ငါသည် သင့်ကို အမှန်ပင်ကောင်းချီးပေး၍ သင်၏အမျိုးအနွယ်ကို ကောင်းကင်ကြယ်နှင့်အမျှ၊ ပင်လယ်ကမ်းခြေရှိသဲပွင့်နှင့်အမျှ အလွန်များပြားစေမည်။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏မြို့တံခါးကို သိမ်းပိုက်လိမ့်မည်။
ကမ္ဘာဦး 34:20 - မြန်မာ့စံမီသမ္မာကျမ်း ဟာမော်နှင့်သူ၏သားရှေခင်သည် မြို့တံခါးသို့သွား၍ မြို့သားတို့အား Common Language Bible ဟာမော်နှင့်သူ၏သားရှေခင်တို့သည် မြို့ တံခါးဝရှိစည်းဝေးရာနေရာသို့သွား၍ မြို့သားတို့အား၊- Garrad Bible ထို အ ခါ ဟာ မော် နှင့် သား ရှေ ခင် တို့ သည် သူ တို့ မြို့ တံ ခါး သို့ ဝင်၍ မြို့ သား တို့ နှင့် တိုင် ပင် သည် မှာ၊ Judson Bible ထိုအခါ၊ ဟာမော်မင်းနှင့် သားတော်ရှေခင်သည်၊ မိမိမြို့တံခါးသို့သွား၍၊ မြို့သားတို့နှင့်နှုတ်ဆက်လျက်၊ |
ငါသည် သင့်ကို အမှန်ပင်ကောင်းချီးပေး၍ သင်၏အမျိုးအနွယ်ကို ကောင်းကင်ကြယ်နှင့်အမျှ၊ ပင်လယ်ကမ်းခြေရှိသဲပွင့်နှင့်အမျှ အလွန်များပြားစေမည်။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏မြို့တံခါးကို သိမ်းပိုက်လိမ့်မည်။
ဧဖရုန်သည် ဟေသအမျိုးသားတို့အလယ်တွင် ထိုင်လျက်ရှိ၏။ သို့ဖြစ်၍ ဟိတ္တိလူမျိုးဧဖရုန်သည် မြို့တံခါးသို့ ရောက်လာသော ဟေသအမျိုးသားအပေါင်းတို့ရှေ့၌ အာဗြဟံအား
ထိုလူငယ်သည် ယာကုပ်၏သမီးကိုနှစ်သက်သဖြင့် နှောင့်နှေးခြင်းမရှိဘဲ ထိုအမှုကိုပြု၏။ သူသည် မိမိဖခင်၏အိမ်သူအိမ်သားအပေါင်းတို့တွင် ဂုဏ်သရေအရှိဆုံးသူဖြစ်၏။
“ဤသူတို့သည် ငါတို့နှင့်ခင်မင်ရင်းနှီးသောသူများဖြစ်ကြ၏။ သူတို့သည် ဤပြည်၌နေထိုင်၍ ရောင်းဝယ်ဖောက်ကားကြပါစေ။ ဤပြည်သည် သူတို့နေသာအောင် ကျယ်ဝန်း၏။ သူတို့၏သမီးတို့ကို ငါတို့၏မယားအဖြစ်ယူ၍ ငါတို့၏သမီးတို့ကိုလည်း သူတို့အား ပေးစားကြစို့။
အဗရှလုံသည် နံနက်စောစောထ၍ မြို့တံခါးနား လမ်းဘေး၌ ရပ်လေ့ရှိ၏။ အမှုကိစ္စဖြစ်၍ အဆုံးအဖြတ်ခံယူရန် ရှင်ဘုရင်ထံသို့လာသောမည်သူမဆို အဗရှလုံသည် သူ့ထံသို့ခေါ်လာပြီး “သင် မည်သည့်မြို့က လာသနည်း”ဟု မေးတတ်၏။ အမှုသည်က “ကျွန်တော်မျိုးသည် အစ္စရေးအမျိုးအနွယ်ထဲမှ တစ်နွယ်ဖြစ်ပါ၏”ဟု ပြန်ဖြေလျှင်
မိမိ၏မြားကျည်တောက်ကို ထိုမြားတို့နှင့်ပြည့်စေသောသူသည် မင်္ဂလာရှိ၏။ သူသည် တံခါးဝ၌ ရန်သူများနှင့်ရင်ဆိုင်ပြောဆိုသောအခါ အရှက်ကွဲရလိမ့်မည်မဟုတ်။
သူ၏ခင်ပွန်းသည် အရပ်လူကြီးတို့နှင့်အတူ မြို့တံခါး၌ထိုင်လေ့ရှိ၍ လူသိများသောသူဖြစ်၏။
သူတို့သည် မြို့တံခါးရှိ ဆုံးမပေးတတ်သောသူကို မုန်း၍ အမှန်တရားပြောဆိုသူအား စက်ဆုပ်ရွံရှာကြ၏။
သင်တို့သည် အပြစ်များစွာကျူးလွန်ပြီး အပြစ်ကြီးလေးကြောင်းကို ငါသိ၏။ ဖြောင့်မတ်သောသူကို ညှဉ်းဆဲပြီး လာဘ်စား၏။ နွမ်းပါးသူတို့ကိုလည်း မြို့တံခါးဝတွင် မတရားစီရင်ကြ၏။
မကောင်းမှုကို မုန်း၍ ကောင်းမှုကို မြတ်နိုးလော့။ မြို့တံခါးတွင် တရားမျှတမှု ရှိစေလော့။ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားသည် ကြွင်းကျန်သောယောသပ်အမျိုးကို သနားကောင်း သနားတော်မူလိမ့်မည်။
သင်တို့ပြုကျင့်ရမည်မှာ အချင်းချင်း မှန်သောစကားကို ပြောကြလော့။ မြို့တံခါးဝတို့၌ တရားစီရင်ရာတွင် ဖြောင့်မတ်မှန်ကန်စွာ စီရင်ဆုံးဖြတ်ကြလော့။
သင်သည် ထိုမကောင်းသောအမှုကိုပြုခဲ့သော ယောက်ျားကိုဖြစ်စေ၊ မိန်းမကိုဖြစ်စေ မြို့တံခါးသို့ထုတ်ဆောင်လာပြီး ခဲနှင့်အသေပေါက်သတ်ရမည်။
ဗောဇသည် မြို့တံခါးဝသို့သွား၍ထိုင်နေစဉ် သူပြောခဲ့ဖူးသည့် ရွေးနုတ်ခွင့်ရှိသူ ဖြတ်လာသည်ကိုမြင်၏။ ထိုအခါ ဗောဇက“မိတ်ဆွေ၊ လာထိုင်ပါဦး”ဟု ဖိတ်ခေါ်သဖြင့် ထိုသူလည်း လာထိုင်လေ၏။