ကမ္ဘာဦး 32:31 - Common Language Bible31 ယာကုပ်သည်ပေနွေလအရပ်မှထွက်ခွာလာ သောအခါနေထွက်ပြီဖြစ်၏။ သူသည်ခါးဆစ် ဒဏ်ရာကြောင့်ထော့နဲ့ကျိုးနင်းသွားရလေသည်။- အခန်းကိုကြည့်ပါ။Garrad Bible31 ပေ နွေ လ အ ရပ် ကို ယာ ကုပ် ထော့ နဲ့ လွန် သွား သော အ ခါ နေ ထွက် ချိန် ရှိ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible31 ပေနွေလအရပ်ကို ယာကုပ်လွန်သွားသောအခါ၊ နေထွက်ချိန်ရှိ၍၊ သူသည် ထော့နဲ့သွားလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း31 ပေနွေလအရပ်ကို ယာကုပ်လွန်သွားသောအခါ နေထွက်ပြီဖြစ်၏။ သူသည် သူ၏တင်ပါးဆုံအဆစ်လွဲသွားသောကြောင့် ထော့နဲ့ထော့နဲ့ဖြင့်သွားလေ၏။ အခန်းကိုကြည့်ပါ။ |
သူတို့သည်လည်းမိမိတို့ထံသို့ယူဆောင် လာသောနွားကိုယဇ်ပူဇော်ရန်အတွက် ပြင် ဆင်ကြပြီးလျှင်ဗာလဘုရားထံသို့မွန်း တည့်ချိန်တိုင်အောင်ဆုတောင်းပတ္ထနာပြု ကြ၏။ သူတို့က``အို ဗာလဘုရား၊ အကျွန်ုပ် တို့၏ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူ ပါ'' ဟုဟစ်အော်ကြပြီးလျှင် မိမိတို့တည် ဆောက်ထားသည့်ယဇ်ပလ္လင်၏ပတ်လည်တွင် ကလျက်နေကြ၏။ သို့ရာတွင်ဗာလဘုရား ထံမှမည်သို့မျှအဖြေမရကြ။
ငါကလည်း၊``ငါ၌မျှော်လင့်စရာမရှိတော့ပြီ။ ငါသည်အမင်္ဂလာရှိပါသည်တကား။ ငါ၏နှုတ်ထွက်စကားမှန်သမျှသည်ညစ်ညမ်း၍ ညစ်ညမ်းသောစကားကိုသာလျှင်ပြောဆိုတတ်သူတို့အထဲတွင်ငါနေထိုင်ရ၏။ သို့ရာတွင်ယခုငါသည် အနန္တတန်ခိုးရှင်ထာဝရဘုရားတည်းဟူသောဘုရင်မင်းကိုဖူးမြင်ရလေပြီ'' ဟုဆို၏။
ငါ၏စကားတော်ကိုရိုသေသူသင်တို့ အဖို့မှာမူကား ငါ၏ကယ်တင်ခြင်းတန် ခိုးသည်နေမင်းသဖွယ် သူတို့အပေါ်၌ ထွန်းလင်းလျက်နေရောင်ခြည်သဖွယ် သင် တို့၏အနာရောဂါများကိုပျောက်ကင်း စေလိမ့်မည်။ သင်တို့သည်တင်းကုပ်မှလွှတ် ထုတ်လိုက်သည့်နွားငယ်များကဲ့သို့လွတ် လပ်ပျော်ရွှင်စွာခုန်ပေါက်လျက်နေလိမ့်မည်။-
`အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား ၏အသံတော်ကိုမီးထဲမှကြားရသဖြင့် အကျွန်ုပ်တို့အားထာဝရဘုရားက မိမိ ၏ဘုန်းတန်ခိုးတော်ကိုထင်ရှားပြသတော် မူပါပြီ။ ဘုရားသခင်သည်လူသားအား စကားပြောသော်လည်း လူသားသည်မသေ ဘဲအသက်ရှင်နေနိုင်ကြောင်းကိုအကျွန်ုပ် တို့ယနေ့သိမြင်ရကြပါပြီ။-