တစ်နေ့တွင် ယောသပ်သည် အလုပ်လုပ်ရန်အိမ်ထဲသို့ဝင်သွားရာ အိမ်ထဲ၌ အိမ်သားယောက်ျားတစ်ယောက်မျှမရှိချေ။
ကမ္ဘာဦး 39:10 - မြန်မာ့စံမီသမ္မာကျမ်း ထိုသခင်မသည် ယောသပ်အား သူနှင့်အတူအိပ်ရန်၊ သူနှင့်အတူနေရန် နေ့စဉ်နေ့တိုင်း ပြောဆိုနေသော်လည်း ယောသပ်သည် သူ့ကိုနားမထောင်ပေ။ Common Language Bible သခင်မသည်ယောသပ်အားနေ့စဉ်သွေးဆောင် သော်လည်းသူသည်အမြဲငြင်းဆန်လေ၏။ Garrad Bible ထို သို့ သ ခင် မ နေ့ စဉ် ပြော ဆို သော် လည်း ယော သပ် သည် သူ နှင့် အိပ် ခြင်း နေ ခြင်း ငှါ မ လိုက် မ နာ သည် ဖြစ်၍၊ Judson Bible ထိုသို့သခင်မသည် နေ့တိုင်းသွေးဆောင်သော်လည်း၊ ယောသပ်သည် သူ၏စကားကိုနားမထောင်၊ သူနှင့်အတူအိပ်ခြင်း၊ နေခြင်းအမှုကိုရှောင်လေ၏။ |
တစ်နေ့တွင် ယောသပ်သည် အလုပ်လုပ်ရန်အိမ်ထဲသို့ဝင်သွားရာ အိမ်ထဲ၌ အိမ်သားယောက်ျားတစ်ယောက်မျှမရှိချေ။
ယောသပ်သည် ငြင်းဆန်၍ သူ့သခင်၏မယားအား “အကျွန်ုပ်၏သခင်သည် အိမ်၌ရှိသောအရာတို့ကိုမသိမမှတ်ပါ။ သူ၌ရှိသမျှသောအရာတို့ကို အကျွန်ုပ်လက်သို့အပ်ပါပြီ။
ဤအိမ်၌ အကျွန်ုပ်ထက်ကြီးမြတ်သောသူမရှိပါ။ သခင်မသည် အကျွန်ုပ်သခင်၏မယားဖြစ်သောကြောင့် အကျွန်ုပ်၏သခင်သည် သခင်မမှတစ်ပါး မည်သည့်အရာကိုမျှအကျွန်ုပ်အား မဟန့်တားပါ။ သို့ဖြစ်၍ အကျွန်ုပ်သည် ဤမျှလောက်ကြီးမားသောမကောင်းမှုကိုပြု၍ ဘုရားသခင်ကို ပြစ်မှားရပါမည်လော”ဟု ဆိုလေ၏။
ငါ့သား၊ သူတို့နှင့်အတူ ထိုလမ်းကိုမလိုက်နှင့်။ သူတို့သွားရာလမ်းသို့မလိုက်မိစေရန် သင်၏ခြေကိုထိန်းချုပ်လော့။
အကျင့်ဖောက်ပြားသောမိန်းမနှင့် စကားတို့ဖြင့်မြှူဆွယ်တတ်သော ကိုယ်ကျင့်တရားပျက်ပြားသည့်မိန်းမ၏လက်မှလည်း သင့်ကိုကယ်နုတ်လိမ့်မည်။
အကျင့်ဖောက်ပြားသောမိန်းမတို့၏နှုတ်သည် နက်သောတွင်းဖြစ်၏။ ထာဝရဘုရား၏အမျက်တော်သင့်သောသူသည် ထိုတွင်းထဲသို့ကျရောက်လိမ့်မည်။
အကြောင်းမူကား ပြည့်တန်ဆာသည် နက်သောတွင်းဖြစ်၏။ ကိုယ်ကျင့်တရားပျက်ပြားသောမိန်းမသည်လည်း ကျဉ်းသောရေတွင်းဖြစ်၏။
ထိုမိန်းမသည် ဓားပြကဲ့သို့ချောင်းမြောင်း၍ ယောက်ျားတို့ထဲတွင် သစ္စာမဲ့သောသူကိုများပြားစေတတ်၏။
အကြောင်းမူကား အကျင့်ဖောက်ပြားသောမိန်းမ၏နှုတ်ခမ်းမှ ပျားရည်ယိုစီး၍ သူ၏နှုတ်သည် ဆီထက်ချောမွေ့၏။
သင်၏လမ်းကို ထိုသို့သောမိန်းမနှင့် ဝေးကွာစေလော့။ သူ၏အိမ်တံခါးအနီးသို့လည်း မချဉ်းကပ်နှင့်။
သို့ပြုလျှင် ၎င်းတို့သည် အကျင့်ဖောက်ပြားသောမိန်းမ၏ ဘေးရန်မှလည်းကောင်း၊ စကားများဖြင့်မြှူဆွယ်တတ်သည့် ကိုယ်ကျင့်တရားပျက်ပြားသောမိန်းမ၏ ဘေးရန်မှလည်းကောင်း သင့်ကိုစောင့်ရှောက်လိမ့်မည်။
သူသည် မိမိ၏အိမ်တံခါးဝ၌လည်းကောင်း၊ မြို့၏မြင့်သောအရပ်ရှိထိုင်ခုံပေါ်၌လည်းကောင်း ထိုင်လျက်
“အသိဉာဏ်နည်းပါးသောသူမည်သူမဆို ဤနေရာသို့လှည့်လာပါစေ”ဟု ဟစ်ခေါ်၏။ အသိစိတ်မရှိသောသူအားလည်း
အယူမလွဲကြနှင့်။ မကောင်းသောအပေါင်းအဖော်တို့သည် ကောင်းသောအကျင့်စာရိတ္တကို ပျက်စီးစေကြ၏။
တရားနှင့်မညီမေထုန်ပြုခြင်းကို ရှောင်ကြလော့။ လူပြုတတ်သော အခြားအပြစ်အားလုံးသည် ကိုယ်ခန္ဓာပြင်ပ၌ဖြစ်၏။ တရားနှင့်မညီမေထုန်ပြုသောသူမူကား မိမိကိုယ်ခန္ဓာကိုပြစ်မှား၏။
ထို့ကြောင့် ငယ်ရွယ်သောမုဆိုးမတို့သည် အိမ်ထောင်ပြုလျက် သားသမီးများမွေးဖွားကာ အိမ်မှုကိစ္စကိုစီမံကွပ်ကဲ၍ ရန်သူအား ကဲ့ရဲ့ပြစ်တင်ခြင်းအခွင့်ကိုမပေးရန် ငါအလိုရှိ၏။
ထို့ကြောင့် သင်သည် လူငယ်တို့၏တပ်မက်ခြင်းများကိုရှောင်၍ စင်ကြယ်သောစိတ်နှလုံးဖြင့် သခင်ဘုရားကိုပတ္ထနာပြုသောသူတို့နှင့်အတူ ဖြောင့်မတ်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို လက်ကိုင်ပြုလော့။
ချစ်ရသောသူတို့၊ သင်တို့သည် ဧည့်သည်အာဂန္တုများဖြစ်ကြသဖြင့် စိတ်ဝိညာဉ်ကိုဆန့်ကျင်တိုက်ခိုက်သော ကိုယ်ကာယတပ်မက်ခြင်းများကို ရှောင်ကြဉ်ကြရန် ငါတိုက်တွန်းနှိုးဆော်ပါ၏။