ထာဝရဘုရားသည် အာဗြဟံနှင့်စကားပြောတော်မူပြီးသောအခါ ကြွသွားတော်မူ၏။ အာဗြဟံသည်လည်း မိမိနေရပ်သို့ပြန်သွားလေ၏။
ကမ္ဘာဦး 31:55 - မြန်မာ့စံမီသမ္မာကျမ်း လာဗန်သည် နံနက်စောစောထ၍ မိမိမြေး၊ မိမိသမီးတို့ကိုနမ်းပြီးလျှင် သူတို့ကိုကောင်းချီးပေးလေ၏။ ထို့နောက် လာဗန်သည် ထွက်ခွာ၍ မိမိနေရပ်သို့ပြန်သွားလေ၏။ Common Language Bible နောက်တစ်နေ့နံနက်စောစော၌လာဗန်သည် သူ၏မြေးများနှင့်သမီးတို့ကိုနမ်းရှုပ်နှုတ် ဆက်၍ ကောင်းချီးပေးပြီးလျှင်မိမိနေရပ် သို့ပြန်လေ၏။ Garrad Bible နံ နက် အ ချိန် လာ ဗန် ထ၍ သား သ မီး တို့ ကို နမ်း ရှုပ် လျက် ကောင်း ကြီး ပေး ပြီး မှ နေ ရင်း အ ရပ် သို့ ပြန် သွား လေ ၏။ Judson Bible နံနက်စောစော လာဗန်ထ၍ မိမိသားသမီးများကိုနမ်းလျက် ကောင်းချီးပေးပြီးမှ၊ မိမိနေရာပြည်သို့ ပြန်သွားလေ၏။ |
ထာဝရဘုရားသည် အာဗြဟံနှင့်စကားပြောတော်မူပြီးသောအခါ ကြွသွားတော်မူ၏။ အာဗြဟံသည်လည်း မိမိနေရပ်သို့ပြန်သွားလေ၏။
သူတို့သည် ရေဗက္ကာကိုကောင်းချီးပေးလျက် “ငါတို့နှမ၊ သင်သည် လူအထောင်အသောင်းတို့၏အမိဖြစ်လာပါစေ။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏မြို့တံခါးကို သိမ်းပိုက်နိုင်ပါစေ”ဟု ဆိုကြ၏။
ထိုအခါ ဣဇက်သည် ယာကုပ်ကိုခေါ်၍ “သင်သည် ခါနာန်အမျိုးသမီးနှင့် အိမ်ထောင်မပြုရ။
ရာခေလသည် ယောသပ်ကိုမွေးဖွားပြီးနောက် ယာကုပ်က လာဗန်အား “အကျွန်ုပ်၏နေရပ်၊ အကျွန်ုပ်၏ပြည်သို့ပြန်သွားနိုင်ရန် အကျွန်ုပ်ကိုပြန်ခွင့်ပြုပါ။
ငါ့မြေး၊ ငါ့သမီးတို့ကို ငါနမ်းရန်ပင် သင်သည်အခွင့်မပေး။ ယခု သင်သည် မိုက်မဲစွာပြုလေပြီတကား။
လာဗန်ကလည်း “ဤသမီးတို့သည် ငါ့သမီး၊ ဤကလေးတို့သည် ငါ့ကလေး၊ ဤသိုးဆိတ်တို့သည်လည်း ငါ့သိုးဆိတ် ဖြစ်ကြ၏။ သင်မြင်နေသမျှတို့သည် ငါ့ဥစ္စာဖြစ်ကြ၏။ ဤငါ့သမီးတို့အတွက်လည်းကောင်း၊ သူတို့မွေးဖွားသော သားသမီးများအတွက်လည်းကောင်း ယနေ့ ငါမည်သည့်အရာကိုပြုပေးနိုင်သနည်း။
ဧသောသည် ပြေးလာ၍သူနှင့်တွေ့ဆုံပြီး သူ့ကိုပွေ့ဖက်လျက်၊ လည်ချင်းယှက်လျက် နမ်းလေ၏။ ထို့နောက် သူတို့သည် ငိုကြွေးကြ၏။
ထို့နောက် လူအားလုံး ဂျော်ဒန်မြစ်ကို ဖြတ်ကူးကြ၏။ ရှင်ဘုရင်သည် ဗာဇိလဲကို နမ်း၍ကောင်းချီးပေးပြီးမှ ကူးသွား၏။ ဗာဇိလဲသည်လည်း မိမိနေရပ်သို့ ပြန်သွားလေ၏။
အကယ်စင်စစ် လူတို့၏အမျက်ဒေါသသည် ကိုယ်တော်ကိုချီးမွမ်းလိမ့်မည်။ ကိုယ်တော်သည် အမျက်ဒေါသအကြွင်းအကျန်များဖြင့် မိမိကိုယ်မိမိပတ်စည်းတော်မူလိမ့်မည်။
လူတစ်ဦးပြုမူကျင့်ကြံသောအမှုအရာကို ထာဝရဘုရားနှစ်သက်တော်မူသောအခါ ထိုသူ၏ရန်သူများကိုပင် သူနှင့်သင့်မြတ်စေတော်မူ၏။
ထိုအခါ ဗာလက်မင်းကြီးက ဗာလမ်အား “သင်သည် အကျွန်ုပ်ကိုမည်သို့ပြုသနည်း။ အကျွန်ုပ်၏ရန်သူတို့ကိုကျိန်ဆဲရန် သင့်ကိုအကျွန်ုပ်ခေါ်ခဲ့၏။ သင်ကား သူတို့ကို လုံးလုံးကောင်းချီးပေးလေပြီတကား”ဟု ဆို၏။
ထာဝရဘုရားသည် ဗာလမ်၏နှုတ်၌စကားကိုသွင်းပေးတော်မူပြီးလျှင် “ဗာလက်မင်းကြီးထံသို့ ပြန်သွား၍ ဤစကားကိုပြောလော့”ဟု မိန့်တော်မူ၏။
ဘုရားသခင် ကျိန်ဆဲတော်မမူသောသူကို ငါ မည်သို့ကျိန်ဆဲဝံ့မည်နည်း။ ထာဝရဘုရား ရှုတ်ချတော်မမူသောသူကို ငါ မည်သို့ရှုတ်ချဝံ့မည်နည်း။
ထို့နောက် ဗာလမ်သည် ထ၍မိမိနေရပ်သို့ ပြန်သွားလေ၏။ ဗာလက်မင်းကြီးသည်လည်း သူ့လမ်းသူပြန်သွားလေ၏။
သို့ရာတွင် သင်၏ဘုရားသခင်ထာဝရဘုရားသည် ဗာလမ်၏စကားကို နားညောင်းတော်မမူ။ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကိုချစ်တော်မူသောကြောင့် သင့်အဖို့ကျိန်ဆဲခြင်းကို ကောင်းချီးမင်္ဂလာဖြစ်စေတော်မူ၏။
ထာဝရဘုရားသည် မိမိလူမျိုးတော်တို့ ခွန်အားကုန်ခန်း၍ အချုပ်အနှောင်ခံရသောသူနှင့် လွတ်လပ်သောသူပါ တစ်ယောက်မျှမကျန်တော့သည်ကို မြင်သောအခါ မိမိလူမျိုးတော်အတွက် တရားစီရင်တော်မူမည်။ မိမိအစေအပါးတို့ကို သနားတော်မူမည်။
ချွေးမနှစ်ယောက်သည် တစ်ဖန် အော်ဟစ်ငိုကြွေးကြပြီး ဩရပသည် ယောက္ခမကိုနှုတ်ဆက်ကာ ထွက်သွားလေ၏။ ရုသမူကား ယောက္ခမနှင့်အတူ လိုက်သွား၏။