ကမ္ဘာဦး 19:15 - မြန်မာ့စံမီသမ္မာကျမ်း15 အရုဏ်ဦးအချိန်ရောက်သည်နှင့် ကောင်းကင်တမန်တို့သည် လောတကိုဆော်ဩလျက် “ထလော့၊ ဤနေရာ၌ရှိသော သင်၏မယားနှင့် သင်၏သမီးနှစ်ယောက်ကို ခေါ်ဆောင်သွားလော့။ သို့မဟုတ်လျှင် သင်သည် ဤမြို့အပေါ်ကျရောက်မည့်အပြစ်ဒဏ်နှင့်အတူ ဖျက်ဆီးသုတ်သင်ခြင်းခံရလိမ့်မည်”ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible15 နံနက်အချိန်အရုဏ်တက်အချိန်၌ ကောင်းကင်တမန်တို့ကလောတအားအမြန်ထွက်သွားရန်တိုက်တွန်းလေသည်။ သူတို့က``မြို့ကိုဖျက်ဆီးသောအခါသင်၏မယားနှင့်သမီးနှစ်ယောက်အသက်မဆုံးရစေရန် သူတို့ကိုခေါ်၍ယခုအမြန်ထွက်လော့'' ဟုဆို၏။- အခန်းကိုကြည့်ပါ။Garrad Bible15 အ ရုဏ် တက် သော အ ခါ စေ တ မန် တော် တို့ သည် လော တ ကို နှိုး ဆော်၍ ထ လော့၊ အိမ် ရှိ မ ယား နှင့် သ မီး နှစ် ယောက် တို့ ကို ခေါ် သွား လော့။ သို့ မ ဟုတ် ထို မြို့၏ ဒု စ ရိုက် မှု စီ ရင် ရာ ပါ သွား လိမ့် မည် ဟု ဆို ကြ သော် လည်း၊ အခန်းကိုကြည့်ပါ။Judson Bible15 မိုးသောက်သောအခါ၊ ကောင်းကင်တမန်တို့သည် လောတကိုဆော်လျက်၊ သင်သည်ထ၍ ဤအရပ်၌ရှိသော မယားနှင့် သမီးနှစ်ယောက်တို့ကို ယူသွားလော့။ သို့မဟုတ်၊ မြို့၏အပြစ်၌ ဆုံးခြင်းသို့ရောက်လိမ့်မည်ဟု ဆိုသော်လည်း၊ အခန်းကိုကြည့်ပါ။ |