သုံးရက်အတွင်းတွင် ဖာရောမင်းကြီးသည် သင့်ကိုချီးမြှောက်၍ သင်၏ရာထူးကို သင့်အားပြန်ပေးလိမ့်မည်။ သင်သည် ယခင်က ဖာရောမင်းကြီး၏ဖလားတော်ဝန်ဖြစ်ခဲ့စဉ်ပြုလေ့ရှိသည့်အတိုင်း သူ၏ခွက်ဖလားကို သူ့လက်သို့ဆက်သရလိမ့်မည်။
ကမ္ဘာဦး 40:19 - မြန်မာ့စံမီသမ္မာကျမ်း သုံးရက်အတွင်းတွင် ဖာရောမင်းကြီးသည် သင့်ကိုခေါင်းနှင့်ကိုယ်တခြားစီဖြစ်စေပြီး သင့်ကိုယ်ကို သစ်တိုင်၌ချိတ်ဆွဲထားလိမ့်မည်။ ငှက်တို့သည် သင့်အသားကိုစားကြလိမ့်မည်”ဟု ဆိုလေ၏။ Common Language Bible သုံးရက်အတွင်းဘုရင်သည်သင့်အားထောင်ထဲ မှလွှတ်၍သင်၏ဦးခေါင်းကိုဖြတ်ပစ်စေလိမ့် မည်။ ထိုနောက်သင်၏ကိုယ်ခန္ဓာကိုတိုင်ပေါ်မှာ ဆွဲထား၍ငှက်တို့သည်သင်၏အသားကိုစား ကြလိမ့်မည်'' ဟုစားတော်ဆက်ဝန်အားပြော လေ၏။ Garrad Bible သုံး ရက်မြောက် လျှင် ဖာ ရော မင်း သည် ဝန် မင်း၏ ဦး ခေါင်း ကို ကိုယ် နှင့် ခွာ မြှင့် လျက် အ လောင်း ကို ကား တင် တော် မူ သ ဖြင့် ငှက် များ တို့ သည် အ သား ကို ထိုး သုတ်၍ စား ကြ လိမ့် မည် ဟု ပြန် ပြော ၏။ Judson Bible သုံးရက်လွန်မှဖာရောမင်းသည် သင်၏ဦးခေါင်းကို ကိုယ်နှင့်ခွာမြှောက်လျက် သစ်ပင်၌ဆွဲထားတော်မူ၍၊ ငှက်တို့သည် သင်၏အသားကိုနုတ်၍စားကြလိမ့်မည်ဟု ပြန်ပြော၏။ |
သုံးရက်အတွင်းတွင် ဖာရောမင်းကြီးသည် သင့်ကိုချီးမြှောက်၍ သင်၏ရာထူးကို သင့်အားပြန်ပေးလိမ့်မည်။ သင်သည် ယခင်က ဖာရောမင်းကြီး၏ဖလားတော်ဝန်ဖြစ်ခဲ့စဉ်ပြုလေ့ရှိသည့်အတိုင်း သူ၏ခွက်ဖလားကို သူ့လက်သို့ဆက်သရလိမ့်မည်။
အပေါ်ဆုံးတောင်းထဲတွင် ဖာရောမင်းကြီးအတွက်ဖုတ်ထားသောစားစရာအမျိုးမျိုးရှိ၏။ သို့သော် ငှက်တို့သည် ငါ့ခေါင်းပေါ်တွင်ရွက်ထားသောတောင်းထဲမှ ထိုစားစရာတို့ကိုစားကြ၏”ဟု ပြောပြလေ၏။
ထိုအခါ ယောသပ်က “အိပ်မက်၏အနက်ကား ဤသို့ဖြစ်၏။ တောင်းသုံးလုံးသည် သုံးရက်ဖြစ်၏။
ထို့နောက် သုံးရက်မြောက်သောနေ့တွင် ဖာရောမင်းကြီး၏မွေးနေ့ကျရောက်သဖြင့် မိမိ၏အမှုထမ်းအပေါင်းတို့အတွက် စားသောက်ပွဲပြုလုပ်လေ၏။ မိမိ၏အမှုထမ်းတို့ရှေ့၌ ဖလားတော်ဝန်ကိုချီးမြှင့်၍ စားတော်ဝန်ကိုကား ခေါင်းနှင့်ကိုယ်တခြားစီဖြစ်စေလေ၏။
စားတော်ဝန်ကိုမူကား သစ်တိုင်၌ချိတ်ဆွဲထားလေ၏။ သူတို့အား ယောသပ်အနက်ဖွင့်ပြပေးခဲ့သည့်အတိုင်းဖြစ်လေ၏။
အကျွန်ုပ်တို့အတွက် သူအနက်ဖွင့်ပြပေးသည့်အတိုင်း ဖြစ်လာခဲ့ပါ၏။ အရှင်သည် အကျွန်ုပ်အား အကျွန်ုပ်၏ရာထူးကိုပြန်ပေး၍ စားတော်ဝန်ကို သစ်တိုင်၌ချိတ်ဆွဲခဲ့ပါ၏”ဟု လျှောက်လေ၏။
အလောင်းတို့ကို နေ့အချိန်တွင် မိုးကောင်းကင်ငှက်တို့ မထိပါးအောင်၊ ညအချိန်တွင် တောတိရစ္ဆာန်တို့ လာမဆွဲအောင် အာယ၏သမီးရိဇပက လျှော်တေအဝတ်ကိုယူ၍ ကျောက်ဖျာတစ်ခုပေါ်တွင်ခင်းထိုင်ပြီး သီးနှံရိတ်သိမ်းချိန်မှစ၍ အလောင်းပေါ်သို့ ကောင်းကင်မှမိုးရွာချသည့်အချိန်ထိ စောင့်ရှောက်ပေးခဲ့၏။
ထို့ကြောင့် သူ့သားခုနစ်ယောက်ကို အကျွန်ုပ်တို့လက်သို့ အပ်တော်မူပါ။ ထာဝရဘုရား ရွေးကောက်ခံရသူရှောလု၏ဇာတိမြို့ဖြစ်သော ဂိဗာမြို့၌ သူတို့ကို ထာဝရဘုရားရှေ့တော်တွင် ကြိုးဒဏ်ပေးပါမည်”ဟု လျှောက်တင်ကြလျှင် ရှင်ဘုရင်က “ငါအပ်ပေးမည်”ဟု မိန့်ဆို၏။
ဖခင်ကိုပြက်ရယ်ပြု၍ မိခင်အားနာခံခြင်းကို မထီမဲ့မြင်ပြုတတ်သောမျက်စိကို လျှိုမြောင်၌ရှိသောကျီးကန်းတို့သည် ဖောက်ထုတ်၍ လင်းတ၏သားပေါက်တို့သည် စားကြလိမ့်မည်။
သင်နှင့်သင်၏စစ်သည်အားလုံးအပါအဝင် သင်၌ရှိသောလူတို့သည် အစ္စရေးတောင်များပေါ်တွင် ကျဆုံးကြလိမ့်မည်။ သင့်ကို အသားစားငှက်အမျိုးမျိုးနှင့် တောရိုင်းတိရစ္ဆာန်တို့၏အစာ ဖြစ်စေမည်။
အကြောင်းမူကား ငါသည် တွန့်ဆုတ်ခြင်းမရှိဘဲ ဘုရားသခင်၏အကြံအစည်တော်ကို သင်တို့အား အကုန်အစင်ဖော်ပြခဲ့ပြီ။
ခရစ်တော်သည် ငါတို့အတွက် ကျိန်ခြင်းခံရသူဖြစ်ပြီး ငါတို့ကို ပညတ်တရား၏ကျိန်ခြင်းမှ ရွေးနုတ်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် “သစ်တိုင်ပေါ်၌ဆွဲထားခြင်းခံရသူတိုင်း ကျိန်ခြင်းကိုခံရသူဖြစ်၏”ဟု ရေးထား၏။
ထို့နောက် ယောရှုသည် ထိုရှင်ဘုရင်တို့ကို ရိုက်နှက်ပြီး အသေသတ်ကာ သစ်ပင်ငါးပင်ပေါ်၌ချိတ်ဆွဲထားလေ၏။ သူတို့သည် နေဝင်ချိန်တိုင်အောင် သစ်ပင်၌ချိတ်ဆွဲထားခြင်းခံရ၏။
အာဣဘုရင်ကို နေဝင်ချိန်တိုင်အောင် သစ်ပင်ပေါ်တွင် ချိတ်ဆွဲထား၏။ နေဝင်သောအခါ ယောရှုအမိန့်အတိုင်း လူတို့သည် အလောင်းကို သစ်ပင်မှချ၍ မြို့တံခါးဝတွင်ပစ်ထားပြီးလျှင် အလောင်းပေါ်တွင် ကျောက်ပုံကြီးပုံထား၏။ ထိုကျောက်ပုံသည် ယနေ့တိုင်အောင် ရှိ၏။
ထို့ပြင် ထိုဖိလိတ္တိပြည်သားက ဒါဝိဒ်အား “ငါ့ထံသို့ လာခဲ့။ သင့်အသားကို မိုးကောင်းကင်ငှက်များ၊ တောတိရစ္ဆာန်များအား ကျွေးပစ်မည်”ဟု ဆို၏။
ယနေ့တွင် ထာဝရဘုရားသည် သင့်ကို ငါ့လက်သို့အပ်နှံတော်မူမည်။ သင့်ကို ငါသတ်ပြီး သင့်ခေါင်းကို ဖြတ်ပစ်မည်။ ယနေ့ပင် ဖိလိတ္တိလူမျိုးစစ်သည်အသေကောင်များကို မိုးကောင်းကင်ငှက်များ၊ တောရိုင်းတိရစ္ဆာန်များအား ကျွေးပစ်မည်။ သို့မှ အစ္စရေးလူမျိုးတို့၌ ဘုရားသခင်ရှိတော်မူကြောင်းကို ကမ္ဘာမြေတစ်ခွင်လုံး သိရကြလိမ့်မည်။