ဇိလသည်လည်း တုဗလကာဣနကိုမွေးဖွား၏။ တုဗလကာဣနသည် ကြေးထည်၊ သံထည် ပစ္စည်းအမျိုးမျိုးကိုထုတ်လုပ်သူဖြစ်၏။ တုဗလကာဣန၏ညီမကား နေမ ဖြစ်၏။
ကမ္ဘာဦး 4:23 - မြန်မာ့စံမီသမ္မာကျမ်း လာမက်သည် မိမိမယားတို့အား “အာဒနှင့်ဇိလတို့၊ ငါ့အသံကိုနားထောင်ကြလော့။ လာမက်၏မယားတို့၊ ငါ့စကားကိုစူးစိုက်နားထောင်ကြလော့။ ငါ့ကိုအနာတရဖြစ်စေသောလူ၊ ငါ့ကိုဒဏ်ရာရစေသောလူငယ်ကို ငါသတ်ခဲ့ပြီ။ Common Language Bible လာမက်ကမိမိမယားတို့အား``ငါ့မယား အာဒနှင့် ဇိလတို့ငါ့စကားကိုနားထောင်ကြလော့။ ငါ့ကိုရိုက်နှက်သူလူငယ်တစ်ဦးသည်ငါ့ကို ရိုက်နှက်သောကြောင့်ငါသတ်ခဲ့ပြီ။ Garrad Bible လာ မက် က လည်း အာ ဒ နှင့် ဇိ လ တို့၊ ငါ ပြော ဆို သံ ကို ကြား နာ ကြ လော့။ လာ မက် မ ယား တို့၊ ငါ့ စ ကား ကို နား ထောင် ကြ လော့။ ငါ့ ကို ထိ ရှ စေ သော သူ တည်း ဟူ သော ငါ့ အား နာ ကျင် စေ သော လူ ပျို ကို ငါ သတ် ခဲ့ ပြီ။ Judson Bible လာမက်ကလည်း၊ အာဒနှင့် ဇိလ၊ ငါပြောသံကိုမှတ်ကြလော့။ လာမက်မယားတို့၊ ငါ့စကားကိုနားထောင်ကြလော့။ ငါ့ကိုထိခိုက်သော လူတစ်ယောက်တည်းဟူသော၊ ငါ့ကိုညှဉ်းဆဲသောလူပျိုတစ်ယောက်ကို ငါသတ်ခဲ့ပြီ။ |
ဇိလသည်လည်း တုဗလကာဣနကိုမွေးဖွား၏။ တုဗလကာဣနသည် ကြေးထည်၊ သံထည် ပစ္စည်းအမျိုးမျိုးကိုထုတ်လုပ်သူဖြစ်၏။ တုဗလကာဣန၏ညီမကား နေမ ဖြစ်၏။
လက်တုံ့ပြန်တော်မူသောဘုရားသခင် အို ထာဝရဘုရား၊ လက်တုံ့ပြန်တော်မူသောဘုရားသခင်၊ ရောင်ခြည်တော်ကိုလွှတ်တော်မူပါ။
သင်၏အမျိုးသားချင်းကို လက်တုံ့မပြန်ရ။ အငြိုးမထားရ။ ကိုယ့်အိမ်နီးချင်းကို ကိုယ်နှင့်အမျှချစ်ရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
ထိုအခါ ဗာလမ်က ပရောဖက်ပြုလျက် “ဗာလက်မင်းကြီး၊ ထလော့။ နားထောင်လော့။ ဇိဖော်သား၊ ငါ့စကားကို စူးစိုက်နားထောင်လော့။
လက်စားချေခြင်း၊ လက်တုံ့ပြန်ခြင်းသည် ငါနှင့်ဆိုင်၏။ သူတို့သည် အချိန်တန်လျှင် ခြေချော်လိမ့်မည်။ သူတို့၏ဘေးဒုက္ခနေ့ရက်သည်နီးပြီ။ သူတို့ကြုံရမည့်အမှုသည် အလျင်အမြန်ရောက်လာလိမ့်မည်။
ထိုသတင်းကို ယောသံကြားသောအခါ ထွက်သွား၍ ဂေရဇိမ်တောင်ထိပ်ပေါ်၌ ရပ်လျက် “ရှေခင်အမျိုးသားတို့၊ ငါ့စကားကို နားထောင်ကြလော့။ သို့ပြုလျှင် ဘုရားသခင်လည်း သင်တို့စကားကို နားထောင်တော်မူမည်။