Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 40:13 - Common Language Bible

13 သုံး​ရက်​အ​တွင်း​ဘု​ရင်​သည်​သင့်​အား​လွတ် ငြိမ်း​ချမ်း​သာ​ခွင့်​ပေး​၍ သင်​၏​ရာ​ထူး​ကို​ပြန် ပေး​တော်​မူ​သ​ဖြင့် သင်​သည်​ယခင်​က​ဖလား တော်​ဆက်​ခဲ့​ရ​သည့်​နည်း​တူ​ယ​ခု​တစ်​ဖန် ပြန်​ဆက်​ရ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 သုံး ရက် မြောက် လျှင် ဖာ ရော မင်း သည် ဝန် မင်း၏ ဦး ခေါင်း ကို ချီး မြှင့်၍ ရာ ထူး ရင်း ကို ပြန် ပေး တော် မူ သ ဖြင့် အ ထက် ရေ ကြည် ဝန် လုပ် စဉ် ပြု ခဲ့ သည့် နည်း တူ ဖ လား တော် ကို ဖာ ရော မင်း လက် တော် ရောက် ဆက် သ ရ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 သုံး​ရက်​လွန်​မှ​ဖာ​ရော​မင်း​သည် သင်၏​ဦး​ခေါင်း​ကို​ချီး​မြှောက်၍ သင်၏​အ​ရာ​ကို​ပြန်​ပေး​တော်​မူ​သ​ဖြင့်၊ သင်​သည်​အ​ထက်​က​ဖ​လား​တော်​ဝန်​ဖြစ်၍ ပြု​ဖူး​သည်​နည်း​တူ၊ တစ်​ဖန်​ဖ​လား​တော်​ကို ဖာ​ရော​မင်း၏​လက်​တွင်​ဆက်​မြဲ ဆက်​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 သုံး​ရက်​အတွင်း​တွင် ဖာရော​မင်းကြီး​သည် သင့်​ကို​ချီးမြှောက်​၍ သင်​၏​ရာထူး​ကို သင့်​အား​ပြန်ပေး​လိမ့်မည်​။ သင်​သည် ယခင်​က ဖာရော​မင်းကြီး​၏​ဖလားတော်ဝန်​ဖြစ်​ခဲ့​စဉ်​ပြု​လေ့​ရှိ​သည့်​အတိုင်း သူ​၏​ခွက်ဖလား​ကို သူ့​လက်​သို့​ဆက်သ​ရ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 40:13
8 ပူးပေါင်းရင်းမြစ်များ  

ကာ​လ​အ​တန်​ကြာ​ပြီး​နောက်​အီ​ဂျစ်​ပြည့်​ရှင် ၏​ဖ​လား​တော်​ဝန်​နှင့်​စား​တော်​ဆက်​ဝန်​တို့ သည်​ဘု​ရင့်​အ​မျက်​သင့်​ကြ​၏။-


ယော​သပ်​က``သင်​၏​အိပ်မက်​အ​နက်​သည်​ကား ဤ​သို့​တည်း။ အ​ကိုင်း​သုံး​ကိုင်း​သည်​သုံး​ရက် ကို​ဆို​လို​သည်။-


သင်​ပြန်​၍​ကောင်း​စား​လာ​သော​အ​ခါ​ကျွန်​တော် ကို​မ​မေ့​ပါ​နှင့်။ ဘု​ရင့်​ထံ​ကျွန်​တော်​အ​တွက် သံ​တော်​ဦး​တင်​၍​ဤ​ထောင်​ထဲ​မှ​လွတ်​မြောက် ရန်​ကူ​ညီ​ပေး​ပါ။-


ခု​နစ်​ရက်​ကြာ​လျှင်​ဖန်​ဆင်း​ခဲ့​သ​မျှ​သော သတ္တ​ဝါ​များ​ကို​သေ​ကြေ​ပျက်​စီး​စေ​ခြင်း​ငှာ ကမ္ဘာ​မြေ​ကြီး​ပေါ်​၌​အ​ရက်​လေး​ဆယ်​ကြာ​မျှ နေ့​ည​မ​ပြတ်​မိုး​ကို​ငါ​ရွာ​စေ​မည်'' ဟု မိန့်​တော်​မူ​၏။-


ဗာ​ဗု​လုန်​ဘု​ရင်​ဧဝိ​လ​မေ​ရော​ဒက်​သည်​မိ​မိ နန်း​တက်​တော်​မူ​သော​နှစ်​၌ ယု​ဒ​ဘု​ရင်​ယေ​ခေါ နိ​အား​အ​ကျဉ်း​ထောင်​မှ​လွှတ်​သော​အား​ဖြင့် က​ရု​ဏာ​ပြ​တော်​မူ​၏။ ယေ​ခေါ​နိ​အ​ကျဉ်း ကျ​ပြီး​နောက် သုံး​ဆယ့်​ခု​နစ်​နှစ်​မြောက်​ဒွါ ဒ​သ​မ​လ​နှစ်​ဆယ့်​ခု​နစ်​ရက်​နေ့​၌​ဤ​သို့ ဖြစ်​ပျက်​သ​တည်း။-


သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ဒိုင်း​လွှား​သ​ဖွယ်​ကျွန်​တော်​မျိုး အား ဘေး​ရန်​များ​မှ​အ​စဉ်​ကွယ်​ကာ​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အား​အောင်​ပွဲ​ကို ပေး​တော်​မူ​လျက်​ရဲ​စွမ်း​သတ္တိ​နှင့်​ပြန်​လည် ပြည့်​ဝ​စေ​တော်​မူ​ပါ​၏။


ဗာ​ဗု​လုန်​ဘု​ရင်​ဧဝိ​လ​မ​ရော​ဒက်​သည် မိ​မိ နန်း​တက်​တော်​မူ​သော​နှစ်​၌​ယု​ဒ​ဘု​ရင် ယေ​ခေါ​နိ​အား အ​ကျဉ်း​ထောင်​မှ​လွတ်​၍ က​ရု​ဏာ​ပြ​တော်​မူ​၏။ ဤ​သို့​ဖြစ်​ပျက်​သည် မှာ​ယေ​ခေါ​နိ​အ​ကျဉ်း​ကျ​ပြီး​နောက် သုံး ဆယ့်​ခု​နစ်​နှစ်​မြောက်​ဒွါ​ဒ​သ​မ​လ၊ နှစ် ဆယ့်​ငါး​ရက်​နေ့​ဖြစ်​သ​တည်း။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ