရှိ၏။ |
ထို့နောက် သူတို့၏အိတ်များထဲ၌ ဂျုံစပါးအပြည့်ဖြည့်၍ သူတို့၏ငွေများကိုလည်း သူတို့၏အိတ်အသီးသီး၌ ပြန်ထည့်ပေးရန်နှင့် သူတို့အား လမ်းခရီးအတွက်စားနပ်ရိက္ခာထည့်ပေးရန် ယောသပ်အမိန့်ပေးသည့်အတိုင်း သူတို့အတွက် ပြုပေးလေ၏။
ထို့နောက် သူတို့သည် မိမိတို့အိတ်များကိုသွန်ချသောအခါ မိမိနှင့်ဆိုင်သောငွေထုပ်အသီးသီးသည် မိမိ၏အိတ်ထဲ၌ရှိ၏။ သူတို့နှင့်သူတို့၏ဖခင်သည် ထိုငွေထုပ်များကိုမြင်သောအခါ ကြောက်လန့်ကြ၏။
အပြန်တွင် အကျွန်ုပ်တို့သည် စခန်းချရာနေရာသို့ရောက်၍ အကျွန်ုပ်တို့၏အိတ်များကိုဖွင့်သောအခါ အသီးသီး၏ငွေသည် မိမိတို့အိတ်ဝ၌ရှိပါ၏။ အကျွန်ုပ်တို့၏ငွေသည် အလျှင်းမလျော့ပါ။ ထိုငွေကို အကျွန်ုပ်တို့ ပြန်ယူဆောင်လာခဲ့ပါ၏။
အစားအစာဝယ်ယူရန် နောက်ထပ်ငွေကိုလည်း အကျွန်ုပ်တို့ယူဆောင်လာခဲ့ပါ၏။ အကျွန်ုပ်တို့၏အိတ်များထဲ၌ အကျွန်ုပ်တို့၏ငွေကို မည်သူပြန်ထည့်ထားသည်ကို အကျွန်ုပ်တို့မသိပါ”ဟု သူ့အား ပြောဆိုကြ၏။
မည်သူ့ကိုမျှ အဆိုးကို အဆိုးဖြင့် မတုံ့ပြန်ကြနှင့်။ လူအပေါင်းတို့ရှေ့၌ တင့်တယ်လျောက်ပတ်သောအမှုကို ပြုမူကျင့်ကြံကြလော့။
အချင်းချင်းချစ်ခြင်းမှတစ်ပါး မည်သည့်အကြွေးမျှ မတင်စေကြနှင့်။ သူတစ်ပါးကိုချစ်သောသူသည် ပညတ်တရားကိုပြည့်စုံစေပြီ။
အကြောင်းမူကား ငါတို့သည် သခင်ဘုရားရှေ့တော်၌သာမက လူတို့ရှေ့၌လည်း တင့်တယ်လျောက်ပတ်သောအမှုကို ပြုမူကျင့်ကြံကြ၏။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုတို့၊ မှန်ကန်သောအရာရှိသမျှ၊ ဂုဏ်သရေရှိသောအရာရှိသမျှ၊ ဖြောင့်မတ်သောအရာရှိသမျှ၊ ဖြူစင်သန့်ရှင်းသောအရာရှိသမျှ၊ နှစ်သက်ဖွယ်ကောင်းသောအရာရှိသမျှနှင့် ဂုဏ်သတင်းကောင်းသောအရာရှိသမျှတို့၌ ကောင်းမြတ်သောအရာတစ်စုံတစ်ခု၊ သို့မဟုတ် ချီးမွမ်းထိုက်သောအရာတစ်စုံတစ်ခုရှိလျှင် ထိုအရာတို့ကို နှလုံးသွင်းကြလော့။
ထိုအမှုအရာမျိုး၌ မိမိညီအစ်ကိုအပေါ်စည်းဖောက်၍ အခွင့်ကောင်းမယူကြရန်ဖြစ်၏။ အကြောင်းမူကား ငါတို့သည် သင်တို့ကို သတိပေး၍ ကြိုတင်ပြောထားခဲ့သည့်အတိုင်း သခင်ဘုရားသည် ဤအမှုအရာအားလုံးအတွက် အပြစ်ဒဏ်ပေးတော်မူလိမ့်မည်။