ထို့နောက်တွင် အီဂျစ်ဘုရင်၏ဖလားတော်ဝန်နှင့်စားတော်ဝန်တို့သည် မိမိတို့၏သခင် အီဂျစ်ဘုရင်ကိုပြစ်မှားကြ၏။
ကမ္ဘာဦး 40:13 - မြန်မာ့စံမီသမ္မာကျမ်း သုံးရက်အတွင်းတွင် ဖာရောမင်းကြီးသည် သင့်ကိုချီးမြှောက်၍ သင်၏ရာထူးကို သင့်အားပြန်ပေးလိမ့်မည်။ သင်သည် ယခင်က ဖာရောမင်းကြီး၏ဖလားတော်ဝန်ဖြစ်ခဲ့စဉ်ပြုလေ့ရှိသည့်အတိုင်း သူ၏ခွက်ဖလားကို သူ့လက်သို့ဆက်သရလိမ့်မည်။ Common Language Bible သုံးရက်အတွင်းဘုရင်သည်သင့်အားလွတ် ငြိမ်းချမ်းသာခွင့်ပေး၍ သင်၏ရာထူးကိုပြန် ပေးတော်မူသဖြင့် သင်သည်ယခင်ကဖလား တော်ဆက်ခဲ့ရသည့်နည်းတူယခုတစ်ဖန် ပြန်ဆက်ရလိမ့်မည်။- Garrad Bible သုံး ရက် မြောက် လျှင် ဖာ ရော မင်း သည် ဝန် မင်း၏ ဦး ခေါင်း ကို ချီး မြှင့်၍ ရာ ထူး ရင်း ကို ပြန် ပေး တော် မူ သ ဖြင့် အ ထက် ရေ ကြည် ဝန် လုပ် စဉ် ပြု ခဲ့ သည့် နည်း တူ ဖ လား တော် ကို ဖာ ရော မင်း လက် တော် ရောက် ဆက် သ ရ လိမ့် မည်။ Judson Bible သုံးရက်လွန်မှဖာရောမင်းသည် သင်၏ဦးခေါင်းကိုချီးမြှောက်၍ သင်၏အရာကိုပြန်ပေးတော်မူသဖြင့်၊ သင်သည်အထက်ကဖလားတော်ဝန်ဖြစ်၍ ပြုဖူးသည်နည်းတူ၊ တစ်ဖန်ဖလားတော်ကို ဖာရောမင်း၏လက်တွင်ဆက်မြဲ ဆက်ရလိမ့်မည်။ |
ထို့နောက်တွင် အီဂျစ်ဘုရင်၏ဖလားတော်ဝန်နှင့်စားတော်ဝန်တို့သည် မိမိတို့၏သခင် အီဂျစ်ဘုရင်ကိုပြစ်မှားကြ၏။
ထိုအခါ ယောသပ်က သူ့အား “အိပ်မက်၏အနက်ကား ဤသို့ဖြစ်၏။ အခက်သုံးခက်သည် သုံးရက်ဖြစ်၏။
သင်ကောင်းစားသောအခါ အကျွန်ုပ်ကိုအောက်မေ့၍ အကျွန်ုပ်အား မေတ္တာပြပါလော့။ ဤအိမ်ထဲမှ ထွက်လာနိုင်ရန် အကျွန်ုပ်အတွက် ဖာရောမင်းကြီးထံလျှောက်တင်ပေးပါလော့။
အကြောင်းမူကား နောက်ခုနစ်ရက်ပြည့်လျှင် ငါသည် အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်တွင်မိုးရွာစေ၍ ငါဖန်ဆင်းသောသတ္တဝါအပေါင်းတို့ကို မြေပြင်ပေါ်မှ ငါသုတ်သင်ပယ်ရှင်းမည်”ဟု မိန့်တော်မူ၏။
ယုဒဘုရင်ယောယခိမ်မင်းကြီး ဖမ်းခေါ်သွားခြင်းခံရပြီးနောက် သုံးဆယ့်ခုနစ်နှစ်မြောက်၊ ဒွါဒသမလ၊ နှစ်ဆယ့်ခုနစ်ရက်နေ့ ဘေဘီလုံဘုရင်ဧဝိလမေရောဒက်မင်းကြီး နန်းတက်သောနှစ်တွင် ယုဒဘုရင်ယောယခိမ်မင်းကြီးကို အကျဉ်းထောင်မှ လွှတ်ပေးလိုက်၏။
သို့သော် အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကိုဝန်းရံထားသောဒိုင်းလွှား၊ အကျွန်ုပ်၏ဘုန်းအသရေနှင့် အကျွန်ုပ်၏ဦးခေါင်းကို ချီးမြှောက်သောအရှင်ဖြစ်တော်မူ၏။
ဘေဘီလုံဘုရင်ဧဝိလမေရောဒက်မင်းကြီး နန်းစံသောပထမနှစ်၊ ယုဒဘုရင်ယောယခိမ်မင်းကြီး ဖမ်းခေါ်သွားခြင်းခံရပြီးနောက် သုံးဆယ့်ခုနစ်နှစ်မြောက်၊ ဒွါဒသမလ၊ နှစ်ဆယ့်ငါးရက်နေ့တွင် ဧဝိလမေရောဒက်မင်းကြီးသည် ယုဒဘုရင်ယောယခိမ်မင်းကြီးကို ချီးမြှောက်သောအားဖြင့် အကျဉ်းထောင်မှ လွှတ်ပေးလိုက်၏။