ထိုအခါ သူသည် ယုဒထံသို့ပြန်လာ၍ “ထိုမိန်းမကို ရှာမတွေ့ပါ။ ထိုအရပ်၌ရှိသောလူတို့ကလည်း ‘ဤအရပ်၌ ဗိမာန်ပြည့်တန်ဆာမရှိ’ဟူ၍ ဆိုကြပါသည်”ဟု ပြောလေ၏။
ကမ္ဘာဦး 38:23 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ယုဒက “ထိုပစ္စည်းတို့ကို သူယူထားပါလေစေ။ ထိုသို့မဟုတ်လျှင် ငါတို့သည် မထီမဲ့မြင်ပြုစရာဖြစ်လိမ့်မည်။ ကြည့်ပါ။ ငါသည် ဤဆိတ်သငယ်ကိုပို့လိုက်သော်လည်း သင်သည် သူ့ကိုရှာမတွေ့ခဲ့ချေ”ဟု ဆိုလေ၏။ Common Language Bible ယုဒက``ထိုပစ္စည်းများကိုသူယူထားပါစေ။ ကျွန်ုပ်တို့ကဲ့ရဲ့ခြင်းကိုမခံလိုပါ။ ကျွန်ုပ်သည် သူ့အားအခပေးရန်ကြိုးစားသော်လည်း သင် သည်သူ့ကိုရှာမတွေ့ခဲ့ပါ'' ဟုဆိုလေ၏။ Garrad Bible ယု ဒ က လည်း ကျွန်ုပ် တို့ အ ရှက် မ ကွဲ စေ ရန် သူ၌ ရှိ ပါ စေ တော့။ ဤ ဆိတ် ငယ် ကို ကျွန်ုပ် ပို့ လျက် နှင့် သင် သည် မိန်း မ ကို ရှာ ၍ မ တွေ့ ချေ တ ကား ဟု ဆို ၏။ Judson Bible ယုဒကလည်း၊ ကျွန်ုပ်တို့သည် အရှက်မကွဲမည်အကြောင်း၊ ယူပါလေစေ။ ကြည့်ပါ။ ဤဆိတ်သငယ်ကိုကျွန်ုပ်ပေးလိုက်၍ သင်သည်မိန်းမကိုရှာ၍ မတွေ့ပါတကားဟုဆို၏။ |
ထိုအခါ သူသည် ယုဒထံသို့ပြန်လာ၍ “ထိုမိန်းမကို ရှာမတွေ့ပါ။ ထိုအရပ်၌ရှိသောလူတို့ကလည်း ‘ဤအရပ်၌ ဗိမာန်ပြည့်တန်ဆာမရှိ’ဟူ၍ ဆိုကြပါသည်”ဟု ပြောလေ၏။
သုံးလခန့်ကြာပြီးနောက် တစ်စုံတစ်ဦးက ယုဒအား “သင်၏ချွေးမတာမာသည် ပြည့်တန်ဆာအလုပ်လုပ်၏။ ကြည့်လော့။ ပြည့်တန်ဆာလုပ်ခြင်းဖြင့်လည်း ကိုယ်ဝန်ရနေပြီ”ဟု ကြားပြော၏။ ထို့ကြောင့် ယုဒက “သူ့ကိုအပြင်ထုတ်၍ မီးရှို့သတ်စေ”ဟု ဆို၏။
ယခုမှာ သင်သည် အဘယ်ကြောင့် ထာဝရဘုရား၏စကားတော်ကို မထီမဲ့မြင်ပြုပြီး မျက်မှောက်တော်၌ မကောင်းမှုကို ပြုရသနည်း။ သင်သည် ဟိတ္တိလူမျိုး ဥရိယကို ဓားနှင့်သတ်ပြီး သူ့မယားကို သင့်မိဖုရားအဖြစ် သိမ်းယူပြီ။ သင်သည် သူ့ကို အမ္မုန်အမျိုးသားတို့၏ဓားဖြင့် သတ်လေပြီတကား။
ထိုသူသည် ရိုက်နှက်ခြင်းနှင့် အရှက်ခွဲခြင်းကိုခံရလိမ့်မည်။ သူခံရသောကဲ့ရဲ့ပြစ်တင်ခြင်းသည်လည်း မည်သည့်အခါမျှပျောက်ပျက်သွားမည်မဟုတ်။
ထိုစဉ်က ယခု သင်တို့ရှက်ကြောက်လျက်ရှိသောအရာတို့မှ မည်သည့်အကျိုးကျေးဇူးကို ရရှိခဲ့ကြသနည်း။ ထိုအရာတို့၏ရလဒ်သည် သေခြင်းဖြစ်၏။
ငါတို့သည် ကွယ်ဝှက်ထားသည့် ရှက်ဖွယ်ရာများကိုစွန့်ပယ်၍ ပရိယာယ်၌ကျင်လည်ခြင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို မလိမ့်တပတ်လုပ်ခြင်းတို့မရှိဘဲ သမ္မာတရားကို အတိအလင်းဖော်ပြခြင်းအားဖြင့် ဘုရားသခင်၏ရှေ့တော်၌ လူအပေါင်းတို့၏အသိစိတ်တွင် မိမိတို့ကိုယ်ကိုထင်ရှားစေကြ၏။
အကြောင်းမူကား ဆိတ်ကွယ်ရာ၌ သူတို့ပြုနေသောအရာများကို ပြောဆိုရန်ပင် ရှက်ဖွယ်ကောင်း၏။
(ကြည့်ရှုလော့။ ငါသည် သူခိုးကဲ့သို့လာမည်။ အဝတ်မပါအချည်းစည်းဖြင့်သွားလာ၍ မိမိအရှက်ကို လူတို့မြင်ရသည့်အဖြစ်မျိုးမရှိစေရန် မိမိအဝတ်များကိုထိန်းသိမ်းလျက် သတိနှင့်စောင့်နေသောသူသည် မင်္ဂလာရှိ၏။)