သို့ဖြစ်၍ ဟာဂရက “ငါ့ကို မြင်တော်မူသောအရှင်ကို ဤအရပ်၌ပင် ငါဖူးမြင်ရသည်တကား”ဟု ဆိုလျက် မိမိအားမိန့်မြွက်တော်မူသော ထာဝရဘုရား၏နာမတော်ကို “ကိုယ်တော်သည် အကျွန်ုပ်ကိုမြင်တော်မူသောဘုရားပေတည်း”ဟု ခေါ်လေ၏။
ကမ္ဘာဦး 32:31 - မြန်မာ့စံမီသမ္မာကျမ်း ပေနွေလအရပ်ကို ယာကုပ်လွန်သွားသောအခါ နေထွက်ပြီဖြစ်၏။ သူသည် သူ၏တင်ပါးဆုံအဆစ်လွဲသွားသောကြောင့် ထော့နဲ့ထော့နဲ့ဖြင့်သွားလေ၏။ Common Language Bible ယာကုပ်သည်ပေနွေလအရပ်မှထွက်ခွာလာ သောအခါနေထွက်ပြီဖြစ်၏။ သူသည်ခါးဆစ် ဒဏ်ရာကြောင့်ထော့နဲ့ကျိုးနင်းသွားရလေသည်။- Garrad Bible ပေ နွေ လ အ ရပ် ကို ယာ ကုပ် ထော့ နဲ့ လွန် သွား သော အ ခါ နေ ထွက် ချိန် ရှိ ပြီ။ Judson Bible ပေနွေလအရပ်ကို ယာကုပ်လွန်သွားသောအခါ၊ နေထွက်ချိန်ရှိ၍၊ သူသည် ထော့နဲ့သွားလေ၏။ |
သို့ဖြစ်၍ ဟာဂရက “ငါ့ကို မြင်တော်မူသောအရှင်ကို ဤအရပ်၌ပင် ငါဖူးမြင်ရသည်တကား”ဟု ဆိုလျက် မိမိအားမိန့်မြွက်တော်မူသော ထာဝရဘုရား၏နာမတော်ကို “ကိုယ်တော်သည် အကျွန်ုပ်ကိုမြင်တော်မူသောဘုရားပေတည်း”ဟု ခေါ်လေ၏။
အရုဏ်ဦးအချိန်ရောက်သည်နှင့် ကောင်းကင်တမန်တို့သည် လောတကိုဆော်ဩလျက် “ထလော့၊ ဤနေရာ၌ရှိသော သင်၏မယားနှင့် သင်၏သမီးနှစ်ယောက်ကို ခေါ်ဆောင်သွားလော့။ သို့မဟုတ်လျှင် သင်သည် ဤမြို့အပေါ်ကျရောက်မည့်အပြစ်ဒဏ်နှင့်အတူ ဖျက်ဆီးသုတ်သင်ခြင်းခံရလိမ့်မည်”ဟု ဆိုလေ၏။
ထိုသူသည် ယာကုပ်ကို မနိုင်မှန်းသိမြင်သောအခါ ယာကုပ်၏တင်ပါးဆုံအဆစ်ကိုထိုး၏။ ထို့ကြောင့် ထိုသူနှင့်နပန်းလုံးစဉ်တွင် ယာကုပ်၏တင်ပါးဆုံအဆစ်သည် လွဲလေ၏။
ထိုသို့ ယာကုပ်၏တင်ပါးဆုံအဆစ်၌ရှိသောအကြောကို ထိုးသောကြောင့် ယနေ့တိုင်အောင် အစ္စရေးအမျိုးသားတို့သည် တင်ပါးဆုံအဆစ်၌ရှိသောအကြောကို မစားကြချေ။
ထို့နောက်တွင် ယေရောဗောင်မင်းကြီးသည် ဧဖရိမ်တောင်ပေါ်တွင် ရှေခင်မြို့ကိုတည်၍ နေထိုင်၏။ ထို့နောက် ရှေခင်မြို့မှထွက်ခွာပြီး ပေနွေလမြို့ကို တည်ပြန်၏။
ထို့ကြောင့် သူတို့ကိုပေးသောနွားအား ယူ၍အသင့်ပြင်ပြီး “အို ဗာလဘုရား၊ အကျွန်ုပ်တို့ကို ထူးတော်မူပါ”ဟု နံနက်အချိန်မှ မွန်းတည့်အချိန်ထိ ဗာလဘုရား၏နာမကိုခေါ်ကြ၏။ သို့သော် တုံ့ပြန်မှုမရှိ။ ထူးသံလည်း မကြားရ။ သူတို့သည် မိမိတို့တည်ထားသောယဇ်ပလ္လင်ပတ်ပတ်လည်တွင် ကခုန်ယိမ်းထိုးလျက်နေကြ၏။
အကြောင်းမူကား အကျွန်ုပ်သည် လဲလုမတတ်ဖြစ်ပါ၏။ အကျွန်ုပ်၏ဒုက္ခဝေဒနာသည်လည်း အကျွန်ုပ်ရှေ့၌အစဉ်ရှိနေပါ၏။
အစ္စရေးလူမျိုး၏ဘုရားသခင်ကို ဖူးမြင်ကြ၏။ ခြေတော်အောက်၌ ကောင်းကင်ကဲ့သို့ကြည်လင်သော နီလာကျောက် ခင်းထားသကဲ့သို့ဖြစ်၏။
ဘုရားသခင်သည် အစ္စရေးအမျိုးသားခေါင်းဆောင်တို့ကို ဒဏ်ခတ်တော်မမူ။ ထို့ကြောင့် သူတို့သည် ကိုယ်တော်ကိုဖူးမြင်ကြ၏။ စားလျက်၊ သောက်လျက်နေကြ၏။
ထိုအခါ “ငါ၌အမင်္ဂလာရှိ၏။ ငါသည် ပျက်စီးဆုံးရှုံးပြီ။ အကြောင်းမူကား ငါသည် နှုတ်ခမ်းညစ်ညူးလျက်၊ နှုတ်ခမ်းညစ်ညူးသောလူမျိုးအလယ်တွင်နေထိုင်လျက်ပင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားတည်းဟူသော ရှင်ဘုရင်ကို ငါ့မျက်စိနှင့်မြင်လေပြီတကား”ဟု ငါဆို၏။
“ငါ၏နာမတော်ကို ကြောက်ရွံ့ရိုသေသော သင်တို့အဖို့ ဖြောင့်မတ်ခြင်းနေမင်းသည် ကုသခြင်းတောင်ပံနှင့်တကွ ပေါ်ထွန်းလာလိမ့်မည်။ သင်တို့သည်လည်း တင်းကုပ်မှ နွားသငယ်ကဲ့သို့ ခုန်ပေါက်လျက် ထွက်လာမည်။
ငါခံရသောဗျာဒိတ်တော်သည် အလွန်ထူးမြတ်သောကြောင့် ငါမထောင်လွှားစေရန် ငါ၏ကိုယ်ကာယထဲ၌ ဆူးတစ်ခုကိုပေး၏။ ၎င်းမှာ ငါမထောင်လွှားစေရန် ငါ့ကိုထိုးနှက်သည့် စာတန်၏စေတမန်ဖြစ်၏။
သို့သော် ကိုယ်တော်က“ငါ၏ကျေးဇူးတော်သည် သင့်အတွက်လုံလောက်ပေ၏။ အကြောင်းမူကား ငါ၏တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ ပြည့်စုံတတ်၏”ဟု ငါ့အား မိန့်တော်မူ၏။ ထို့ကြောင့် ခရစ်တော်၏တန်ခိုးသည် ငါ့အပေါ်တည်နေမည့်အကြောင်း ငါသည် ငါ၏အားနည်းခြင်း၌ သာ၍ဝမ်းမြောက်စွာဝါကြွားမည်။
‘ကြည့်ပါလော့၊ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားသည် မိမိ၏ဘုန်းအသရေတော်နှင့် မိမိ၏ကြီးမြတ်တော်မူခြင်းတို့ကို အကျွန်ုပ်တို့အား ပြသတော်မူပြီ။ မီးထဲမှအသံတော်ကိုလည်း အကျွန်ုပ်တို့ကြားရပါပြီ။ ဘုရားသခင်သည် လူနှင့်စကားပြောသော်လည်း လူသည် အသက်ချမ်းသာရာရကြောင်းကို ယနေ့ အကျွန်ုပ်တို့သိမြင်ရပါပြီ။
မီးထဲမှမိန့်တော်မူသည့် အသက်ရှင်တော်မူသောဘုရားသခင်၏အသံတော်ကို အကျွန်ုပ်တို့ကြားရသကဲ့သို့ မည်သည့်သတ္တဝါသည် ကြား၍ အသက်ချမ်းသာရာရဖူးသနည်း။
ထာဝရဘုရား၏ကောင်းကင်တမန်ဖြစ်ကြောင်းကို ဂိဒေါင် သိမြင်သောအခါ “အလို အရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် ထာဝရဘုရား၏ကောင်းကင်တမန်ကို မျက်နှာချင်းဆိုင် တွေ့ပါသည်တကား”ဟု ဂိဒေါင်ဆိုလေ၏။
ထာဝရဘုရားကလည်း သူ့အား “စိတ်အေးအေးထားပါ။ မကြောက်နှင့်။ သင်မသေရ”ဟု မိန့်တော်မူ၏။
ထို့နောက် သူသည် ထိုအရပ်မှ ပေနွေလမြို့သို့တက်သွား၍ ထိုမြို့သားတို့ကိုလည်း ထိုနည်းတူ တောင်းလေ၏။ ပေနွေလမြို့သားတို့သည်လည်း သုကုတ်မြို့သားတို့ပြန်ပြောသကဲ့သို့ သူ့ကိုပြန်ပြောကြ၏။