လာဗန်သည် မိမိသိုးတို့ကိုအမွေးညှပ်ရန်သွားနေချိန်တွင် ရာခေလသည် ဖခင်ပိုင်ဆိုင်သည့် တေရပ်ရုပ်တုတို့ကိုခိုးယူလေ၏။
ကမ္ဘာဦး 38:13 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ တစ်စုံတစ်ဦးက တာမာအား “သင်၏ယောက္ခမသည် သိုးမွေးညှပ်ရန် တိမနတ်မြို့သို့သွားနေသည်”ဟု ကြားပြောလေ၏။ Common Language Bible တစ်စုံတစ်ယောက်ကတာမာအား``သင်၏ယောက္ခမ သည်တိမနတ်မြို့သို့သိုးမွေးညှပ်ရန်သွားလေ ပြီ'' ဟုသတင်းပေးလေ၏။- Garrad Bible သိုး မွေး ညှပ် ရန် တိ မ နတ် မြို့ သို့ ယော က္ခ မ သွား ကြောင်း ကို တာ မာ ကြား သိ ရ လျှင်၊ Judson Bible မိမိယောက္ခမသည် သိုးမွေးကိုညှပ်ခြင်းငှာ၊ တိမနတ်မြို့သို့သွားကြောင်းကို၊ တာမာကြားလျှင်၊ |
လာဗန်သည် မိမိသိုးတို့ကိုအမွေးညှပ်ရန်သွားနေချိန်တွင် ရာခေလသည် ဖခင်ပိုင်ဆိုင်သည့် တေရပ်ရုပ်တုတို့ကိုခိုးယူလေ၏။
ယုဒ၏ချွေးမတာမာသည် ဖာရက်နှင့်ဇေရတို့ကို မွေးဖွား၏။ ထို့ကြောင့် ယုဒတွင် စုစုပေါင်းသားငါးယောက် ရှိ၏။
တစ်ဖန် နယ်နိမိတ်သည် ဗာလာအရပ်မှ စိရတောင်ရှိရာအနောက်ဘက်သို့ကွေ့သွား၏။ ထိုမှ ခေသလုန် ခေါ် မြောက်ဘက်ယာရိမ်တောင်စောင်းတစ်လျှောက်ကိုဖြတ်၍ ဗက်ရှေမက်မြို့သို့ဆင်းလာပြီး တိမနတ်မြို့ကို ဖြတ်သွား၏။
ကာဣနမြို့၊ ဂိဗာမြို့၊ တိမနတ်မြို့ စသည့်မြို့ပေါင်း ဆယ်မြို့နှင့်ရွာများ ပါ၏။
ရှံဆုန်သည် တိမနတ်မြို့သို့ ဆင်းသွားရာ တိမနတ်မြို့၌ ဖိလိတ္တိမိန်းမပျိုများထဲမှ မိန်းကလေးတစ်ဦးကို တွေ့၏။
ထိုစဉ်က ကရမေလမြို့တွင် လုပ်ငန်းလုပ်ကိုင်၍ အလွန်ချမ်းသာသောသူ မောနမြို့သားတစ်ဦးရှိ၏။ သူသည် သိုးအကောင်သုံးထောင်၊ ဆိတ်အကောင်တစ်ထောင် ပိုင်ဆိုင်ပြီး ကရမေလမြို့၌နေ၍ သိုးများကို အမွေးညှပ်လျက်ရှိ၏။
နာဗလသည် မိမိသိုးများကို အမွေးညှပ်လျက်နေကြောင်း တောကန္တာရတွင်နေသောဒါဝိဒ်ကြားသိလျှင်