ယာကုပ်သည် ရာခေလကိုအမျက်ထွက်၍ “သင်၏ဝမ်းထဲ၌ သန္ဓေတည်ခွင့်ပေးတော်မမူသောဘုရားသခင်ကို ငါကိုယ်စားပြုနိုင်သလော”ဟု ဆို၏။
ကမ္ဘာဦး 31:36 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ယာကုပ်သည်အမျက်ထွက်၍ လာဗန်ကိုအပြစ်တင်လေ၏။ ယာကုပ်သည် လာဗန်အား “ဦးရီးသည် အကျွန်ုပ်နောက်သို့အပြင်းအထန်လိုက်ရလေအောင် အကျွန်ုပ်သည် မည်သည့်အမှုကိုကျူးလွန်မိသနည်း။ မည်သည့်အပြစ်ကိုပြုမိသနည်း။ Common Language Bible ထိုအခါယာကုပ်သည်ဒေါသထွက်လျက်``ကျွန်ုပ် သည်အဘယ်အပြစ်ကိုကူးလွန်မိပါသနည်း။ အဘယ်ပြစ်မှုကြောင့်သင်သည်ကျွန်ုပ်နောက်သို့ အပြင်းအထန်လိုက်ရပါသနည်း။- Garrad Bible ထို အ ခါ ယာ ကုပ် အ မျက် ထွက်၍ လာ ဗန် ကို အ ပြစ် ဖွဲ့ ဆို သည် ကား၊ ဦး ရီး သည် ပြင်း ထန် စွာ လိုက် လာ သည် မှာ ကျွန် တော် လွန် ကျူး ၍ ပြု ခဲ့ မိ သော ပြစ် မှု မည် သို့ နည်း။ Judson Bible ထိုအခါ ယာကုပ်သည်စိတ်ဆိုး၍ လာဗန်ကိုဆုံးမသည်ကား၊ ကျွန်ုပ်သည် အဘယ်သို့ပြစ်မှား၍၊ အဘယ်အပြစ်ရှိသောကြောင့်၊ ကျွန်ုပ်ကို ဤမျှလောက် ပြင်းထန်စွာလိုက်ရသနည်း။ |
ယာကုပ်သည် ရာခေလကိုအမျက်ထွက်၍ “သင်၏ဝမ်းထဲ၌ သန္ဓေတည်ခွင့်ပေးတော်မမူသောဘုရားသခင်ကို ငါကိုယ်စားပြုနိုင်သလော”ဟု ဆို၏။
ရာခေလသည် မိမိဖခင်အား “ကျွန်မ၏သခင်၊ စိတ်မဆိုးပါနှင့်။ ကျွန်မသည် မိန်းမတို့၏ဓမ္မတာလာနေပါသဖြင့် သခင့်ရှေ့၌ မတ်တတ်မရပ်နိုင်ပါ”ဟု ဆို၏။ ဤသို့ဖြင့် လာဗန်သည် ရှာဖွေသော်လည်း တေရပ်ရုပ်တုတို့ကို မတွေ့ချေ။
အကျွန်ုပ်၏ပစ္စည်းအားလုံးကိုမွှေနှောက်ပြီးပြီ။ ဦးရီးအိမ်မှပစ္စည်းတစ်စုံတစ်ခုတွေ့ရှိသလော။ တွေ့လျှင် ၎င်းကို အကျွန်ုပ်၏ဆွေမျိုးသားချင်းတို့နှင့် ဦးရီး၏ဆွေမျိုးသားချင်းတို့ရှေ့ ဤနေရာ၌ထားပါ။ အကျွန်ုပ်တို့နှစ်ယောက်ကြားတွင် သူတို့စီရင်ဆုံးဖြတ်ကြပါစေ။
ယာကုပ်၏သားတို့သည် ထိုသတင်းကိုကြားလျှင်ကြားချင်း တောမှပြန်လာကြ၏။ သူတို့သည် စိတ်ထိခိုက်၍ အလွန်အမျက်ထွက်ကြ၏။ အကြောင်းမူကား ရှေခင်သည် ယာကုပ်၏သမီးနှင့်အိပ်ခြင်းဖြင့် အစ္စရေးလူမျိုး၌ ယုတ်ညံ့သောအမှုကိုပြု၏။ ဤအမှုသည် မပြုအပ်သောအမှုဖြစ်၏။
သူတို့၏အမျက်သည် ခက်ထန်၍ သူတို့၏ဒေါသသည် ကြမ်းတမ်းသောကြောင့် ကျိန်ဆဲခြင်းခံရပါစေ။ ငါသည် သူတို့ကို ယာကုပ်အမျိုးထဲတွင် ကွဲပြားစေမည်။ အစ္စရေးလူမျိုးထဲတွင် ကွဲလွင့်စေမည်။
ထိုအခါ ဘုရားသခင်၏လူက ရှင်ဘုရင်ကို အမျက်ထွက်၍ “သင်သည် ငါးကြိမ်ခြောက်ကြိမ်ရိုက်သင့်၏။ သို့မှ ဆီးရီးယားဘုရင်ကို အပြီးသတ်တိုက်ခိုက်နှိမ်နင်းနိုင်မည်။ ယခုမှာ ဆီးရီးယားဘုရင်ကို သုံးကြိမ်သာ အောင်နိုင်လိမ့်မည်”ဟု ဆို၏။
နေမန်သည် အမျက်ထွက်လျက် “သူကိုယ်တိုင်ထွက်လာပြီး မတ်တပ်ရပ်လျက် သူ၏ဘုရားသခင်ထာဝရဘုရား၏နာမတော်ဖြင့်ဆုတောင်းပေးလိမ့်မည်၊ အနာကိုလက်နှင့်သပ်ပေးမည်၊ ငါ့အနာကြီးရောဂါကို ပျောက်ကင်းစေမည်ဟု ငါထင်ခဲ့၏။
ဆိုးယုတ်သောသူသည် လိုက်သောသူမရှိဘဲလျက် ထွက်ပြေးတတ်၏။ ဖြောင့်မတ်သောသူမူကား ခြင်္သေ့ပျိုကဲ့သို့ရဲရင့်တည်ကြည်၏။
ထိုအခါ မောရှေသည် အလွန်အမျက်ထွက်၍ ထာဝရဘုရားအား “ထိုသူတို့၏ဘောဇဉ်ပူဇော်သက္ကာကို လှည့်ကြည့်တော်မမူပါနှင့်။ အကျွန်ုပ်သည် သူတို့ထံမှ မြည်းတစ်ကောင်ကိုမျှ မယူခဲ့ဖူးပါ။ သူတို့ထဲမှတစ်စုံတစ်ယောက်ကိုမျှ အန္တရာယ်မပြုခဲ့ဖူးပါ”ဟု လျှောက်လေ၏။
လူတို့က မောရှေအား “ထာဝရဘုရားရှေ့တော်၌ ငါတို့၏ညီအစ်ကိုများသေစဉ်က ငါတို့လည်း သေခဲ့ပါစေလား။
ထိုအခါ ကိုယ်တော်သည် အမျက်တော်ဖြင့် ပတ်ပတ်လည်သို့ကြည့်ရှုတော်မူပြီး သူတို့၏စိတ်နှလုံးမာကျောမှုအတွက် အလွန်ဝမ်းနည်း၍ လက်တစ်ဖက်သေသောသူအား“သင်၏လက်ကိုဆန့်လော့”ဟု မိန့်တော်မူ၏။ သူသည်လည်း လက်ကိုဆန့်လိုက်ရာ သူ၏လက်သည် အကောင်းပကတိဖြစ်လေ၏။
ယောနသန်ကလည်း ခမည်းတော်ရှောလုမင်းကြီးအား “အဘယ်ကြောင့် သူသေရမည်နည်း။ မည်သည့်အမှုကို သူပြုမိသနည်း”ဟု မေးလျှောက်လျှင်