ကမ္ဘာဦး 34:19 - မြန်မာ့စံမီသမ္မာကျမ်း19 ထိုလူငယ်သည် ယာကုပ်၏သမီးကိုနှစ်သက်သဖြင့် နှောင့်နှေးခြင်းမရှိဘဲ ထိုအမှုကိုပြု၏။ သူသည် မိမိဖခင်၏အိမ်သူအိမ်သားအပေါင်းတို့တွင် ဂုဏ်သရေအရှိဆုံးသူဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible19 ယာကုပ်၏သားများပေးသောအကြံကို ချက်ချင်းလက်ခံလိုက်လေသည်။ ရှေခင်သည် ကားမိမိ၏အမျိုးသားချင်းတို့တွင်အရေး ပါအရာရောက်ဆုံးသောပ္ဂိုလ်ဖြစ်၏။ အခန်းကိုကြည့်ပါ။Garrad Bible19 ထို သ တို့ သား သည် အ ဘ၏ အ မျိုး သား ချင်း အ ပေါင်း တို့ ထက် ဂုဏ် အ သ ရေ ရှိ သော် လည်း ယာ ကုပ် သ မီး ကို နှစ် သက် သော ကြောင့် ၎င်း မင်္ဂ လာ ကို ခံ ရန် ဖင့် နွှဲ သည် မ ဟုတ်။ အခန်းကိုကြည့်ပါ။Judson Bible19 ထိုမင်းသားသည်၊ ယာကုပ်၏သမီးကို ချစ်အားကြီးသောကြောင့်လည်းကောင်း၊ အဘ၏ အမျိုးသားချင်းအပေါင်းတို့ထက် အသရေရှိသောကြောင့်လည်းကောင်း၊ ချက်ချင်းဝန်ခံလေ၏။ အခန်းကိုကြည့်ပါ။ |
သင့်ကို “စွန့်ပစ်ခံရသူ”ဟု ခေါ်တော့မည်မဟုတ်။ သင်၏မြေကိုလည်း “လူသူကင်းမဲ့ရာအရပ်”ဟု ခေါ်တော့မည်မဟုတ်။ သင့်ကို “ငါနှစ်သက်မြတ်နိုးသူ”ဟူ၍လည်းကောင်း၊ သင်၏မြေကို “လက်ထပ်ပြီးသူ”ဟူ၍လည်းကောင်း ခေါ်ဝေါ်ကြလိမ့်မည်။ အကြောင်းမူကား ထာဝရဘုရားသည် သင့်ကိုနှစ်သက်မြတ်နိုးတော်မူ၏။ သင်၏မြေသည်လည်း လက်ထပ်ခွင့်ရလိမ့်မည်။