ကမ္ဘာဦး 31:55 - Common Language Bible55 နောက်တစ်နေ့နံနက်စောစော၌လာဗန်သည် သူ၏မြေးများနှင့်သမီးတို့ကိုနမ်းရှုပ်နှုတ် ဆက်၍ ကောင်းချီးပေးပြီးလျှင်မိမိနေရပ် သို့ပြန်လေ၏။ အခန်းကိုကြည့်ပါ။Garrad Bible55 နံ နက် အ ချိန် လာ ဗန် ထ၍ သား သ မီး တို့ ကို နမ်း ရှုပ် လျက် ကောင်း ကြီး ပေး ပြီး မှ နေ ရင်း အ ရပ် သို့ ပြန် သွား လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible55 နံနက်စောစော လာဗန်ထ၍ မိမိသားသမီးများကိုနမ်းလျက် ကောင်းချီးပေးပြီးမှ၊ မိမိနေရာပြည်သို့ ပြန်သွားလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း55 လာဗန်သည် နံနက်စောစောထ၍ မိမိမြေး၊ မိမိသမီးတို့ကိုနမ်းပြီးလျှင် သူတို့ကိုကောင်းချီးပေးလေ၏။ ထို့နောက် လာဗန်သည် ထွက်ခွာ၍ မိမိနေရပ်သို့ပြန်သွားလေ၏။ အခန်းကိုကြည့်ပါ။ |
လာဗန်က``ဤသမီးတို့သည်ငါ၏သမီးများ ဖြစ်၍ သူတို့၏သားသမီးများသည်လည်း ငါ၏သားသမီးများဖြစ်ကြ၏။ ဤသိုးအုပ် ဆိတ်အုပ်များသည်လည်းငါ၏တိရစ္ဆာန်များ ဖြစ်၏။ စင်စစ်အားဖြင့်သင်မြင်သမျှသော ဥစ္စာပစ္စည်းတို့ကိုငါပိုင်၏။ သို့သော်လည်းငါ ၏သမီးများနှင့်သူတို့၏သားသမီးတို့ ကိုငါစောင့်ရှောက်ထားရန်မဖြစ်နိုင်တော့ သဖြင့်၊-