ထို့ကြောင့် အရှင်ဖာရောမင်းကြီး၊ အသိဉာဏ်ရှိသောသူ၊ ပညာရှိသောသူကိုရှာပြီးလျှင် အီဂျစ်ပြည်ကိုအုပ်စိုးရန် ထိုသူကိုခန့်ထားပါလော့။
ကမ္ဘာဦး 41:34 - မြန်မာ့စံမီသမ္မာကျမ်း အရှင်ဖာရောမင်းကြီး ခန့်ထားသောသူသည်လည်း တိုင်းပြည် ကြီးကြပ်သူများကို ထပ်မံခန့်အပ်ထားပါစေ။ သူသည် အီဂျစ်ပြည်၌ဝပြောသောနှစ် ခုနစ်နှစ်တွင် ဂျုံစပါးငါးပုံတစ်ပုံကို ကောက်ယူပါစေ။ Common Language Bible ပေါကြွယ်ဝသောနှစ်ခုနစ်နှစ်တွင်ထွက်သမျှ သောကောက်ပဲသီးနှံထဲမှ ငါးပုံတစ်ပုံကို ကောက်ယူသိမ်းဆည်းရန် တစ်ပြည်လုံး၌ကြီး ကြပ်ရေးမှူးများကိုခန့်ထားတော်မူပါ။- Garrad Bible အ ရှင် မင်း ကြီး၊ ထို သို့ စီ ရင် ၍ ပြည် တော်၌ ကြီး ကြပ် ကြည့် ရှု သူ တို့ ကို ခန့် ထား သ ဖြင့် ပြန့် ပြော သော ခု နစ် နှစ် ပတ် လုံး ပြည် တော် တွင် ငါး ဖို့ တစ် ဖို့ ခွန် ကောက် ယူ တော် မူ ပါ။ Judson Bible ခန့်ထားတော်မူသောသူသည်လည်း တစ်ပြည်လုံး၌ အကြီးအကြပ်တို့ကိုခန့်ထား၍၊ ဝပြောသောနှစ် ခုနစ်နှစ်ပတ်လုံး တစ်ပြည်လုံးတွင် ငါးဖို့တစ်ဖို့ကောက်ယူကြပါစေ။ |
ထို့ကြောင့် အရှင်ဖာရောမင်းကြီး၊ အသိဉာဏ်ရှိသောသူ၊ ပညာရှိသောသူကိုရှာပြီးလျှင် အီဂျစ်ပြည်ကိုအုပ်စိုးရန် ထိုသူကိုခန့်ထားပါလော့။
ထိုသူတို့သည် လာမည့်ကြွယ်ဝသောနှစ်များမှ အစားအစာရှိသမျှတို့ကို စုသိမ်းကြပါစေ။ ဖာရောမင်းကြီး၏အာဏာဖြင့် အစားအစာဂျုံစပါးကို မြို့များ၌စုဆောင်းထိန်းသိမ်းကြပါစေ။
အသီးအနှံ၏ငါးပုံတစ်ပုံကို ဖာရောမင်းကြီးအားဆက်သရမည်။ လေးပုံသည် လယ်ယာအတွက်မျိုးစေ့၊ သင်တို့နှင့်သင်တို့၏အိမ်သူအိမ်သားများမှစ၍ သင်တို့၏ကလေးများစားသုံးရန်အတွက်အစားအစာ ဖြစ်ရမည်”ဟု ဆို၏။
ဤသို့ဖြင့် ငါးပုံတစ်ပုံသည် ဖာရောမင်းကြီးအပိုင်ဖြစ်၏ဟု ယောသပ်စီရင်ခဲ့သောစည်းမျဉ်းဥပဒေသည် အီဂျစ်ပြည်၌ ယနေ့တိုင်အောင်တည်၏။ ယဇ်ပုရောဟိတ်တို့၏မြေကိုကား ဖာရောမင်းကြီးမပိုင်ပေ။
လူတို့သည် အလုပ်လုပ်ရာ၌ သစ္စာရှိကြ၏။ သူတို့ကို ကြီးကြပ်ပေးဖို့ လေဝိအမျိုး မေရာရိသားမြေးထဲမှ ယာဟတ်နှင့် ဩဗဒိ၊ ကောဟတ်သားမြေးထဲမှ ဇာခရိနှင့် မေရှုလံတို့ကို ခန့်ထား၏။ တူရိယာတီးမှုတ်ကျွမ်းကျင်သူလေဝိအမျိုးသားအားလုံးတို့သည်လည်း
ထိုသူတို့ကို ဇိခရိ၏သား ယောလက ကြီးကြပ်၍ ဟာသေနွာ၏သား ယုဒက မြို့ကိုကြီးကြပ်သူ၏လက်ထောက်ဖြစ်၏။
ငတ်မွတ်ခေါင်းပါးသောအခါ သေဘေးမှလည်းကောင်း၊ စစ်တိုက်သောအခါ ဓားလက်နက်ဘေးမှလည်းကောင်း သင့်ကို ကယ်နုတ်တော်မူလိမ့်မည်။
ထိုသို့ကြည့်ရှုတော်မူခြင်းမှာ သူတို့၏စိတ်ဝိညာဉ်ကို သေခြင်းမှကယ်နုတ်ရန်နှင့် ငတ်မွတ်ခေါင်းပါးသည့်ကာလ၌ သူတို့ကိုဆက်၍အသက်ရှင်စေရန်ဖြစ်၏။
ဆင်ခြင်ဉာဏ်ရှိသောသူသည် ဘေးအန္တရာယ်ကိုမြင်၍ ပုန်းရှောင်တတ်၏။ အသိပညာနည်းပါးသောသူမူကား ဆက်သွား၍ အပြစ်ဒဏ်ခံရတတ်၏။
ဆင်ခြင်ဉာဏ်ရှိသောသူသည် ဘေးအန္တရာယ်ကိုမြင်၍ ပုန်းရှောင်တတ်၏။ အသိဉာဏ်နည်းပါးသောသူသည် ဆက်သွား၍ အပြစ်ဒဏ်ခံရတတ်၏။
မောရှေသည် စစ်တိုက်ရာမှပြန်လာသော စစ်သည်အရာရှိဖြစ်သူ ထောင်တပ်မှူး၊ ရာတပ်မှူးတို့ကို အမျက်ထွက်၍
ထို့နောက် မိမိသခင်ထံအကြွေးတင်သူတို့ကို တစ်ဦးစီခေါ်၍ ပထမလူအား ‘သင်သည် ငါ့သခင်ထံ အကြွေးမည်မျှရှိသနည်း’ဟု မေးလေ၏။